Monday 18 August 2014

ပြည်သူ ၆၀ ရာခိုင်နှုန်း လွှတ်တော်အမတ်နှင့် ကိုယ်စားပြုပါတီ မသိကြဟု စစ်တမ်းတစ်ခုဆို

Photo: ပြည်သူ ၆၀ ရာခိုင်နှုန်း လွှတ်တော်အမတ်နှင့် ကိုယ်စားပြုပါတီ မသိကြဟု စစ်တမ်းတစ်ခုဆို
Monday, August 18, 2014

ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာဒေသခံ မဲဆန္ဒရှင်များက အမည်နှင့်ပါတီတွဲ၍ မသိရှိသူ ၆၀ရာခိုင်နှုန်းရှိသည်ဟု စိမ်းလန်းအမိမြေအဖွဲ့က ကောက်ယူခဲ့သော နိုင်ငံတော်သမ္မတနှင့် လွှတ်တော်အမတ်များအပေါ် ပြည်သူလူထု၏ အမြင် သဘောထားစစ်တမ်းများက ဆိုသည်။

အဆိုပါစစ်တမ်းကို ရန်ကုန်မြို့ရှိ မြို့နယ်၂၄ခု၊ မန္တလေးမြို့ရှိ မြို့နယ် ငါးခုမှ ဒေသခံဦးရေ ၆,၀၀၀ ကျော်ကို ၂၀၁၂ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၃ ခုနှစ်တို့တွင် သုံးကြိမ် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

စစ်တမ်းတွင် မိမိတို့မြို့နယ်အတွက် ကိုယ်စားပြုသော ကိုယ်စားလှယ်များကို အမည်နှင့် ပါတီတွဲ၍ သိရှိသူ ၃၅ ရာခိုင်နှုန်းကျော်သာ တွေ့ရှိရသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို အမည်နှင့် တွဲ၍ သိရှိသူ ၁၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို အမည်နှင့် တွဲ၍ သိရှိသူ ၁၀ ရာခိုင်နှုန်း ယင်းစစ်တမ်းတွင် ဖော်ပြထားသော်လည်း ကျန် ၆ ရာခိုင်နှုန်းအတွက် ဖော်ပြမထားပေ။ ဖြေဆိုသူများအနက် အတန်းပညာ မြင့်မားသူများနှင့် အသက်အရွယ်ကြီးသူများက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကို သိရှိသူများသည်ကို တွေ့ရသည်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို နည်းနည်းသိသေးတယ်။ အမျိုးသားလွှတ်တော်နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဆို မသိသလောက်ဘဲ။ သိတာ ၁၅ ရာခိုင်နှုန်းပဲရှိတယ်”ဟု စိမ်းလန်းအမိမြေ အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။

ဖြေဆိုသူအများအနက် အများဆုံးသိသည့် လွှတ်တော်ကိုယ်စားလှယ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဖြစ်ပြီး ဒုတိယအသိများဆုံး ကိုယ်စားလှယ်မှာ မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူ ဖြူသင်းဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။

အချို့လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်းသို့ ရောက်ရှိနေပြီး ဒေသခံလူထုထံ မရောက်ရှိနိုင်၍လည်းကောင်း၊ အချို့မှာ နေသည့်နေရာနှင့် ရွေးကောက်ခံနေရာတို့ မတူညီမှုကြောင့်လည်းကောင်း၊ အချို့မှာ လူထုနှင့် ထိတွေ့မှုမလုပ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်ဟု မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

“လူထုမသိတာက ဘာမှမလုပ်တဲ့ ကိုယ်စားလှယ်ဆိုရင်တော့ ဘယ်သိမလဲ”ဟု ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောသည်။

လွှတ်တော်အစည်းအဝေးရပ်နားချိန်တွင် မဲဆန္ဒနယ်မြေအသီးသီးသို့ လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် ကုန်ကျစရိတ်များ၊ နေ့တွက်စရိတ်၊ ခရီးစရိတ်နှင့် အခြားအသုံးစရိတ်များအတွက် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးလျှင် ကျပ်လေးသိန်းထက်ပိုသော ကြိုတင်ငွေထုတ်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဖြေဆိုသူများက လွှတ်တော်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်ကို အများဆုံးရွေးချယ်ထားပြီး အခြေခံပညာမြှင့်တင်ရန်၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေးတရားမျှတမှုရှိရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ရာဇ၀တ်မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရေး၊ အခြေခံဥပဒေနှင့်အညီ နိုင်ငံသားများ၏ ဒီမိုကရေစီရပိုင်ခွင့် ကျင့်သုံးနိုင်ရေး အာမခံချက်တို့ ဆွေးနွေးစေလိုကြသည်။

