Monday 18 August 2014

Jennifer Lawrance နဲ့ Coldplay အဆိုတော် Chris Martin တို့ တွဲနေကြပြီလား

 Photo: Jennifer Lawrance နဲ့ Coldplay အဆိုတော် Chris Martin တို့ တွဲနေကြပြီလား
Monday, August 18, 2014

ဟောလိဝုဒ်မင်းသမီးချော Jennifer Lawrance နဲ့ Coldplay အဆိုတော် Chris Martin တို့နှစ်ယောက် ဒိတ်လုပ်နေတယ်ဆိုတဲ့ သတင်းကြားလိုက်ကတည်းက အားလုံးက အံ့အားသင့်နေကြပါတယ်။ E! News ရဲ့ ဖော်ပြချက်အရဆိုရင်တော့ Jennifer Lawrance ဟာ Nicholos Hoult နဲ့ လက်တွဲဖြုတ်လိုက်ပြီး ကတည်းက ရှေ့လလောက်ကစပြီး Chris Martin နဲ့ တွဲနေခဲ့တာပါတဲ့။ သူတို့နှစ်ယောက်ကို ဒီလို သံယောဇဉ်ကြိုး စတင်ချည်နှောင်ပေးလိုက်တဲ့ အရာကတော့ "The Hunger Games: Catching Fire" ဖြစ်ပြီး တစ်ယောက်က ဒီဇာတ်ကားအတွက် သရုပ်ဆောင်တယ်၊ ကျန်တဲ့တစ်ယောက်က ဇာတ်ဝင်တေးဆိုရင်း ငြိချင်သလိုလို ဖြစ်နေခဲ့တာပါ။

Martin ဟာ Gwyneth Paltrow နဲ့ ကွဲပြီးတဲ့နောက်ပိုင်း တစ်ယောက် တည်း ဖြစ်နေ ခဲ့ တာဖြစ်ပြီး Gwyneth Paltrow ကတော့ Glee ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ Brad Falchukနဲ့ ဒိတ်လုပ်နေခဲ့တာပါတဲ့။ သူတို့နှစ်ယောက်ကွဲပြီးတဲ့နောက်ပိုင်း သူငယ်ချင်းတွေအဖြစ်နဲ့ ဆက်လက် တည်ရှိနေပြီး ကလေးနှစ်ယောက်ကိုတော့ တစ်ယောက် တစ်လှည့်စောင့်ရှောက် ကြပါတယ်။

နောက်ထပ် ထူးဆန်းတဲ့ သတင်းကတော့ Lawrance ပြတ်ဆဲထားတဲ့ Hoult ကတော့ ခုလတ်တလော Kristen Stewart နဲ့ တွေ့ဖြစ်နေပါသတဲ့။

Ref:starpulse.com
Trend Myanmar
ဟောလိဝုဒ်မင်းသမီးချော Jennifer Lawrance နဲ့ Coldplay အဆိုတော် Chris Martin တို့နှစ်ယောက် ဒိတ်လုပ်နေတယ်ဆိုတဲ့ သတင်းကြားလိုက်ကတည်းက အားလုံးက အံ့အားသင့်နေကြပါတယ်။ E! News ရဲ့ ဖော်ပြချက်အရဆိုရင်တော့ Jennifer Lawrance ဟာ Nicholos Hoult နဲ့ လက်တွဲဖြုတ်လိုက်ပြီး ကတည်းက ရှေ့လလောက်ကစပြီး Chris Martin နဲ့ တွဲနေခဲ့တာပါတဲ့။ သူတို့နှစ်ယောက်ကို ဒီလို သံယော ဇဉ်ကြိုး စတင်ချည်နှောင်ပေးလိုက်တဲ့ အရာကတော့ "The Hunger Games: Catching Fire" ဖြစ်ပြီး တစ်ယောက်က ဒီဇာတ်ကားအတွက် သရုပ်ဆောင်တယ်၊ ကျန်တဲ့တစ်ယောက်က ဇာတ်ဝင်တေးဆိုရင်း ငြိချင်သလိုလို ဖြစ်နေခဲ့တာပါ။
Martin ဟာ Gwyneth Paltrow နဲ့ ကွဲပြီးတဲ့နောက်ပိုင်း တစ်ယောက် တည်း ဖြစ်နေခဲ့တာဖြစ်ပြီး Gwyneth Paltrow ကတော့ Glee ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ Brad Falchukနဲ့ ဒိတ်လုပ်နေခဲ့တာပါတဲ့။ သူတို့နှစ်ယောက်ကွဲပြီးတဲ့နောက်ပိုင်း သူငယ်ချင်းတွေအဖြစ်နဲ့ ဆက်လက် တည်ရှိနေပြီး ကလေးနှ စ်ယော က် ကိုတော့ တစ်ယောက် တစ်လှည့်စောင့်ရှောက် ကြပါတယ်။

နောက်ထပ် ထူးဆန်းတဲ့ သတင်းကတော့ Lawrance ပြတ်ဆဲထားတဲ့ Hoult ကတော့ ခုလတ်တလော Kristen Stewart နဲ့ တွေ့ဖြစ်နေပါသတဲ့။

Ref:starpulse.com
Trend Myanmar

No comments:

Post a Comment