Monday 18 August 2014

ဘင်္ဂါလီသုံးဦးထံမှ အမေရိကန်ထုတ် ပစ္စတို သေနတ်တစ်လက် သိမ်းဆည်းရမိ

မောင်တောမြို့နယ် တောင်ပိုင်း ကိုးတန်ကောက် ကျေးရွာနှင့် သ၀င်ချောင်းတောင် ကြားတွင် လုံခြုံရေး တာဝန်ထမ်း ဆောင်နေသော ခလရ ၂၃၄ တပ်မှ ဗိုလ်မှူးဇော်ဇော် ဦးဆောင် သည့် လုံခြုံရေး တပ်ဖွဲ့သည် သြဂုတ် ၁၃ ရက် ညနေပိုင်းက ဘင်္ဂါလီသုံးဦးကို မသင်္ကာသဖြင့် ရပ်တန့်ခိုင်းရာ မရပ်တန့်ဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပြန်လည်ပစ်ခတ်ထွက် ပြေးသွားရာ အဆိုပါနေရာမှ အမေရိကန်ထုတ် ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအရာရှိ တစ်ဦးက အတည်ပြုပြောကြား သည်။
အမေရိကန်နိုင်ငံထုတ် ပစ္စ တိုသေနတ်တွင် အမှတ်အသား အဖြစ် Smitx Anw Esson Siries Fient Ma USA နံပါတ် ES 7694 MID915 အမှတ်အသားပါရှိ ကြောင်း ဆိုသည်။ ‘‘သေနတ်တစ်လက် ဖမ်းဆီး ရရှိတာတော့ မှန်ပါ တယ်။ နယ်စပ်လုံခြုံရေးဝန်ကြီး ကို မေးကြည့်တော့လည်း ဟုတ် တယ်လို့ ပြောတယ်’’ ဟု သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစု ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလှ သိန်းက ပြောကြားသည်။

လက်နက်ကိုင်ဆောင်လာသည့်ဘင်္ဂါလီသုံးဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရ သည်။ မောင်တောနယ်စပ်တောင် ပိုင်းတွင် ဘင်္ဂါလီများထံမှ လက်နက်များ မကြာခဏဖမ်းဆီးရမိနေပြီး မတ်လ ၁၅ ရက်ကလည်း အလယ်သံကျော် ကညင်တန်းအုပ်စု နှာခေါင်းတိုရဲစခန်းက လက်နက်တစ်လက်၊ ကျည်ကိုးတောင့်နှင့် ဘင်္ဂါလီတစ်ဦး ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် မတ်လ ၁၉ ရက် ကလည်း အလယ်သံကျော်ကျေး ရွာအုပ်စု လေယာဉ်ကွင်းကျေးရွာ ရှိ လာလု(ခ)ဇော်ကိရ်ရာမောက် နေအိမ်မှ SMIST or WELSON ငါးချက် ဆုံလည်သေနတ်တစ် လက်နှင့် ကျည်တစ်တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

7Day Daily

No comments:

Post a Comment