Monday 18 August 2014

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အစိုးရနှင့်လွှတ်တော်၏ အသိအမှတ်ပြုမှု နိုင်/ကျဉ်းအဖွဲ့အစည်းများ လိုလား

Photo: နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အစိုးရနှင့်လွှတ်တော်၏ အသိအမှတ်ပြုမှု နိုင်/ကျဉ်းအဖွဲ့အစည်းများ လိုလား
Monday, August 18, 2014 

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အစိုးရနှင့်လွှတ်တော်မှ အသိအမှတ် ပြုစေလိုသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ ပူးပေါင်းဆောင်ရွက်သော နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၁၇ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ပြီး ဩဂုတ် ၁၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးဘိုကြည်က “ဒီအလုပ်ရုံဆွေးနွေးပွဲက ရလာတဲ့ ထွက်ရှိချက်တွေကို အစိုးရဘက်ကို ပို့မှာပါ။ ဖြစ်နိုင်လို့ရှိရင် ကျယ်ကျယ်ပြန်ပြန့် အစိုးရအပါအဝင် ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အစိုးရက အသိအမှတ်ပြုတယ်ဆိုတဲ့၊ လွှတ်တော်က အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးကို ကျွန်တော်တို့ ပိုပြီးလိုလားတယ်” ဟု ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အဖြစ် အတိုက်အခံအများစု လက်ခံနိုင်လောက်သည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် မူကြမ်းတစ်ခု ထွက်လာမည်ဟု မျှော်လင့်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ထွက်ပေါ်လာပါက လွှတ်တော်နှင့်အစိုးရတို့မှ တရားဝင်ပြဌာန်း ပေးစေလိုကြောင်း ဦးဘိုကြည်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီမှ ဦးတိုးကျော်လှိုင်က “အားလုံးကို ခြုံငုံမိတဲ့နောက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး ဖြစ်ဖို့ရာက ကျွန်တော်တို့ တော်တော်လေး စဉ်းစားပြီးတော့ ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုရင် အဓိပ္ပာယ်ဖွင့်ဆိုချက်က ဒါကြီးက ကျသွားပြီးပြီဆိုရင် အဲဒီအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ကျန်တဲ့သူတွေ အကျုံးမဝင်တဲ့သူတွေ ပေါ်လာခဲ့ရင် ဖြေရှင်းရတာ ခက်လာမယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ အသီးသီးမှ ပုဂ္ဂိုလ်များ၊ NGO အဖွဲ့အစည်းများ၊ အသိပညာရှင်များ၊ ဥပဒေပညာရှင်များ၊ ကျောင်းသားအဖွဲ့အစည်းများ၊ တိုင်း/နယ်ဒေသပေါင်းစုံမှ တက်ရောက်လာကြသော နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ကိုယ်စားလှယ်များ စုစုပေါင်းဦးရေ တစ်ရာကျော် တက်ရောက်ခဲ့ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်သည့် ထည့်သွင်းစဉ်းစားသင့်သော အချက်များကို ဆွေးနွေးခဲ့ကြသည်။

Eleven Media Group
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို သြဂုတ် ၁၇ ရက်က ကျင်းပစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
 နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အစိုးရနှင့်လွှတ်တော်မှ အသိအမှတ် ပြုစေလို သည် ဟု နိုင် ငံရေး အကျဉ်းသားဟောင်း အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပြောကြားသည်။
 နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တို့ ပူးပေါင်းဆောင်ရွက်သော နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အလုပ် ရုံဆွေးနွေး ပွဲကို ဩဂုတ် ၁၇ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယ ဘုန်းတော်ကြီးကျောင်း ၌ ပြုလုပ်ခဲ့ပြီး ဩဂုတ် ၁၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးဘိုကြည်က “ဒီအလုပ်ရုံဆွေးနွေးပွဲက ရလာတဲ့ ထွက်ရှိချက်တွေကို အစိုးရဘက်ကို ပို့မှာပါ။ ဖြစ်နိုင်လို့ရှိရင် ကျယ်ကျယ်ပြန်ပြန့် အစိုးရအပါအဝင် ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အစိုးရက အသိအမှတ်ပြုတယ် ဆိုတဲ့၊ လွှတ်တော်က အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးကို ကျွန်တော်တို့ ပိုပြီး လိုလား တယ်” ဟု ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အဖြစ် အတိုက်အခံအများစု လက်ခံနိုင်လောက်သည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် မူကြမ်းတစ်ခု ထွက်လာမည်ဟု မျှော်လင့်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက် ထွက်ပေါ်လာပါက လွှတ်တော်နှင့်အစိုးရတို့မှ တရားဝင်ပြဌာန်း ပေးစေလိုကြောင်း ဦးဘိုကြည် က ဆိုသည်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် များ ဖော်ဆောင်ရေးကော် မတီမှ ဦးတိုးကျော်လှိုင်က “အားလုံးကို ခြုံငုံမိတဲ့နောက်ပြီးတော့ ကျယ် ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး ဖြစ်ဖို့ရာက ကျွန်တော်တို့ တော်တော်လေး စဉ်း စားပြီးတော့ ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုရင် အဓိပ္ပာယ်ဖွင့်ဆိုချက်က ဒါကြီးက ကျသွားပြီးပြီဆိုရင် အဲဒီအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ကျန်တဲ့သူတွေ အကျုံးမဝင်တဲ့သူတွေ ပေါ်လာခဲ့ ရင် ဖြေရှင်း ရတာ ခက်လာမယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ အသီးသီးမှ ပုဂ္ဂိုလ်များ၊ NGO အဖွဲ့အစည်းများ၊ အသိပညာ ရှင်များ၊ ဥပဒေပညာရှင်များ၊ ကျောင်းသားအဖွဲ့အစည်းများ၊ တိုင်း/နယ်ဒေသပေါင်းစုံမှ တက်ရောက် လာကြသော နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ကိုယ်စားလှယ်များ စုစုပေါင်း ဦးရေ တစ် ရာကျော် တက်ရောက်ခဲ့ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်သည့် ထည့်သွင်းစဉ်းစား သင့်သော အချက် များ ကို ဆွေးနွေးခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment