Monday 18 August 2014

ထိုင်းတွင် မြန်မာလုပ်သား သုံးဦး အသတ်ခံရ

ထိုင်းနိုင်ငံတွင် မြန်မာ လုပ်သားနှစ်ဦး အသတ်ခံခဲ့ရ သည့်အပြင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦးပါ အဓမ္မပြုကျင့် အသတ်ခံခဲ့ရသောကြောင့် အဆိုပါဖြစ်စဉ်များကို မြန်မာအစိုးရက ပါဝင်ဖြေရှင်းနိုင်ရေး သံရုံး သို့ အချက်အလက်များပေးပို့ သွားမည်ဖြစ်ကြောင်း ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း(FED)မှ သတင်းရရှိသည်။
‘‘မြန်မာသံရုံးက ထိထိ ရောက်ရောက်မဆောင်ရွက်ရင် ဒီအတိုင်းပဲ ဖြစ်နေမှာပါ။ ကျွန်တော်တို့အနေနဲ့ သံရုံးက ထိထိရောက်ရောက် ဆောင်ရွက် အောင် ဖြစ်စဉ်တစ်ခုလုံးနဲ့ သေဆုံးတဲ့သူတွေရဲ့ ကိုယ်ရေး ရာဇ၀င် အချက်အလက်တွေကို ဒီနေ့စုပြီး မနက်ဖြန်မှာ ပို့သွား မှာပါ’’ဟု FED အမှုဆောင်ဒါ ရိုက်တာ ဦးထူးချစ်ကပြောသည်။

အသတ်ခံခဲ့ရသူ မြန်မာ အလုပ်သမားနှစ်ဦးမှာ တန င်္သာရီတိုင်းဒေသကြီး၊ သရက် ချောင်းမြို့နယ်၊ စော ဖျားကျေး ရွာမှ ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ် ခုသို့ သွားရောက် လုပ်ကိုင်နေသူ ညီအစ်ကို နှစ်ဦးဖြစ်သည်။ သြဂုတ်လ ၁၃ ရက်က လုပ် ငန်းခွင်ထဲမှ အပြင်သို့ ထွက်၍ ဈေးဝယ် စဉ် ပြန်ရောက် မလာဘဲ သြဂုတ် ၁၅ ရက်တွင်မှ ဓားဒဏ် ရာများဖြင့် သေဆုံးနေသော ၎င်း တို့၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံ အရေးပေါ်အလောင်းကောက်အ ဖွဲ့က ကောက်ယူရရှိခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။ ထို့ အပြင် အဓမ္မပြုကျင့်ခံရပြီး အ သတ်ခံခဲ့ရသည့် အမျိုးသမီးမှာ လည်း ရနောင်းခရိုင်၊ ကရဘူရိ မြို့နယ်ရှိ စိုက်ပျိုးရေးခြံတစ်ခုထဲ တွင် သြဂုတ် ၁၅ ရက်က အသတ် ခံခဲ့ရခြင်းဖြစ်သည်။

‘‘မြန်မာအစိုးရတာဝန်ရှိသူ တွေအနေနဲ့ ထိုင်းအစိုးရတာဝန် ရှိသူတွေကို တရားဝင်ဆက်သွယ် သင့်ပါတယ်။ အဲဒီလိုမလုပ်ရင် ထိုင်းအာဏာပိုင်အနေနဲ့ ထိထိ ရောက်ရောက်အရေးယူဆောင် ရွက်မှာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံ မှာ အလားတူ၊ လူသတ်မှု၊ လု ယက်မှု၊ မုဒိမ်းမှု၊ ရိုက်နှက်မှုနဲ့ အလုပ်သမားအခွင့်အရေး ချိုး ဖောက်မှုတွေ၊ မကြာခဏဖြစ် တယ်။ မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားတွေကို အကာ အကွယ်ပေးမှုတွေ အရေးပေါ် လုပ်ဆောင်သင့်ပါတယ်’’ဟု ဦး ထူးချစ်ကပြောသည်။

သေဆုံးသူ ညီအစ်ကိုနှစ် ဦး၏ ရုပ်အလောင်းကို ထိုင်းမွန်ယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး မိသားစုများက ထိုင်းမွန်ယ်မြို့ နယ်ရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။

ညီအစ်ကို နှစ်ဦးကို သတ်ဖြတ်သူများမှာ ထိုင်း လမ်း သရဲများဖြစ်ကြောင်း သုံးသပ်မှုများရှိနေပြီး ထိုင်းနိုင် ငံရောက် မြန်မာအလုပ်သမားဖြစ်သူ ကိုစောမောင်က ‘‘အခုလို ဖြစ် စဉ်တွေဆိုတာ ထိုင်းနိုင်ငံအနှံ မှာ ရောက် ရှိနေ ထိုင်တဲ့ မြန်မာအလုပ် သမားတွေ နေ့စဉ်ကြုံတွေ့နေရ တဲ့ အဖြစ်အပျက်တွေပါ။ မုဒိမ်း မှု၊လူသတ်မှုစတဲ့ ရာဇ၀တ်မှုတွေ ကို (မြန်မာသံရုံး) အစိုးရရဲ့ လုပ် ကိုင်ခွင့်ပါဝါအပြည့်နဲ့ လုပ်ရပါ မယ်။ ကျွန်တော်တို့လို အဖွဲ့ အစည်းတွေ မလုပ်နိုင်တဲ့ အလုပ် ဖြစ်ပြီး မြန်မာသံရုံးကလည်း ဒီလိုကိစ္စမျိုးကို လုပ်ပေးရကောင်းမှန်းမသိတာကြောင့်ရော်ဘာခြံထဲ မှာ အဓမ္မပြုကျင့်ပြီး သတ်ဖြတ် တယ်။ ရွှေ၊ ငွေတွေယူ သွားတာ တွေ ထိုင်းနိုင်ငံတောင်ပိုင်း ရော်ဘာခြံထဲမှာ မရိုးနိုင်တဲ့ ဇာတ်လမ်း တွေပါ။ ဒီလိုအမှုမပေါ်ပေါက် တာ ကြောင့် ထိုင်းလမ်းသရဲတွေဟာ ဆက်လက် အတင့်ရဲနေတာပါ။ မြန်မာအစိုးရ အသိစိတ်ထဲမှာ အချုပ်အခြာအာဏာဆိုတဲ့ ခေါင်းစဉ်အောက်မှာ တို့နိုင်ငံသားတစ် ယောက်ယောက်ကို လာထိရင် လည်း ငါတို့ ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်မရှိသရွေ့တော့ အစ်ကို တို့ ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရုံက တစ်ပါး တတ်နိုင်ကြမှာ မဟုတ်ဘူး’’ဟု ဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကဲ့သို့ပင် မလေးရှားနိုင်ငံတွင်လည်း မြန်မာနိုင်ငံ သားများ အသတ်ခံရမှုမကြာခဏ ဖြစ်ပွားခဲ့သောကြောင့် မြန်မာ လုပ်သားများအား အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ပေး ရန်နှင့် ကျူးလွန်သည့် တရားခံ များကို အမြန်ဆုံးဖော်ထုတ်ပေး ရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ပြီးခဲ့သည့် ဇူလိုင်အတွင်းတွင် မလေးရှားအစိုးရထံ တောင်းဆိုခဲ့ဖူးသည်။

7Day DAILY

No comments:

Post a Comment