Monday 18 August 2014

လန်ဒန်မြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်သတ္တောအတွင်းမှ တွေ့ရှိသူ များမှာ အာဖဂန်နစ္စတန်မှဖြစ်ကြောင်း ရဲများထုတ်ပြန်

Photo: လန်ဒန်မြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်သတ္တောအတွင်းမှ တွေ့ရှိသူ များမှာ အာဖဂန်နစ္စတန်မှဖြစ်ကြောင်း ရဲများထုတ်ပြန်
Monday, August 18, 2014

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ဘက် Tribury ဆိပ်ကမ်းတွင် သြဂုတ် ၁၆ ရက်က ကုန်သေတ္တာတစ်ခု အတွင်း တွေ့ရှိခဲ့ရသည့် လူမှောင်ခို သွင်းခံ ရသူများမှာ အာဖဂန်နစ္စတန်မှ ဆစ်ခ်ဘာသာဝင် များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အသက်သေဆုံးနေသူတစ်ဦးနှင့် အသက်ရှင်လျက် ၃၄ ဦးတို့ကို အဆိုပါ ကုန်သေတ္တာအတွင်းမှ တွေ့ရှိခဲ့ရာ ၁၃ ဦးမှာ ကလေးငယ် များဖြစ်ကြောင်း သိရသည်။

အသက်ရှင်နေသူများတွင် အသက် ၁၈ နှစ်မှ ၇၂ နှစ်အကြား အမျိုးသားကိုးဦးနှင့် အမျိုးသမီး ရှစ်ဦးတို့ ဖြစ်ပြီး ကလေး ၁၃ ဦးသည် အသက် တစ်နှစ်မှ ၁၂ နှစ်အရွယ်များ ဖြစ်ကြောင်း သိရသည်။ သေဆုံးသွား သူမှာ အသက်၄၀ ၀န်းကျင်ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

ကယ်တင်ထားသူများသည် ခန္ဓာကိုယ်အပူချိန်ကျခြင်းနှင့် ရေဓာတ် ခမ်းခြောက်ခြင်းတို့ ခံစားနေရ သောကြောင့် ဆေးရုံများသို့ ပို့ထားရပြီး အဆိုပါမြို့ရှိ ဆစ်ခ်ဘာသာဝင်များကလည်း လာရောက်ကူညီမှုများ ပြု လုပ်နေကြောင်း သိရသည်။

ရဲများက စကားပြန်များ၏ အကူအညီဖြင့် ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မေးမြန်းစုံစမ်းရန် ပြင်ဆင်လျက်ရှိသည်။ ၎င်းတို့အား ထည့်သွင်းသယ်ဆောင်လာသည့် ကုန်သေတ္တာ သည် ဘယ်လ်ဂျီယံနိုင်ငံ ဇီဘရူဂီမြို့ သင်္ဘောဆိပ်မှ ရောက်ရှိလာခြင်းဖြစ်ပြီး လန်ဒန်မြို့Tibury ဆိပ်ကမ်းသို့ ရောက်ရှိပြီး ၁၂ နာရီအကြာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Ref:AFP
Mizzima - News in Burmese
ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ဘက် Tribury ဆိပ်ကမ်းတွင် သြဂုတ် ၁၆ ရက်က ကုန်သေတ္တာတစ်ခု အတွင်း တွေ့ရှိခဲ့ရသည့် လူမှောင်ခိုသွင်းခံရသူများမှာ အာဖဂန်နစ္စတန်မှ ဆစ်ခ်ဘာသာဝင် များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အသက်သေဆုံးနေသူတစ်ဦးနှင့် အသက်ရှင်လျက် ၃၄ ဦးတို့ကို အဆိုပါ ကုန်သေတ္တာအတွင်းမှ တွေ့ရှိခဲ့ရာ ၁၃ ဦးမှာ ကလေးငယ် များဖြစ်ကြောင်း သိရသည်။

အသက်ရှင်နေသူများတွင် အသက် ၁၈ နှစ်မှ ၇၂ နှစ်အကြား အမျိုးသားကိုးဦးနှင့် အမျိုးသမီး ရှစ်ဦး တို့ ဖြစ်ပြီး ကလေး ၁၃ ဦးသည် အသက် တစ်နှစ်မှ ၁၂ နှစ်အရွယ်များ ဖြစ်ကြောင်း သိရသည်။ သေဆုံး သွား သူမှာ အသက်၄၀ ၀န်းကျင်ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

ကယ်တင်ထားသူများသည် ခန္ဓာကိုယ်အပူချိန်ကျခြင်းနှင့် ရေဓာတ် ခမ်းခြောက်ခြင်းတို့ ခံစားနေ ရ သောေ ကြာ င့် ဆေး ရုံ များသို့ ပို့ထားရပြီး အဆိုပါမြို့ရှိ ဆစ်ခ်ဘာသာဝင်များကလည်း လာရောက်ကူညီမှုများ ပြု လုပ်နေကြောင်း သိရသည်။

ရဲများက စကားပြန်များ၏ အကူအညီဖြင့် ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မေးမြန်းစုံစမ်း ရန် ပြင်ဆင်လျက်ရှိသည်။ ၎င်းတို့အား ထည့်သွင်းသယ်ဆောင်လာသည့် ကုန်သေတ္တာ သည် ဘယ်လ်ဂျီ ယံနိုင် ငံ ဇီဘရူဂီမြို့ သင်္ဘောဆိပ်မှ ရောက်ရှိလာခြင်းဖြစ်ပြီး လန်ဒန်မြို့Tibury ဆိပ်ကမ်းသို့ ရောက်ရှိပြီး ၁၂ နာရီအကြာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment