Monday 18 August 2014

အမရပူရ ကျောက်မျက်ဈေး ၂၀၁၅ နှစ်ဆန်းတွင် ဖွင့်လှစ်မည်

အမရပူရမြို့နယ်၊ ဆင် ရွာမြင်းမူကျေးရွာတွင် တည် ဆောက်လျက်ရှိသော အဆင့်မြင့် ကျောက်မျက်ဈေးကို   ၂၀၁၅ နှစ်ဆန်းတွင် စတင်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း   သတင်းရရှိ သည်။
၁၂ ပေပတ်လည်ဆိုင်ခန်း ပေါင်း ၁,၆၀၀ ခန့်နှင့် လူနေဆိုင် ခန်းပေါင်း ၅၀၀ ခန့်ပါဝင်သည့် အဆင့်မြင့်   ကျောက်မျက်ဈေး တည်ဆောက်ရေးစီမံကိန်းများကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့ ခြင်းဖြစ် ပြီး ဇူလိုင်လအတွင်း အပြီးတည်ဆောက်ရန် တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရည်မှန်း ခဲ့သော်လည်း မြေနေ ရာ အခက် အခဲကြောင့် ယခုနှစ်ကုန်မှသာ ပြီးစီးတော့မည်ဖြစ်ကြောင်း တိုင်း ဒေသကြီးသစ်တောနှင့် သတ္တုဝန် ကြီး ဦးသန်းစိုးမြင့်က ပြောသည်။

လူနေဆိုင်ခန်း   အချို့မှာ တည်ဆောက်ပြီးဖြစ်သော်လည်း ၁၂ ပေဆိုင်ခန်းများအားလုံးကို စုစုပေါင်းမြေ ၃၃ ဧကပေါ်တွင် တည်ဆောက်ရာ    မြေအခက် အခဲများရှိနေသည့်အတွက် မြေ အကျယ်အဝန်းပြန်လည် ညှိနှိုင်းမှုများပြုလုပ်နေရပြီး ကုမ္ပဏီ ဘက်မှ မြေနှစ်ဧကထပ်ပေါင်းပြီး ၃၅ ဧကပေါ်တွင် စတင်တည် ဆော က်တော့ မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ကျောက်မျက်ဈေးသစ်တွင် ဆိုင်ခန်းဖွင့်ရန် အဆိုပြုချက်တင် ထားသူပေါင်း နှစ်သောင်းနီးပါး အထိရှိနေသည့် အတွက် ဆိုင်ခန်း စုစုပေါင်း နှစ်ထောင်ကျော်နှင့် မလောက်ငနိုင်၍ ဆိုင်ခန်းအသစ်များ တိုးချဲ့တည်ဆောက် ရန် လည်းတိုင်းဒေသကြီး  အစိုးရအဖွဲ့က စီစဉ်နေကြောင်း ယင်းဈေးသစ် ရှိ ဆိုင်ခန်းနေရာချထားရေးကြီး ကြပ်မှုကော်မတီမှ ဦးဇော်ဇော်က ပြောသည်။

ကျောက်မျက်ဈေးသစ်အနီး ရှိ ကျောက်စိမ်းစေတီမှာ လက်ရှိ အချိန်တွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေ ပြီဖြစ်သောကြောင့် ယခု နှစ်မကုန်မီတွင်ပင် ဖွင့်လှစ်နိုင် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်း ရရှိသည်။

7Day DAILY

No comments:

Post a Comment