Monday 18 August 2014

ဆိပ်ကမ်းအရောက်တန်ဖိုး မတူညီခြင်းမှာ မမျှတဟု ဒေါက်တာစိုးထွန်းပြော

ပြည်ပမှတင်သွင်းသော ကားအသစ်များ၏ ဆိပ်ကမ်းအရောက်တန်ဖိုး(CIF)ကို အရောင်းပြ ခန်းနှင့် ပြင်ပမှ တင်သွင်းသူများအတွက် သတ်မှတ် ပေးသော နှုန်းထားမတူညီခြင်းမှာ တရားမျှတမှု မရှိကြောင်း မြန်မာ နိုင် ငံ မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် တင်သွင်းရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ဝေဖန်ပြောကြားသည်။
‘‘အသစ်အရောင်းစင်တာ တွေကို ဒေါ်လာလေးသောင်းနဲ့ လက်ခံတယ်။ ပြင်ပက သွင်းရင် ခြောက်သောင်း ကိုလည်း လက်ခံ တာ တရားမျှတမှုမရှိဘူး’’ ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။

ကားအသစ် တင်သွင်း ရောင်းချသူများသည် ၂၀၁၅ ခုနှစ် ဆိပ်ကမ်းရောက်ဈေးနှုန်း သတ်မှတ်ရာတွင် ကားအမျိုးအစား အချို့ကို ထက်ဝက်ခန့်ဈေးလျှော့ပြထားသည်ကိုတွေ့ရ ကြောင်း အထက်ပါအသင်းမှ အသင်းဝင်တစ်ဦးက ပြောကြား သည်။

ဆိပ်ကမ်းရောက် ဈေးနှုန်းများကိုသတ်မှတ်ရန် ညှိနှိုင်းရာတွင် ယခင်နှစ်က ကားတစ်စီးလျှင် အမေရိကန်ဒေါ် လာ နှစ် သောင်းဖော်ပြထားပြီး ယခုနှစ် တွင်အမေရိကန်ဒေါ်လာ ၇,၇၀၀ ခန့်သာ ဖော်ပြထားမှုများ ရှိသည်။

ကားအသစ်များ ပြည်ပမှ တင်သွင်းရာတွင် ဆိပ်ကမ်းအ ရောက်ဈေးနှုန်းသတ်မှတ်ရာ၌ ကိုယ်စားလှယ် များထံ သတ်မှတ် ပေးထားသော တန်ဖိုးအတိုင်း သာ ခွင့်ပြုပေးနေသည်ဟု ကုန် သွယ်မှုညွှန်ကြားမှု ဦးစီး ဌာန ဒု တိယညွှန်ကြားရေးမှူးချုပ် ဦး မင်းမင်းကပြောကြားသည်။

လက်ရှိပြည်ပမှ ကားသစ် တင်သွင်းနေသူများသည် ထုတ် လုပ်သော ကုမ္ပဏီမှ တိုက်ရိုက် ကိုယ်စားလှယ် ရရှိထားခြင်းမျိုး မဟုတ်ဘဲ တစ်ဆင့်ခံဖြန့်ချိရေး ကိုယ်စားလှယ်များထံမှသာ ပြည် တွင်း၌ ရောင်းချခွင့် ရရှိ ထားခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါကုမ္ပဏီ များမှ ပေးပို့သော အချက်အ လက် ဈေးနှုန်းစာရင်းများကို လည်း ပြန်လည်စိစစ်ရန် လိုအပ် ကြောင်း ဒေါက်တာစိုးထွန်းကဆိုသည်။

7Day DAILY

No comments:

Post a Comment