Monday 18 August 2014

ပြည်ပရင်းနှီးမြှုပ်နှံမှု စက်ရုံများကို အာမခံကြေးပေးသွင်းစေရန် အလုပ်သမားဝန်ကြီးအကြံပြု

မာစတာစပေါ့ဖိနပ်စက် ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားထွက် ပြေးတိမ်းရှောင်သွားပြီးနောက် ပြည်ပမှ ရင်းနှီးမြှု ပ်နှံ  သူ များအား အာမခံကြေး ပေးသွင်းပြီးမှသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန်ရင်းနှီး မြှုပ်နှံမှုကော်မရှင်ထံသို့ အကြံပြု ထားကြောင်းအလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦး အေးမြင့်ကပြောသည်။
‘‘အကယ်၍ အလုပ်ရှင်အနေ နဲ့ ပြဿနာဖြစ်ရင်လျော်နိုင်ရင် လျော်ပေါ့။ မလျော်နိုင်ရင် ဒီအာမခံကြေးထဲ က လျှော့ပေါ့။ MIC ကို လည်းလုပ်ဖို့အကြံပေးထားတယ်’’ ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကပြော သည်။

ပြီးခဲ့သည့် ဇူလိုင်လပိုင်းက လှိုင်သာယာမြို့နယ်စက်မှုဇုန်အ တွင်းရှိ ကိုရီးယားလူမျိုးအလုပ်ရှင် တစ်ဦး လုပ်ငန်းအရှုံးပေါ်၍ စက်ရုံ ပိတ်သိမ်းခဲ့ရာ အလုပ်သမားများ အား နစ်နာမှုလျော်ကြေး ပေးခဲ့ ခြင်းမရှိဘဲ ကိုရီးယားနိုင်ငံ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ထို့ ကြောင့်ရာနှင့်ချီသည့်အလုပ်သမားများ အလုပ် လက်မဲ့ဖြစ် ခဲ့ပြီး စားဝတ်နေရေးတွင် အခက်အခဲ များဖြစ်ပေါ်ခဲ့၍ ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ခွင့်ပြုပါက MIC အနေဖြင့် အာမခံကြေးလက်ခံထားရှိရန် အကြံပြုထားကြောင်း သတင်းရရှိ သည်။

‘‘လုပ်သားနည်းတဲ့စက်ရုံမ ဟုတ်ဘဲ လုပ်သားများတဲ့စက်ရုံဆို  နိုင်လောက်မယ်မထင်ဘူး။ အာမခံကြေး လည်းပေးသွင်းရမယ်၊ လုပ်ငန်းလုပ်ဖို့အရင်းအနှီးကုန်ဦးမယ်ဆို တော့ မလွယ်လောက်ဘူး။ ရင်း နှီးမြှုပ်နှံ သူတွေနောက်ဆုတ် သွား နိုင်တယ်။ ဘဏ်နဲ့ချိတ်ပြီးသူ့ပိုင် ဆိုင်မှုကို အာမခံထားရင်တော့ ပိုအဆင်ပြေလိမ့် မယ်’’ ဟုပြည် တွင်းလုပ်ငန်းရှင်တစ်ဦးက သုံး သပ်ပြောသည်။

ရန်ကုန်မြို့တွင် စက်မှုဇုန် ၂၄ ခုရှိသည့်အနက် စက်ရုံပေါင်း ၃,၅၀၀ ကျော်ရှိကြောင်းသတင်းရရှိသည်။

ယခုနောက်ပိုင်းတွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက်လာသည်နှင့်အမျှ အလုပ် သမားပြဿနာများက လည်း ယ ခင်ထက်အငြင်းပွားမှုများပြားလာ လျက်ရှိသည်။ ပြည်ပအလုပ်ရှင်  အများစုမှာ လုပ်သားအုပ်ချုပ်မှု ပိုင်းကို လက်အောက်ရှိစက်ရုံမန် နေဂျာဖြစ်သူတို့နှင့် လွှဲပြောင်းလုပ်ကိုင်လေ့ရှိသောကြောင့်အုပ်ချုပ်မှု ပိုင်းတွင် အားနည်းလျက်ရှိ သည်။ ထို့ကြောင့် ယင်းစက်ရုံများ သည်အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု အများဆုံး ဖြစ်ပေါ် လျက်ရှိသည်။

7Day DAILY

No comments:

Post a Comment