Monday 18 August 2014

ဆေးဆိုးပန်းရိုက် စက်ရုံအတွင်း ဘွိုင်လာအိုး ပေါက်ကွဲ မြန်မာ ၁၈ ဦးအရေးပေါ်ဆေးရုံပို့


ယမန်နေ့ နံနက် ၅း၃၀  ဘန်ကောက်မြို့အနီး ထိုင်းဘန့် အိမ်နံပါတ် ၅၀ အမှတ် ၁၄  ရပ်ကွက် စမွန်ပါ ကန် မြို့နယ် ရှိ Wong Pisit printing   limited   ဆေးဆိုးပန်းရိုက်စက်ရုံ တွင် ဘွိုင်လာအိုး ( Electric Steam Boiler) ပေါက်ကွဲမှု့ဖြစ်ပွားခဲ့ရာ ထိုင်းလူမျိုး ၃ ယောက်    မြန်မာအလုပ်သမား ၁၈ ယောက် ကို အရေးပေါ် စမွန်ပါကန် ဆေးရုံသို့ ပို့ထားကြောင်း စက်ရုံတွင် ပေါက်ကွဲမှု့ မဖြစ်ပွားသော အချိန် မြန်မာ အလုပ် သမား ၆ ယောက်သာ လုပ်နေသေးကြောင်း ထိုအလုပ်သမားများ ထိခိုက်ဒဏ်ရာ ရရှိ၍ အဖြစ်မှန်ကို မသိနိုင် သေးကြောင်း အမှု့ခင်းဆိုင်ရာ တာဝန်ရှိများမှ ထိုင်းသတင်း ဌာနသို့ ပြောကြား သည် ပာု သိရှိ ရသည်။


ပေါက်ကွဲသော ဘွိုင်လာအိုး ( Electric Steam Boiler) အမြင့်သည် ပေ ၅ ကိုက်မြင့်ပြီး အလယ် တည့် တည့်မှ ၂ပေ ကျော် ၃ ပေ နီးပါး ကွဲထွက်သွားသည်  ပေါက်ကွဲမှု့မှာပြင်းထန် အားကြီး ပြီးစက် ရုံအပြင် ဘက်တွင်ရောက်ရှိနေ သည်သိရသည်။

 စက်ရုံ၏ အနောက်ဘက် ဘလောက်အုပ်ဖြင့် ကာဆီးထားသော နံရံသည်လည်း ကွဲထွက်ကာ အလုပ် သမားနေအိမ်များအပြင်အနီးကပ် အိမ် ၆လုံး အထိ ပျက်စီးခဲ့သည်ပာု သိရသည် မီးသတ်ဌာနမှ လာရောက်ငြိမ်း ရာ မိနစ် ၃၀ အတွင်း မီးငြိမ်းခဲ့သည် အခင်းဖြစ် ပေါက်ကွဲ သောစက်ရုံအား မည်သူ မျှမဝင်နိုင်ရန် ပိတ်ပင်ထားပြီး သက်ဆိုင်ရာ ဘာ့ကြောင့်ပေါက်ကွဲသည်ကို office off forensic police မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းတီဗွီလိုင်း ၃ မှ ကြော်ငြာသွားသည်။

 Golden Worker

No comments:

Post a Comment