Monday 18 August 2014

တာမွေတွင် ၁၉၉၉ ခုနှစ်က ဆောက်လုပ်သော ခြောက်ထပ်တိုက် အမိုးပြိုကျ

Photo: တာမွေတွင် ၁၉၉၉ ခုနှစ်က ဆောက်လုပ်သော ခြောက်ထပ်တိုက် အမိုးပြိုကျ 
Monday, August 18, 2014

တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက် သမာဓိလမ်းတွင် ၁၉၉၉ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့သော ခြောက်ထပ်တိုက် ညာဘက် အပေါ်ဆုံးထပ်ရှိ လသာဆောင်အမိုးမှာ သြဂုတ်လ ၁၇ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ပြိုကျခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နှစ်ခန်းတွဲ ခြောက်ထပ်တိုက်၏ ညာဘက် အပေါ်ဆုံးထပ်ရှိ အရှည် ၁၅ ပေ၊ အကျယ် လေးပေခန့် ထုထည် ၃ လက်မခန့်ရှိသော ကွန်ကရစ်တိုက် နဖူးစီး လသာဆောင် အမိုးမှာ ရုတ်တရက် ပြိုကျခဲ့ကြောင်း၊ ယင်းပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်စုံတစ်ရာ မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

“အမိုးပေါ်က အမှုန်တွေ ကျလာပြီးတော့ ဝုန်းဆိုပြီး အသံကြားတော့ ငလျင်လှုပ်တာ မှတ်ပြီး တိုက်အောက်ကို ပြေးဆင်းလာတာ၊ အောက်ရောက်မှ ကိုယ့်အိမ်က အမိုးပြိုကျတာမှန်း သိတယ်” ဟု အဆိုပါ အမိုးပြိုကျသည့် တိုက်ခန်းတွင် နေထိုင်သူ ဒေါ်ခင်ခင်မြတ်က ရှင်းပြသည်။

အဆိုပါ ကန်ထရိုက်တိုက်ပေါ်တွင် လူဦးရေ ၆၆ ဦး နေထိုင်ပြီး ယင်းသို့ အမိုးပြိုကျပြီးနောက် အိမ်ထောင်စုလေးစု၊ လူဦးရေ ၃၂ ဦးမှာ ယင်းရပ်ကွက်ရှိ ပုညကာရီ ဓမ္မာရုံတွင် ခေတ္တနေထိုင်လျက် ရှိကြောင်း၊ ကျန်ရှိသူများမှာ ဆွေမျိုးနေအိမ်များထံ ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း မေတ္တာညွန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ရှင်းပြသည်။

အဆိုပါ ကန်ထရိုက်တိုက်မှာ သက်တမ်းအားဖြင့် ၁၅ နှစ်ခန့်သာ ရှိပြီး ဆောက်လုပ်သော ကန်ထရိုက်ကို မသိရှိသေးကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) က လာရောက်စစ်ဆေးပြီး အဆိုပါတိုက်၏ ကြံ့ခိုင်မှု အခြေအနေပေါ် မူတည်ကာ နေထိုင်ရန် သင့်မသင့်ကို တာဝန်ရှိသူများက ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့တော် ကြည့်မြင်တိုင်မြို့နယ် ညဈေးအနီးရှိ မကျည်းတန်းတောင် အနောက်ရပ်ကွက် ရွှေလှိုင်လမ်းရှိ နှစ်ထပ်တိုက်အဟောင်း၏ ဝရန်တာ ပြိုကျခဲ့ရာ တိုက်အောက်တွင် ဈေးရောင်းနေသော အမျိုးသားတစ်ဦး သေဆုံးပြီး လူလေးဦး ဒဏ်ရာရရှိခဲ့သည်။

The Voice Weekly
တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက် သမာဓိလမ်းတွင် ၁၉၉၉ ခုနှစ်ခန့်က ဆောက်လုပ် ခဲ့သော ခြောက် ထပ်တိုက် ညာဘက် အပေါ်ဆုံးထပ်ရှိ လသာဆောင်အမိုးမှာ သြဂုတ်လ ၁၇ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ပြိုကျခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ နှစ်ခန်းတွဲ ခြောက်ထပ်တိုက်၏ ညာဘက် အပေါ်ဆုံးထပ်ရှိ အရှည် ၁၅ ပေ၊ အကျယ် လေးပေခန့် ထုထည် ၃ လက်မခန့်ရှိသော ကွန်ကရစ်တိုက် နဖူးစီး လသာဆောင် အမိုးမှာ ရုတ်တရက် ပြိုကျခဲ့ကြောင်း၊ ယင်းပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်စုံတစ်ရာ မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာန ထံမှ သိရှိရသည်။

“အမိုးပေါ်က အမှုန်တွေ ကျလာပြီးတော့ ဝုန်းဆိုပြီး အသံကြားတော့ ငလျင်လှုပ်တာ မှတ်ပြီး တိုက်အောက် ကို ပြေးဆင်းလာတာ၊ အောက်ရောက်မှ ကိုယ့်အိမ်က အမိုးပြိုကျတာမှန်း သိတယ်” ဟု အဆိုပါ အမိုးပြိုကျ သည့် တိုက်ခန်းတွင် နေထိုင်သူ ဒေါ်ခင်ခင်မြတ်က ရှင်းပြသည်။

အဆိုပါ ကန်ထရိုက်တိုက်ပေါ်တွင် လူဦးရေ ၆၆ ဦး နေထိုင်ပြီး ယင်းသို့ အမိုးပြိုကျပြီးနောက် အိမ်ထောင် စုလေးစု၊ လူဦးရေ ၃၂ ဦးမှာ ယင်းရပ်ကွက်ရှိ ပုညကာရီ ဓမ္မာရုံတွင် ခေတ္တနေထိုင်လျက် ရှိကြောင်း၊ ကျန်ရှိသူ များမှာ ဆွေမျိုးနေအိမ်များထံ ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း မေတ္တာညွန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ရှင်းပြသည်။

အဆိုပါ ကန်ထရိုက်တိုက်မှာ သက်တမ်းအားဖြင့် ၁၅ နှစ်ခန့်သာ ရှိပြီး ဆောက်လုပ်သော ကန်ထရိုက်ကို မသိရှိသေးကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) က လာရောက်စစ်ဆေးပြီး အဆိုပါတိုက်၏ ကြံ့ခိုင်မှု အခြေအနေပေါ် မူတည်ကာ နေထိုင်ရန် သင့်မသင့်ကို တာဝန်ရှိသူများက ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့တော် ကြည့်မြင်တိုင်မြို့နယ် ညဈေးအနီးရှိ မကျည်းတန်းတောင် အနောက်ရပ်ကွက် ရွှေလှိုင်လမ်းရှိ နှစ်ထပ်တိုက်အဟောင်း၏ ဝရန်တာ ပြိုကျခဲ့ရာ တိုက်အောက်တွင် ဈေးရောင်းနေသော အမျိုးသားတစ်ဦး သေဆုံးပြီး လူလေးဦး ဒဏ်ရာရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment