Friday 18 July 2014

ဂါဇာကို အစ္စရေးက မြေပြင်ထိုးစစ် စတင်

ကြာသပတေးနေ့ နှောင်းပိုင်းက အစ္စရေးတပ်ဖွဲ့ဝင်များသည် အမြှောက်များ တရစပ် ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်မှုများ နောက်ခံပြု၍ ဂါဇာအတွင်းသို့ ကြီးမားသော မြေပြင်ထိုးစစ်ကြီးကို စတင် လိုက်ရာ ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမတ်စ်တို့နှင့် ၁၀ရက်ကြာနေပြီဖြစ်သော ပဋိပက္ခမှာ သိသိ သာသာ အရှိန်မြင့်လာသည့် သဘောဖြစ်သည်။

ထိုးစစ်၏ ပန်းတိုင်မှာ အကန့်အသတ်ရှိပြီး အစ္စရေးဘက်သို့စိမ့်ဝင်ထိုးဖောက်ရာတွင် စစ်သွေးကြွများ အသုံးပြုနေသော လှိုဏ်ခေါင်းများကို ဖျက်ဆီးရန်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်များက ပြောကြားခဲ့ကြသည်။

ထိုးစစ်ဆင်တပ်ဖွဲ့များတွင် သံချပ်ကာ ဘူဒိုဇာများနှင့်အတူ အင်ဂျင်နီယာတပ်ဖွဲ့များလည်းပါဝင်သည်။

Ref: The Washington Post

No comments:

Post a Comment