Monday 18 August 2014

Master Sports စက်ရုံမှလုပ်သားများအတွက် အဓိကထားပြီး အလုပ်အကိုင် အခွင့်အလမ်းပြပွဲပြုလုပ်

Photo: Master Sports စက်ရုံမှလုပ်သားများအတွက် အဓိကထားပြီး အလုပ်အကိုင် အခွင့်အလမ်းပြပွဲပြုလုပ်
Monday, August 18, 2014

စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ Master Sports ဖိနပ်စက်ရုံမှ လုပ်သားတွေအတွက် အဓိကရည်ရွယ်ပြီး  လှိုင်သာမြို့နယ်ကနောင် ခန်းမမှာ သြဂုတ်လ(၁၆) ရက်နေ့ကအလုပ်အကိုင် အခွင့်လမ်းပြပွဲကို ပြုလုပ်ခဲ့ပါတယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကြီးမှူးပြီးပြုလုပ်ခဲ့တဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲမှာ ကုမ္ပဏီ(၂၇)ခုနဲ့ ပြခန်းပေါင်း (၃၄)ခန်းပါဝင်ပြီး One Stop Service နှင့်အလုပ်ခန့်ထားမှုတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါ တယ်။
 
အခုလိုပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲကို Master Sports ဖိနပ်စက်ရုံမှ လုပ်သား များလည်း လာရောက်လျှောက်ထား တာတွေတွေ့ရပါတယ်။အဆိုပါစက်ရုံမှ အလုပ်လက်မဲ့ဖြစ်သွားတဲ့ လုပ်သားတွေအတွက်တင် မဟုတ်ဘဲ အခြား အလုပ်ကို စတင်ဝင်ရောက် လျှောက်ထားလိုသူတွေအတွက်ပါ အခုလို လုပ်ဆောင်ပေးခဲ့သလို Master Sports စက်ရုံမှလုပ်သားတွေရဲ့ ရသင့်တဲ့ နစ်နာကြေးတွေကိုလည်း ရရှိရန်လုပ်ဆောင်ပေးမှု အပိုင်းတွေကိုလည်း တာဝန်ယူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
 
လက်ရှိမှာတော့ ပြုလုပ်ခဲ့တဲ့ ပထမနေ့မှာပဲ လာရောက်လျှောက်ထားသူဦးရေဟာ (၄၅၀) ခန့်ရှိခဲ့ပြီး အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကိုတော့ (၂) ရက်ကြာပြုလုပ် သွားမှာ ဖြစ်ပါတယ်။

MRTV-4
စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ Master Sports ဖိနပ်စက်ရုံမှ လုပ်သားတွေအတွက် အဓိက ရည်ရွယ်ပြီး  လှိုင်သာမြို့နယ်ကနောင် ခန်းမမှာ သြဂုတ်လ(၁၆) ရက်နေ့ကအလုပ်အကိုင် အခွင့် လမ်းပြပွဲကို ပြုလုပ်ခဲ့ပါတယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကြီးမှူးပြီးပြုလုပ် ခဲ့တဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲမှာ ကုမ္ပဏီ(၂၇)ခုနဲ့ ပြခန်းပေါင်း (၃၄)ခန်းပါဝင်ပြီး One Stop Service နှင့်အလုပ်ခန့်ထားမှုတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါ တယ်။
အခုလိုပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲကို Master Sports ဖိနပ်စက်ရုံမှ လုပ်သား များလည်း လာရောက်လျှော က် ထား တာတွေတွေ့ရပါတယ်။အဆိုပါစက်ရုံမှ အလုပ်လက်မဲ့ဖြစ်သွားတဲ့ လုပ်သားတွေအတွက်တင် မဟုတ်ဘဲ အခြား အလုပ်ကို စတင်ဝင်ရောက် လျှောက်ထားလိုသူတွေအတွက်ပါ အခုလို လုပ်ဆောင်ပေး ခဲ့သလို Master Sports စက်ရုံမှလုပ်သားတွေရဲ့ ရသင့်တဲ့ နစ်နာကြေးတွေကိုလည်း ရရှိရန် လုပ်ဆောင်ပေးမှု အပိုင်းတွေကိုလည်း တာဝန်ယူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ပြုလုပ်ခဲ့တဲ့ ပထမနေ့မှာပဲ လာရောက်လျှောက်ထားသူဦးရေဟာ (၄၅၀) ခန့်ရှိခဲ့ပြီး အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကိုတော့ (၂) ရက်ကြာပြုလုပ် သွားမှာ ဖြစ်ပါတယ်။

MRTV-4

No comments:

Post a Comment