Friday 18 July 2014

အိန္ဒိယက ၆နှစ်အရွယ် မိန်းကလေး လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရလို့ဆို

Photo: အိန္ဒိယက ၆နှစ်အရွယ် မိန်းကလေး လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရလို့ဆို
Friday, July 18, 2014 

 အိန္ဒိယနိုင်ငံမှာ အသက် ၆ နှစ်အရွယ် ကလေးမလေးတစ်ဦးကို ကျောင်းအမှုထမ်းတွေက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘင်္ဂလောမြို့က နာမည်ကြီး ကျောင်းတစ်ကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၆ နှစ်အရွယ် ကျောင်းသူမလေးကို ကာယလေ့ကျင့်ခန်း ဆရာနဲ့ ကျောင်း လုံခြုံရေးတွေ ပါဝင်တဲ့ လူတွေက မဖွယ် မရာ ပြုခဲ့ တယ်လို့ ပြောဆိုနေကြတာပါ။

အဲဒီ ၆ နှစ်အရွယ် ကျောင်းသူလေးဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက မုဒိမ်းကျင့်ခံရတာဖြစ်ပေမယ့် နေထိုင်ရတာ မကောင်းကြောင်း မိခင်ဖြစ်သူကို ဒီရက်ပိုင်းမှ ပြောပြတဲ့အခါမှသာ မိခင်က သံသယဖြစ်ပြီး ဆရာဝန်ဆီ ခေါ်ပြရာက သိရတာ ဖြစ်ပါတယ်။

ကျောင်းအမှုထမ်းတွေက ကလေးကို မဖွယ်မရာ ပြုတယ်ဆိုတဲ့ သတင်းတွေ ကြားတာနဲ့ တခြား မိဘတွေကလည်း ကျောင်းရှေ့မှာ ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသူမ တစ်ဦးကို အမျိုးသားတစ်စုက ဝိုင်းပြီး မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ သတင်းက ကမ္ဘာကို ပြန့်နှံ့ပြီးတဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှုတွေအပေါ် အာရုံစိုက်မှုတွေ များပြားလာပြီး အမှုဖြစ်ပေါ်လာပြီဆိုရင်လည်း တိုင်ကြားတာတွေ၊ ရှုတ်ချ အရေးယူမှုတွေ ပိုမိုလုပ်ဆောင် လာနေကြပါတယ်။

မုဒိမ်းမှုကို တိုင်ကြားတာတွေ များပြားလာတာကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေအနေနဲ့ ဒီအမှုတွေအပေါ် အလေးထားလာတဲ့အကြောင်း ပြသရာရောက်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-18/1344833

မုဒိမ်းမှုတွေကို ဆန့်ကျင် ဆန္ဒပြကြတဲ့ အိန္ဒိယ အမျိုးသမီးတွေ (Credit: ABC)
မုဒိမ်းမှုတွေကို ဆန့်ကျင် ဆန္ဒပြကြတဲ့ အိန္ဒိယ အမျိုးသမီးတွေ (Credit: ABC)
အိန္ဒိယနိုင်ငံမှာ ​အသက် ​၆ ​နှစ်အရွယ် ​ကလေးမလေးတစ်ဦးကို ​ကျောင်းအမှုထမ်းတွေက ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

ဘင်္ဂလောမြို့က ​နာမည်ကြီး ​ကျောင်းတစ်ကျောင်းမှာ ​တက်ရောက်နေတဲ့ ​အသက် ​၆ ​နှစ်အရွယ် ​ကျောင်းသူမလေးကို ​ကာယလေ့ကျင့်ခန်း ​ဆရာနဲ့ ​ကျောင်း ​လုံခြုံရေးတွေ ​ပါဝင်တဲ့ ​လူတွေက ​မဖွယ် ​မရာ ​ပြုခဲ့ ​တယ်လို့ ​ပြောဆိုနေကြတာပါ။

အဲဒီ ​၆ ​နှစ်အရွယ် ​ကျောင်းသူလေးဟာ ​လွန်ခဲ့တဲ့ ​နှစ်ပတ်လောက်ကတည်းက ​မုဒိမ်းကျင့်ခံရတာဖြစ်ပေမယ့် ​နေထိုင်ရတာ ​မကောင်းကြောင်း ​မိခင်ဖြစ်သူကို ​ဒီရက်ပိုင်းမှ ​ပြောပြတဲ့အခါမှသာ ​မိခင်က ​သံသယဖြစ်ပြီး ​ဆရာဝန်ဆီ ​ခေါ်ပြရာက ​သိရတာ ​ဖြစ်ပါတယ်။

ကျောင်းအမှုထမ်းတွေက ​ကလေးကို ​မဖွယ်မရာ ​ပြုတယ်ဆိုတဲ့ ​သတင်းတွေ ​ကြားတာနဲ့ ​တခြား ​မိဘတွေကလည်း ​ကျောင်းရှေ့မှာ ​ဆန္ဒပြမှုတွေ ​လုပ်ခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသူမ ​တစ်ဦးကို ​အမျိုးသားတစ်စုက ​ဝိုင်းပြီး ​မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ ​သတင်းက ​ကမ္ဘာကို ​ပြန့်နှံ့ပြီးတဲ့နောက်ပိုင်း ​အိန္ဒိယနိုင်ငံမှာ ​မုဒိမ်းမှုတွေအပေါ် ​အာရုံစိုက်မှုတွေ ​များပြားလာပြီး ​အမှုဖြစ်ပေါ်လာပြီဆိုရင်လည်း ​တိုင်ကြားတာတွေ၊ ​ရှုတ်ချ ​အရေးယူမှုတွေ ​ပိုမိုလုပ်ဆောင် ​လာနေကြပါတယ်။

မုဒိမ်းမှုကို ​တိုင်ကြားတာတွေ ​များပြားလာတာကို ​ကြည့်ခြင်းအားဖြင့် ​အာဏာပိုင်တွေအနေနဲ့ ​ဒီအမှုတွေအပေါ် ​အလေးထားလာတဲ့အကြောင်း ​ပြသရာရောက်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-18/1344833

No comments:

Post a Comment