Monday 18 August 2014

အီရတ်နှင့် ဆီးရီးယား၌ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ထပ်မံပြုလုပ်

Photo: အီရတ်နှင့် ဆီးရီးယား၌ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ထပ်မံပြုလုပ် 
Monday, August 18, 2014

အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများက ၎င်းတို့ ထိန်းချုပ်ထားသည့် အီရတ်နှင့် ဆီးရီးယား နယ်မြေများ၌ လူရာပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံပြုလုပ်လျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အီရတ်ရွာတစ်ရွာမှ ပြန်ပေးဆွဲထားသော အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ယာဇီဒီလူမျိုးစုဝင် ၈၀ ခန့်ကို IS စစ်သွေးကြွများက သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ဆီးရီးယားနိုင်ငံ ဒါအယ်ဇာပြည်နယ်တွင် IS တပ်ဖွဲ့ဝင်များကို ဆန့်ကျင်သည့် ဒေသခံမျိုးနွယ်စုဝင် ၇၀၀ ကျော်ကို IS စစ်သွေးကြွများက ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်အတွင်း သတ်ဖြတ်ခဲ့သည်။

အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် ငြင်းဆိုသည့် အမျိုးသားများကို သတ်ဖြတ်ခဲ့ကြောင်း ယာဇီဒီလူမျိုးစုများမှာ ဒုက္ခသည်များအဖြစ် ပုန်းရှောင်နေရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော အကြမ်းဖက်မှုများကြောင့် အီရတ်တစ်နိုင်ငံတည်းတွင်ပင် ဒေသခံပေါင်း ၁ ဒသမ ၂ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

IS တပ်ဖွဲ့မှာ ဆီးရီးယားနိုင်ငံတွင် ဦးစွာပေါ်ထွက်လာပြီး သမ္မတ အာဆတ်ကို ခုခံတိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်ကာ လက်ရှိကာလတွင် အီရတ်မြောက်ပိုင်း ဒေသအများစုကိုပါက သိမ်းပိုက်ထားပြီး မိုဆိုးမြို့ကို IS မြို့တော်အဖြစ် သတ်မှတ်ထားသည်။

၎င်းတို့သည် အစွန်းရောက် ဆွန်နီအစ္စလာမ္မစ် ဝါဒကို လက်ခံသူများဖြစ်ပြီး မွတ်ဆလင် မဟုတ်သူများ၊ ရှီးယား မွတ်ဆလင်များကို မိစ္ဆာအယူ ရှိသူများဟု သတ်မှတ်ထားကာ လိုက်လံ သတ်ဖြတ်လျက် ရှိသည်။

IS စစ်သွေးကြွများကို ခုခံတိုက်ခိုက်နိုင်ရန် အီရတ်မြောက်ပိုင်းရှိ ကာ့ခ်များကို အမေရိကန်က လေကြောင်း အထောက်အပံ့ ပေးအပ်လျက် ရှိသလို ဗြိတိန်နိုင်ငံကလည်း ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိသည်။

The Voice Weekly
အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများက ၎င်းတို့ ထိန်းချုပ်ထားသည့် အီရတ်နှင့် ဆီးရီးယား နယ်မြေများ၌ လူရာပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံပြုလုပ်လျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အီရတ်ရွာတစ်ရွာမှ ပြန်ပေးဆွဲထားသော အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ယာဇီဒီလူမျိုးစုဝင် ၈၀ ခန့်ကို IS စစ်သွေးကြွများက သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ဆီးရီးယားနိုင်ငံ ဒါအယ်ဇာပြည်နယ်တွင် IS တပ်ဖွဲ့ဝင်များကို ဆန့်ကျင်သည့် ဒေသခံမျိုးနွယ်စုဝင် ၇၀၀ ကျော်ကို IS စစ်သွေးကြွများက ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်အတွင်း သတ်ဖြတ်ခဲ့သည်။

အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် ငြင်းဆိုသည့် အမျိုးသားများကို သတ်ဖြတ်ခဲ့ကြောင်း ယာဇီဒီလူမျိုးစုများ မှာ ဒုက္ခသည်များအဖြစ် ပုန်းရှောင်နေရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော အကြမ်းဖက်မှုများကြောင့် အီရတ်တစ်နိုင်ငံတည်းတွင်ပင် ဒေသခံပေါင်း ၁ ဒသမ ၂ သန်းကျော် မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

IS တပ်ဖွဲ့မှာ ဆီးရီးယားနိုင်ငံတွင် ဦးစွာပေါ်ထွက်လာပြီး သမ္မတ အာဆတ်ကို ခုခံတိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်ကာ လက်ရှိကာလတွင် အီရတ်မြောက်ပိုင်း ဒေသအများစုကိုပါက သိမ်းပိုက်ထားပြီး မိုဆိုးမြို့ကို IS မြို့တော်အဖြစ် သတ်မှတ်ထားသည်။

၎င်းတို့သည် အစွန်းရောက် ဆွန်နီအစ္စလာမ္မစ် ဝါဒကို လက်ခံသူများဖြစ်ပြီး မွတ်ဆလင် မဟုတ်သူများ၊ ရှီးယား မွတ်ဆလင်များကို မိစ္ဆာအယူ ရှိသူများဟု သတ်မှတ်ထားကာ လိုက်လံ သတ်ဖြတ်လျက် ရှိသည်။

IS စစ်သွေးကြွများကို ခုခံတိုက်ခိုက်နိုင်ရန် အီရတ်မြောက်ပိုင်းရှိ ကာ့ခ်များကို အမေရိကန်က လေကြောင်း အထောက်အပံ့ ပေးအပ်လျက် ရှိသလို ဗြိတိန်နိုင်ငံကလည်း ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment