Monday 18 August 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် တရုတ်ကုမ္ပဏီများကို ဦးစားပေးတွေ့ဆုံခြင်း မရှိဟုဆို

ကျောက်ဖြူအထူးစီးပွား ရေးဇုန်စိတ်ဝင်စားမှုလျှောက်လွှာ များကို ပွင့်လင်းမြင်သာစွာ ဖိတ် ခေါ် ထားသောေ ကြာင့် တရုတ်ကုမ္ပဏီများကို ဦးစားပေးသီးသန့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိ ကြောင်း ကျောက်ဖြူအထူး စီး ပွား ရေးဇုန် အကောင်အထည်ဖော် ရေးဆပ်ကော်မတီ၊ တင်ဒါရွေးချယ်ရေးအဖွဲ့မှ တွဲဖက်အတွင်း ရေးမှူး ဦးအောင်ကျော်သန်းက ပြောသည်။
‘‘တရုတ်ကုမ္ပဏီနဲ့ သီးသန့် ဆွေးနွေးတယ်လို့ပြောနေတယ်။ ဒီသတင်းမှန်၊ မမှန်မစဉ်းစားဘဲ တချို့မီဒီ ယာတွေမှာ ဖော်ပြနေကြတယ်။ မဟုတ်ပါဘူး။ သြဂုတ် ၂၆ ရက်မှာ သတင်းထုတ်ပြန်မှာပါ။  အဲဒီအခါ ကျရင် ရှင်းသွားမှာ ပါ’’ ဟု ဦးအောင်ကျော်သန်းက ပြောသည်။

ပြည်တွင်းသတင်းစာ တစ် စောင်တွင် စီမံကော်မတီက တရုတ်ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံတွင် တွေ့ ဆုံဆွေးနွေးခဲ့သည်ဟု ဖော် ပြထားခြင်းနှင့် ပတ်သက်၍ ၎င်းကကာကွယ်ပြောခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံသို့ ကော်မတီအဖွဲ့ဝင်များ သွားရောက်ခြင်းသည် ဈေးကွက်မြှင့်တင်ရေးပွဲအတွက် သွားခြင်းဖြစ်ပြီး ဈေးကွက်မြှင့်တင်ရေးပွဲတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီများသာမက အခြားနိုင်ငံမှ ကုမ္ပဏီပေါင်း ၂၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်ဟု ၎င်းကဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန် အကောင်အထည်ဖော်ရန် အတွက် ရေနက်ဆိပ်ကမ်း တည် ဆောက်ခြင်း၊ စက်မှုဇုန်တည် ဆောက်ခြင်းနှင့် အခြားအခြေခံ အဆောက်အအုံများ တည် ဆောက်ခြင်း လုပ်ငန်းသုံးခုအ တွက် နိုင်ငံတကာသို့ အိတ်ဖွင့် တင်ဒါခေါ်ယူထားသည်။ လတ်တလောကာလတွင် ကိုးနိုင်ငံမှ ကုမ္ပဏီ များစွာ လာရောက် လျှောက်ထားကြကြောင်း သတင်းရရှိသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် အာရှဒေသအတွင်း အ ရေးပါသော ကွန်ရက်တစ်ခုဖြစ်ပြီး ပြီးဆုံး သွားပါက တရုတ်-အိန္ဒိယနှင့် အရှေ့တောင်အာရှတစ်ဝန်းလုံးကို ချိတ်ဆက်သွားမည်ဖြစ် သည်။ ကျောက်ဖြူအထူးစီးပွား ရေးဇုန်အနီးတွင် ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းထား သည့် ရေနံပိုက်လိုင်းနှင့် ဂက်စ် ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်း သည့် စီမံကိန်းရှိသည်။

စီမံကိန်းအကောင်အထည် ဖော်ရေးအတွက် ရင်းနှီးတည် ဆောက်မည့် ကုမ္ပဏီ သုံးခုကို ဒီ ဇင်ဘာလ ကုန်တွင်အပြီးသတ် ရွေးချယ်ရန် လျာထားပြီး စီမံကိန်း များကို ၂၀၁၅ ခုနှစ် မတ်လတွင် အကောင် အထည်ဖော်ရန် မျှော် မှန်းထားသည်။

7Day DAILY

No comments:

Post a Comment