Mizzima - News in Burmese
ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာဒေသခံ မဲဆန္ဒရှင်များက အမည်နှင့်ပါတီတွဲ၍ မသိရှိသူ ၆၀ရာခိုင်နှုန်းရှိသည်ဟု စိမ်းလန်းအမိမြေအဖွဲ့က ကောက်ယူ ခဲ့သော နိုင် ငံတော် သမ္မတနှင့် လွှတ်တော်အမတ်များအပေါ် ပြည်သူလူထု၏ အမြင် သဘောထားစစ်တမ်းများက ဆိုသည်။
အဆိုပါစစ်တမ်းကို ရန်ကုန်မြို့ရှိ မြို့နယ်၂၄ခု၊ မန္တလေးမြို့ရှိ မြို့နယ် ငါးခုမှ ဒေသခံဦးရေ ၆,၀၀၀ ကျော်ကို ၂၀၁၂ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၃ ခုနှစ်တို့တွင် သုံးကြိမ် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

စစ်တမ်းတွင် မိမိတို့မြို့နယ်အတွက် ကိုယ်စားပြုသော ကိုယ်စားလှယ်များကို အမည်နှင့် ပါတီတွဲ၍ သိရှိသူ ၃၅ ရာခိုင်နှုန်းကျော်သာ တွေ့ရှိရသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို အမည်နှင့် တွဲ၍ သိရှိသူ ၁၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို အမည်နှင့် တွဲ၍ သိရှိသူ ၁၀ ရာခိုင်နှုန်း ယင်းစစ်တမ်းတွင် ဖော်ပြထားသော်လည်း ကျန် ၆ ရာခိုင်နှုန်းအတွက် ဖော်ပြ မထားပေ။ ဖြေဆိုသူများ အနက် အတန်းပညာ မြင့်မားသူများနှင့် အသက်အရွယ်ကြီးသူများက သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် များကို သိရှိသူများသည်ကို တွေ့ရသည်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို နည်းနည်းသိသေးတယ်။ အမျိုးသားလွှတ်တော်နဲ့ တိုင်း လွှတ်တော် ကိုယ်စားလှယ်ဆို မသိသလောက်ဘဲ။ သိတာ ၁၅ ရာခိုင်နှုန်းပဲရှိတယ်”ဟု စိမ်းလန်းအမိမြေ အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။

ဖြေဆိုသူအများအနက် အများဆုံးသိသည့် လွှတ်တော်ကိုယ်စားလှယ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ဖြစ်ပြီး ဒုတိယအသိများဆုံး ကိုယ်စားလှယ်မှာ မင်္ဂလာတော င်ညွန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူ ဖြူသင်းဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။

အချို့လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်းသို့ ရောက်ရှိနေပြီး ဒေသခံလူထုထံ မရောက် ရှိနိုင် ၍လည်းကောင်း၊ အချို့မှာ နေသည့်နေရာနှင့် ရွေးကောက်ခံနေရာတို့ မတူညီမှုကြောင့်လည်းကောင်း၊ အချို့မှာ လူထုနှင့် ထိတွေ့မှုမလုပ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်ဟု မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

“လူထုမသိတာက ဘာမှမလုပ်တဲ့ ကိုယ်စားလှယ်ဆိုရင်တော့ ဘယ်သိမလဲ”ဟု ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောသည်။

လွှတ်တော်အစည်းအဝေးရပ်နားချိန်တွင် မဲဆန္ဒနယ်မြေအသီးသီးသို့ လွှတ်တော်ရေးရာကိစ္စရပ် များ ဆောင် ရွက်ရန် ကုန်ကျစရိတ်များ၊ နေ့တွက်စရိတ်၊ ခရီးစရိတ်နှင့် အခြားအသုံးစရိတ်များအတွက် ပြည်သူ့ လွှတ်တော် အမတ်တစ်ဦးလျှင် ကျပ်လေးသိန်းထက်ပိုသော ကြိုတင်ငွေထုတ်ပေးရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဖြေဆိုသူများက လွှတ်တော်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်ကို အများဆုံးရွေးချယ် ထားပြီး အခြေခံပညာမြှင့်တင်ရန်၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေးတရားမျှတမှုရှိရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ရာဇ၀တ်မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရေး၊ အခြေခံဥပဒေနှင့်အညီ နိုင်ငံသားများ၏ ဒီမိုကရေစီရပိုင်ခွင့် ကျင့်သုံးနိုင်ရေး အာမခံချက်တို့ ဆွေးနွေးစေ လိုကြသည်။

Mizzima - News in Burmese

No comments:

Post a Comment