Monday 18 August 2014

ဓမ္မစေတီခေါင်းလောင်းကြီး ရှိနိုင်သည်ဟု ယူဆသတ်မှတ်ထားသော နေရာ အား သောင်တူးစက်ဖြင့် ယနေ့ စတင်တူးဖော်မည်

Photo: ဓမ္မစေတီခေါင်းလောင်းကြီး ရှိနိုင်သည်ဟု ယူဆသတ်မှတ်ထားသော နေရာ အား သောင်တူးစက်ဖြင့် ယနေ့ စတင်တူးဖော်မည်
Monday, August 18, 2014  

ဓမ္မစေတီခေါင်းလောင်းကြီး ရှိနိုင်သည်ဟု ယူဆသတ်မှတ်ထားသည့် နေရာအား သြဂုတ် ၁၈ ရက် (ယနေ့) နံနက်ပိုင်းတွင် သောင်တူးစက်ဖြင့် စတင်တူးဖော်မည်ဖြစ်ပြီး ယင်းနေရာတစ်ဝိုက်အား သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက သန်လျင်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘုရားများအား အမှူးထား၍ နတ်စင်တစ်ရာကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ကြီး ဦးဆောင်ကာ သံဃာတော် ၃၂ ပါးက စက်လှေများဖြင့်ပတ်၍ ပဋ္ဌာန်းအကျဉ်း ရွတ်ဖတ်ပြီး မေတ္တာပို့မှုများကို ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်း (ယခုပုဇွန်တောင်ချောင်း) သုံးခွဆုံရာ ရေပြင်အောက်၌ နစ်မြုပ်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်းကြီးအား ရှာဖွေခြင်းကို သြဂုတ် ၉ ရက်မှစတင်ကာ ရှာဖွေနေခြင်းဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် ခေါင်းလောင်းကြီးရှိနေနိုင်သည်ဟု ယူဆရသည့် နေရာအား သတ်မှတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါင်းလောင်းကြီး ဆယ်ယူမည့်ကိစ္စနှင့် ပတ်သက်၍ သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော်က “ဘုန်းဘုန်းတို့ ဒီနေ့ခေါင်းလောင်းကြီးရှိတယ်လို့ ယူဆထားတဲ့နေရာရဲ့ အရပ်ရှစ်မျက်နှာကိုပတ်ပြီး ပဋ္ဌာန်းအကျဉ်းရွတ်ဖတ်ပြီး မေတ္တာပို့ခဲ့တာ ဖြစ်တယ်။ အဲဒီနေရာကို မနက်ဖြန်မနက် ၉ နာရီမှာ သူတို့စပြီး တူးဖော်လိမ့်မယ်။ မနက်ဖြန်ဆိုရင်တော့ အဖြေထွက်လာလိမ့်မယ်။ ဒါပေမဲ့ မကောင်းတဲ့အတ္တ၊ လောဘစိတ်တွေနဲ့ ဖော်လို့မရနိုင်ဘူး။ ကောင်းတဲ့စိတ်နဲ့ ဖော်ရင်တော့ သူတော်ကောင်းတွေ စောင့်ရှောက်ကူညီမှုတွေကို ရရှိမှာပါ” ဟု သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် မိန့်ကြားသည်။

ဆယ်ယူရေးအဖွဲ့တွင် ပါဝင်သည့်သူ အားလုံးမှာလည်း သက်သတ်လွတ်စားကာ ရှာဖွေမှု ပြုလုပ်နေကြောင်း သိရပြီး ယင်းသတ်မှတ်နေရာကို တူးဖော်သွားမည့် အစီအစဉ်နှင့်ပတ်သက်၍ ခေါင်းလောင်းကြီးဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မင်းအောင်က “သြဂုတ် ၁၅ ရက် နံနက်ပိုင်းမှာ ရေငုပ်သမားတွေက ခေါင်းလောင်းကြီးလို့ ယူဆရတဲ့ အရာကို စတွေ့တာဖြစ်တယ်။ အဲဒီနေရာကို မနက်ဖြန်မနက်ပိုင်းမှာ စတင်တူးဖော်ပါလိမ့်မယ်” ဟု သြဂုတ် ၁၇ ရက်က ပြောကြားသည်။

အဆိုပါခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၈၅ ခုနှစ်က မွန်ရှင်ဘုရင် ဓမ္မစေတီမင်း က သွန်းလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်း အချို့တွင် ဖော်ပြ ထားပြီး ရေအောက် တွင် နစ်မြုပ်နေသည်မှာ နှစ်ပေါင်း ၄၀၃ နှစ် ရှိပြီဖြစ်ကာ ပြန်လည်ရှာဖွေ ဆယ်ယူရရှိနိုင်ခဲ့ပါက ကမ္ဘာပေါ်တွင် အကြီးဆုံးခေါင်းလောင်း ဖြစ်လာနိုင်ဖွယ်ရှိသည်။  

