Monday 18 August 2014

UOB ဘဏ်က ထူးချွန်တက္ကသိုလ် ကျောင်းသားများအား ပညာသင်ဆုပေးမည်

လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံမှ ထူးချွန်သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ၄၅ ဦးအား United Overseas Bank (UOB) က ရန်ကုန်တက္ကသိုလ်၊ရန်ကုန် စီးပွားရေးတက္ကသိုလ်တို့နှင့်ပူးပေါင်း၍  အမေရိ ကန်ဒေါ်လာ တစ်သိန်းခုနစ်သောင်းရှစ်ထောင် (မြန်မာငွေကျပ် ၁၈၉ သန်း) တန် ဖိုးရှိသည့် ပညာ သင်ဆု ချီးမြှင့်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
UOB ၏ တက္ကသိုလ် ပညာ သင်ဆုအစီအစဉ်မှ တက္ကသိုလ် ဆက်လက်တက်ရောက်ရန် ငွေ ကြေး အခက်အခဲရှိသူ ကျောင်းသူ၊ ကျောင်းသားများအား ပညာသင်နှစ် ပြီးဆုံးသည်အထိ ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး ပညာသင်နှစ်ပြီးဆုံးချိန်တွင် UOB ဘဏ်၌ အလုပ်သင်အဖြစ် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း UOB ၏ သြဂုတ် ၁၅ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

‘‘ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့အတူပူးပေါင်းစိစစ်ပြီး ငွေကြေးထောက်ပံ့မှုလိုနေတဲ့ ထူးချွန်ကျောင်းသား၊ကျောင်းသူတွေကို ဘဏ်လုပ်ငန်းတွေမှာ ခေါင်း ဆောင်ကောင်းတွေ ဖြစ်လာစေဖို့ လိုအပ် တဲ့ ထောက်ပံ့မှုများ ပေးအပ်ခြင်းအားဖြင့် နိုင်ငံရဲ့ စီးပွားရေးတိုးတက်စေရန်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်’’ ဟု ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ကျော်က ပြောသည်။

UOB ၏ တက္ကသိုလ်ပညာ သင်ဆုအစီအစဉ်အရ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းများဆက်လက်၍ တိုး တက်ပြောင်း လဲ လာသည်နှင့် အမျှထောက်ပံ့ကူညီမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြေင်း UOB နိုင်ငံ တကာ အဖွဲ့၏ ဦး ဆောင်ညွှန်ကြားရေးမှူး Mr Ian Wong က ပြောသည်။

‘‘ဒီပညာသင်ဆုအစီအစဉ် နှင့် အလုပ်သင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းကတစ်ဆင့် ပြည်တွင်းဘဏ် လုပ်ငန်း တွင်ကျယ် လာစေရန်နှင့် ငွေကြေးပိုင်းဆိုင် ရာ ကျွမ်းကျင်သူများ တိုးပွားလာ စေရန် ရည်ရွယ် ပါတယ်။ ဒီ ထောက်ပံ့မှုကနေပြီးတော့ အနာ ဂတ်မှာ မြန်မာနိုင်ငံရှိ ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဦးဆောင် သူများ ဖြစ်လာမယ့်သူတွေကို ပြည်တွင်း နိုင်ငံတကာ အတွေ့အ ကြုံများ ရရှိစေရန် ကမ်းလှမ်း သွား  မှာ ဖြစ်ပါတယ်’’ ဟု Mr Ian Wong ကပြောသည်။

United Overseas Bank(UOB) သည် အာရှ-ပစိဖိတ်၊ အနောက်ဥရောပနှင့် မြောက်အမေရိကရှိ နယ်မြေများနှင့် နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ရုံး ခွဲပေါင်း ၅၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိသည်။

7Day DAILY

No comments:

Post a Comment