Monday 18 August 2014

မိုးညှင်းမြို့ နန့် ရင်းချောင်းစပ်တွင် လူသေအလောင်းတွေ့ ရှိ

ကချင်ပြည်နယ် မိုးညှင်းမြို့ မ ရဲစခန်းတွင် ယခုလ ၁၅ရက် နံနက် ၈ နာရီ ၅ မိနစ်က ဒုရဲအုပ် စိုင်းမျိုးဝင်း သည် တာဝန်မှူး အဖြစ် ဆောင်ရွက်နေစဉ် သိမ်အင်းရပ်ကွက်နေ ဦးကျော်စိုးက တယ်လီဖုန်းဖြင့် ဆက်သွယ်၍ မြို့ မ ဒေသစိတ် နတ်ကြီးကုန်း (ရှမ်းပိုင်း)  ရပ်ကွက် နန့် ရင် ချောင်းစပ်တွင် လူသေ အလောင်း တစ်လောင်း တွေ့ ရှိကြောင်း ဆက်သွယ် အကြောင်းကြား ခဲ့သည်။
ထိုကြောင့် မြို့ နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးဟန်ဝင်မောင်၊ မြို့ မရဲစခန်းမှူး ဒုတိယရဲမှူးလှထွေး၊ နယ် ထိန်းခေါင်းဆောင် ဒုရဲအုပ်ခိုင်လွင်၊ သက်သေအဖြစ် မြို့ မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုး၊ ရာအိမ်မှူး ဦးကျော်ခင် တို့ နှင့် အတူ လူသေ အလောင်းတွေ့ ရှိ ရာသို့  သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

 သေဆုံးသူသည် မြောက်အရပ်သို့  ဦးခေါင်းပြုလျက် မှောက်လျက် အနေအထား အသက် (၃၀) ၀န်းကျင် ခန့်  ဖြစ်ကာ အားကစား ဘောင်းဘီတိုနှင့် ဂျာစီအင်္ကျီအနီ ၀တ်ဆင်ထား သည်ကို တွေ့ ရှိ ရသည်။

 စစ်ဆေးတွေ့ ရှိချက်အရ သေဆုံးသူ၏ ၀ဲယာ လက်မောင်း နှစ်ဖက်တို့ တွင် ဆေးထိုး အပ်ရာ များ တွေ့ ရှိ ရပြီး ရဲတပ်ဖွဲ့ ဝင်များက လိုအပ်သည်များကို စစ်ဆေး မှတ်တမ်း တင်ပြီး အလောင်းအား ရဲဆေးစာဖြင့် မိုးညှင်း ခရိုင် ဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့သည်။

 ထို့ နောက် ဒုရဲအုပ်စိုင်မျိုးဝင်းက တရားလို ပြုလုပ်၍ အမှု ဖွင့်လှစ်ခဲ့ သဖြင့် မြို့ မရဲစခန်း (မိုးညှင်း) မှ သေ မှု သေခင် အမှတ် ၉/၂၀၁၄ ဖြင့် ရေးဖွင့်ကာ သေဆုံးသူနှင့် ပတ်သတ်သည့် အကြောင်း အရာများ သိရှိရန် စုံစမ်းလျက်ရှိသည်။

ကချင်မြေနဂါး
The Union Daily

No comments:

Post a Comment