Monday 18 August 2014

ရေအောက် ဖိုင်ဘာကြိုးများကို ငါးမန်းရန်မှ ကာကွယ်နိုင်ရန် Google စီစဉ်နေ

အင်တာနက် ရှာဖွေရေး လုပ်ငန်းစုကြီး Google သည် ၎င်းတို့၏ ရေအောက် အင်တာနက် ဖိုင်ဘာလိုင်း များကို ငါးမန်းများ၏ ဝါးမြိုကိုက်ဖျက်မှုမှ ကာကွယ်ရန် အစီအမံများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။Google ၏ ထုတ်ကုန်ဌာန မန်နေဂျာ တစ်ဦးက Google သည် ကျည်ကာ အင်္ကျီများတွင် အသုံးပြုသည့် ကက်ဗ်လာသားကဲ့သို့ ကြားခံပစ္စည်းမျိုးကို ရေအောက် ဖိုင်ဘာကြိုးများတွင် ထည့်သွင်း တပ်ဆင်နေကြောင်း Network World သို့ ပြောကြားခဲ့သည်။

ကမ္ဘာ့အင်တာနက်ကွန်ရက် ဖြန့်ကျက်မှုတွင် ရေအောက်မှ သွယ်တန်းထားသည့် ဖိုင်ဘာကြိုးလိုင်းများသည် အဓိက အကျဆုံး ဆက်သွယ်မှု လမ်းကြောင်းများ ဖြစ်ကြသည်။ ရေအောက် ဖိုင်ဘာကြိုးများ ပြတ်တော က်နိုင် သည့် အကြောင်းရင်းများတွင် ငါးမန်းများ၏ သွားဒဏ်ကလည်း တစ်ခုအပါအဝင် ဖြစ်သည်။

ငါးမန်းများသည် အမြင်အာရုံ မကောင်းလှသဖြင့် ဖိုင်ဘာကြိုးလိုင်းများက ထုတ်လွှင့်နေသော သံလိုက် စက် ကွင်းကို အာရုံခံကာ အစာဟု မှားယွင်းယူဆပြီး ကိုက်ဖြတ်လေ့ရှိသည်။ ငါးအုပ်ကြီးတစ်အုပ် ကစဥ့် ကလျား လှုပ်ရှားကူးခတ်သွားချိန်တွင် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုမျိုးသည် ဖိုင်ဘာကြိုးလိုင်းများ၏ သံလိုက် စက် ကွင်း မှ လှိုင်းများ ရိုက်ခတ်မှုနှင့် တူညီနေတတ်ရာ ငါးမန်းများက အဆိုပါကြိုးများကို ကိုက်ခဲရန် အလွန် စိတ်ဝင်စားလေ့ ရှိကြောင်းလည်း သိရသည်။

Google ၏ ဖိုင်ဘာကြိုးများအတွက် အကာအကွယ်ပေးမည့် ကက်ဗ်လာသားကို DuPont ကုမ္ပဏီက တာဝန်ယူ ဖန်တီးပေးသည်။ ဖိုင်ဘာလိုင်းများသည် တစ်စက္ကန့်လျှင် Data ပမာဏ 1GB မျှထိ ပို့ဆော င်ပေးနိုင်ပြီး သမား ရိုးကျ ကြေးနီကြိုးလိုင်း များထက် မြန်နှုန်း အဆ(၁၀၀)ခန့် သာလွန်သည်။ အဆို ပါ ကြေးနီကြိုးလိုင်းများကိုမူ ငါးမန်းများက ကိုက်ဖြတ်လေ့ မရှိကြောင်းလည်း သတင်းများက ဖော်ပြ သွား သည်။

Ref: Dailymail
7Day DAILY

No comments:

Post a Comment