Monday 18 August 2014

ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများ၏ ကရုဏာကြေးတွင် သီးနှံတန်ဖိုးမပါ၍ ဒေသခံများတောင်းဆို

ကံပေါက်ဒေသအတွင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းရာလမ်းကြောင်းတစ် လျှောက်ရှိ ဥယျာဉ်ခြံမြေပိုင်ရှင် များအား ကရုဏာကြေးပေးအပ် ရာတွင် သီးနှံတန်ဖိုးမပါဝင်သော ကြောင့် ဒေသခံအချို့ လက်မခံ ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင် ရေဖြူမြို့ နယ်အတွင်း ကမ်းလွန်ပင်လယ် ပြင် သဘာဝဓာတ်ငွေ့တူးဖော် ရေး ဆောင် ရွက်နေကြသော Total ကုမ္ပဏီမှ ရတနာ၊ Petronas ကုမ္ပဏီမှ ရဲတံခွန်နှင့် PTTETI ကုမ္ပဏီ မှ ဇောတိက ပိုက်လိုင်းများသည် ဒေသခံကျေးရွာများကို ဖြတ်သန်းသွားသဖြင့် ဒေသခံများအား ကရုဏာကြေး အဖြစ် ပေးအပ်ခြင်းဖြစ်သည်။ ဇောတိက ပိုက်လိုင်းဖြတ်သန်းသွားသည့် ကံပေါက်ဒေသကျေးရွာခုနစ်ရွာ မှ ဒေသခံ များအား PTTEPI ရုံးခန်းတွင် ဩဂုတ် ၁၄ နှင့် ၁၅ ရက်များက တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကုမ္ပဏီမှတာ ဝန်ရှိသူများက ကရုဏာကြေး ပေးအပ်ရာ အပင်တန်ဖိုးများ မပါဝင်ဘဲ မြေတန်ဖိုးအတွက်သာ သတ်မှတ်ပေးသောကြောင့် ဒေသခံအချို့က ကရုဏာကြေး ကို လက်မခံခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌလာတုန်း က ဒီပိုက်လိုင်းကြားမှာရှိတဲ့ ဥယျာဉ်တွေ အတွက် အပင်လျော် ကြေးပါ ပေးဖို့တင်ပြထားပါ တယ်။ အဲဒီတုန်းကလည်း မြေဧကအလိုက်ယူမယ့်သူနဲ့  အပင်တန်ဖိုးအလိုက် လျော်ကြေးယူမယ့်သူ တွေကို စာရင်းယူသွားတယ်။ အ များစုကတော့ အပင်တန်ဖိုးအလိုက်ယူဖို့ စာရင်းပေးကြတယ်။ အခုလာပေးတော့ ကုမ္ပဏီက အ ပင်တန်ဖိုးမပေးဘဲ အားလုံးကို မြေတန်ဖိုးပဲပေးတယ်’’ဟု ဖောင်းတောဒေသခံတစ်ဦးက ပြောသည်။

 ပိုက်လိုင်းများအကြားရှိ ဥယျာဉ်ခြံများမှ အပင်များအ တွက် ကုမ္ပဏီကလျော်ကြေးပေး ထားပြီးဖြစ်ရာ ဒေသ ခံများဝင် ရောက်ဆောင်ရွက်ရန် အဆင် မပြေသဖြင့် အပင်တန်ဖိုးများအဖြစ် သုံးနှစ်အတွင်းပေး အပ်ရန် တောင်းဆိုထားကြောင်း ကရုဏာကြေးကို လက်မခံသော ဒေသခံ များက ပြောသည်။

ရတနာနှင့် ရဲတံခွန်ပိုက်လိုင်း နှစ်ခုအကြားတွင်  ငါးမီတာသာကွာ သော်လည်း ယခုဇောတိကပိုက် လိုင်း သည် ရဲတံခွန်ပိုက်လိုင်းမှ အနီးဆုံးနေရာတွင် မီတာ ၂၀ ကွာဝေးသဖြင့် ပိုက်လိုင်းနှစ်ခု အကြားတွင် ဥယျာဉ် များ ပိုမိုပါဝင် နေခြင်းဖြစ်သည်။ အဆိုပါပိုက် လိုင်းနှစ်ခုကို ရဲတံခွန်ပိုက်လိုင်းမှ အကွာအဝေးပြန် လည်ပြင်ဆင် ပေးရန် ဒေသခံများက ပိုက်လိုင်း မြေမြှုပ်ခြင်းမပြုမီက သက်ဆိုင် ရာသို့ တင်ပြသည်ဟု ဆိုသည်။

အဆိုပါသဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသည် ဖောင်းတော၊ အုန်းပင်ကွင်း၊ ကံပေါက်၊ မိ ကျောင်းလှော င်းကျေးရွာ အုပ်စု များနှင့် တနင်္သာရီသဘာဝထိန်း သိမ်းရေးကြိုးဝိုင်းသစ်တောဧရိ ယာကို ဖြတ် သန်းကာ ထိုင်းနိုင်ငံ သို့ သွယ်တန်းထားခြင်းဖြစ်သည်။

ဇောတိကပိုက်လိုင်းနှင့် ရဲတံခွန်ပိုက်လိုင်းအကြားရှိ ကျေးရွာခုနစ်ရွာမှ ဥယျာဉ်ခြံမြေဧက ၂၀၀ ကျော်၏ ပိုင် ရှင် ၃၉၀ ဦးအား မြေဧရိယာတစ်ဧကလျှင် ကျပ် ၅၀ နှုန်းဖြင့် ပေးအပ်ခြင်းဖြစ်ကာ ကာလတန်ဖိုး အနေဖြင့် ကျပ်တစ်ဘီ လီယံကျော် လျော်ကြေးပေးထား ကြောင်း PTTEPI ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

7Day DAILY

No comments:

Post a Comment