Eleven Media Group  

ခေါင်းလောင်းကြီးရှိသည်ဟုယူဆပြီး အနက်ရောင်အလုံးဖြင့် အမှတ် အသားပြု ထားသည့်နေရာအား သံဃာတော်များ စက်လှေဖြင့်ပတ်၍ ပဋ္ဌာန်းရွတ်ဖတ်နေစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ခေါင်းလောင်းကြီးရှိသည်ဟုယူဆပြီး အနက်ရောင်အလုံးဖြင့် အမှတ် အသားပြု ထားသည့်နေရာအား သံဃာတော်များ စက်လှေဖြင့်ပတ်၍ ပဋ္ဌာန်းရွတ်ဖတ်နေစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ဓမ္မစေတီခေါင်းလောင်းကြီး ရှိနိုင်သည်ဟု ယူဆသတ်မှတ်ထားသည့် နေရာအား သြဂုတ် ၁၈ ရက် (ယနေ့) နံနက်ပိုင်းတွင် သောင်တူးစက်ဖြင့် စတင်တူးဖော်မည်ဖြစ်ပြီး ယင်းနေရာတစ်ဝိုက်အား သြဂုတ် ၁၇ ရက် မွန်းလွဲ ပိုင်းက သန်လျင်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘုရားများအား အမှူးထား၍ နတ်စင် တစ်ရာကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ကြီး ဦးဆောင်ကာ သံဃာတော် ၃၂ ပါးက စက်လှေ များဖြင့် ပတ်၍ ပဋ္ဌာန်းအကျဉ်း ရွတ်ဖတ်ပြီး မေတ္တာပို့မှုများကို ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်း (ယခုပုဇွန်တောင်ချောင်း) သုံးခွဆုံရာ ရေပြင်အောက်၌ နစ်မြုပ်ခဲ့ သည့် ဓမ္မစေတီခေါင်းလောင်းကြီးအား ရှာဖွေခြင်းကို သြဂုတ် ၉ ရက်မှစတင်ကာ ရှာဖွေနေခြင်းဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် ခေါင်းလောင်းကြီးရှိနေနိုင်သည်ဟု ယူဆရသည့် နေရာအား သတ်မှတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါင်းလောင်းကြီး ဆယ်ယူမည့်ကိစ္စနှင့် ပတ်သက်၍ သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော်က “ဘုန်းဘုန်းတို့ ဒီနေ့ခေါင်းလောင်းကြီးရှိတယ်လို့ ယူဆထားတဲ့နေရာရဲ့ အရပ်ရှစ်မျက်နှာကို ပတ်ပြီး ပဋ္ဌာန်းအကျဉ်းရွတ်ဖတ်ပြီး မေတ္တာပို့ခဲ့တာ ဖြစ်တယ်။ အဲဒီနေရာကို မနက်ဖြန်မနက် ၉ နာရီမှာ သူတို့ စပြီး တူးဖော်လိမ့်မယ်။ မနက်ဖြန်ဆိုရင်တော့ အဖြေထွက်လာလိမ့်မယ်။ ဒါပေမဲ့ မကောင်းတဲ့ အတ္တ၊ လောဘစိတ်တွေနဲ့ ဖော်လို့မရနိုင်ဘူး။ ကောင်းတဲ့စိတ်နဲ့ ဖော်ရင်တော့ သူတော်ကော င်းတွေ စောင့်ရှော က် ကူညီမှုတွေကို ရရှိမှာပါ” ဟု သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် မိန့်ကြားသည်။

ဆယ်ယူရေးအဖွဲ့တွင် ပါဝင်သည့်သူ အားလုံးမှာလည်း သက်သတ်လွတ်စားကာ ရှာဖွေမှု ပြု လုပ်နေကြော င်း သိ ရပြီး ယင်းသတ်မှတ်နေရာကို တူးဖော်သွားမည့် အစီအစဉ်နှင့်ပတ်သက် ၍ ခေါင်းလောင်းကြီး ဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မင်းအောင်က “သြဂုတ် ၁၅ ရက် နံနက်ပိုင်းမှာ ရေငုပ်သမားတွေက ခေါင်းလောင်းကြီးလို့ ယူဆရတဲ့ အရာကို စတွေ့တာဖြစ်တယ်။ အဲဒီနေရာကို မနက်ဖြန်မနက်ပိုင်းမှာ စတင်တူးဖော်ပါလိမ့်မယ်” ဟု သြဂုတ် ၁၇ ရက်က ပြောကြားသည်။

အဆိုပါခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၈၅ ခုနှစ်က မွန်ရှင်ဘုရင် ဓမ္မစေတီမင်း က သွန်းလုပ် ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်း အချို့တွင် ဖော်ပြ ထားပြီး ရေအောက် တွင် နစ်မြုပ်နေသည် မှာ နှစ်ပေါင်း ၄၀၃ နှစ် ရှိပြီဖြစ်ကာ ပြန်လည်ရှာဖွေ ဆယ်ယူရရှိနိုင်ခဲ့ပါက ကမ္ဘာပေါ်တွင် အကြီး ဆုံးခေါင်းလောင်း ဖြစ်လာနိုင်ဖွယ်ရှိသည်။ 

Eleven Media Group 

No comments:

Post a Comment