Friday 18 July 2014

စည်းကမ်းမဲ့ယာဉ်မောင်းများအား လိုင်စင်ပိတ်သိမ်းအရေးယူမှု ခုနစ်ရက်အတွင်း ယာဉ်အစီးရေ ၃ဝဝနီးပါးရှိ

Photo: စည်းကမ်းမဲ့ယာဉ်မောင်းများအား လိုင်စင်ပိတ်သိမ်းအရေးယူမှု
ခုနစ်ရက်အတွင်း ယာဉ်အစီးရေ ၃ဝဝနီးပါးရှိ
Friday, July 18, 2014 

ရန်ကုန်၊ ဇူလိုင်၁၇-ရန်ကုန်တိုင်းဒေသကြီးအတွင်းစည်းကမ်းမဲ့ယာဉ် မောင်းများအားလိုင်စင်ပိတ်သိမ်းအရေးယူမှု ခုနစ်ရက်မြောက်သည့် နေ့တွင် ယာဉ်အစီးရေပေါင်း ၃ဝဝနီးပါးအထိအရေးယူနိုင်ခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှဒုရဲမှူးကြီးလင်းထွဋ်က ဒီမိုကရေ စီတူဒေးသို့ ပြောကြားခဲ့သည်။

''စီမံချက်ချပြီးစတင်ဆောင် ရွက်တဲ့အချိန်ကစပြီးတစ်နေ့ကို အစီးရေ၄ဝကျော်လောက်စည်း ကမ်းမဲ့ယာဉ်တွေကိုဖမ်းမိပါတယ်၊ ယာဉ်မောင်းတွေအနေနဲ့က ဒီစီမံချက် ကိုလက်ခံတဲ့သူရှိသလို ငြင်းဆန်တဲ့သူ တွေလဲရှိတယ်''ဟု ၄င်းကဆိုသည်။

၁၉၆၄ခုနှစ်တွင် စတင်တည်ရှိ ခဲ့သည့် စည်းကမ်းချက် ၁၄ ချက်ပါ ရှိသည့် မော်တော်ယာဉ် ဥပဒေအား ဇူလိုင် ၁၁ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ စီမံချက်ချဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ၄င်းဥပဒေထဲတွင် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း များအားချိုးဖောက်ပါက ဖမ်းဆီးမည် ဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်များအနေဖြင့် ၆လမှ ၄နှစ်အထိချမှတ်ထားခြင်း ဖြစ်သည်။

သတ်မှတ်ထားသည့် ယာဉ်စည်း ကမ်း ၁၄ ချက်မှချိုးဖောက်သည့်မည်သည့်ယာဉ်မဆို မော်တော်ယာဉ်ဥပဒေဖြင့် လိုင်စင်ပိတ်သိမ်းသည်အထိ ထိရောက်စွာအရေးယူ ဆောင်ရွက်ခြင်း ဖြစ်ပြီး ယာဉ်စည်းကမ်းချိုးဖောက်၍ လိုင်စင်ပိတ်သိမ်းအရေးယူထားသည့် ယာဉ်အစီးရေသည် ဇူလိုင်၁၁ရက်မှ စတင်ကာ ဇူလိုင် ၁၇ ရက်အထိ ၃ဝဝ နီးပါးအထိအရေးယူနိုင်ခဲ့ပြီး၎င်းအစီးရေထဲတွင် အိမ်စီးကိုယ်ပိုင်ကားများ နှင့် အငှားယာဉ်များ အများဆုံးပါဝင် ကြောင်းဒုရဲမှူးကြီးလင်းထွဋ်ကဆိုသည်။

''စည်းကမ်းရှိစေချင်လို့ ခုလိုလုပ်တာမှန်ပေမယ့်ဒါက ကျွန်တော်တို့ အတွက် တော်တော်တင်းကျပ်လွန်းအား ကြီးတယ်။ ဒီလိုအရေးယူလိုက်လို့ရန် ကုန်မှာ မထသအပါ အခြားယာဉ်လိုင်း တွေကို အားထားစီးနင်းအသုံးပြုနေ ရတဲ့ ခရီးသွားပြည်သူ ခြောက်သိန်း လောက်ကို ဝန်ဆောင်မှုပေးနေတဲ့ခရီး သည်ပို့ဆောင်ရေးလုပ်ငန်းကြီးတစ် ခုလုံးကို သွယ်ဝိုက်သောနည်းနဲ့ထိခိုက်လာနိုင်မယ်''ဟု၃၉ ယာဉ်လိုင်း ပိုင်ရှင် ဦးတင်မောင်ထွဋ်ကဆိုသည်။

စည်းကမ်းပျက်ယာဉ်များဖမ်းဆီး အရေးယူရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် ကညနအဖွဲ့များ၊ မထသ အဖွဲ့ ၉ဖွဲ့ဖြင့် မိုဘိုင်းစနစ်ဖြင့်လှည့် လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

စည်းကမ်းပျက်ယာဉ်မောင်းများ လိုင်စင်ပိတ်သိမ်း အရေးယူ ဆောင်ရွက်ချက်များတွင်၊ ယာဉ်မောင်းလိုင် စင်အပါအဝင် ယာဉ်များပါ သိမ်းဆည်း ရခြင်းသည် မော်တော်ယာဉ် ဥပဒေတွင် ပါရှိသည့်အတိုင်း သတ်မှတ်ထား သည့် လိုင်စင်မရှိခြင်း၊ ဝှီးတက်မရှိခြင်း စသည့် အချက်များကြောင့်ဖြစ်ကြောင်း ဒုရဲမှူးကြီးလင်းထွဋ်ကဆိုသည်။

''တချို့ယာဉ်တွေကျတော့၊လိုင်စင်လဲမပါဘူး၊ ဝှီးတက်လဲမပါဘူး၊ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုလဲ ချိုးဖောက်ထားတယ်။ လူဝစ်သောက်၊ လိုင်စင်ဝစ်သောက်ပေါ့။ အဲ့ဒီအခါကျ ရင်တော့ လိုင်စင်ကိုတော့ ပိတ်သိမ်းပြီးတော့ ယာဉ်ကိုခေတ္တထိန်းသိမ်း ထားတဲ့သဘောပါ''၄င်းကဆိုသည်။

ယာဉ်စည်းကမ်းချိုးဖောက်၍ လိုင်စင်ပိတ်သိမ်းအရေးယူထား သည့် ယာဉ်အစီးရေ ၃ဝဝနီးပါးသည် လမ်းပြောင်းပြန်မောင်းခြင်း၊ ယာဉ် နှစ်ထပ်ရပ်ခြင်း၊ ကွေ့ကြောအား တဲ့ ဖြတ်ခြင်း၊ မီးနီဖြတ်မောင်းခြင်း စသည့်အချက်များအား အများဆုံးကျူး လွန်ခဲ့သောကြောင့် ဖမ်းဆီးအရေးယူ ခဲ့ကြောင်း ၄င်းကပြောသည်။

NMK
Yangon Media Group
ရန်ကုန်၊ ဇူလိုင်၁၇-ရန်ကုန်တိုင်းဒေသကြီးအတွင်းစည်းကမ်းမဲ့ယာဉ် မောင်းများအားလိုင်စင်ပိတ်သိမ်း အရေး ယူမှု ခုနစ်ရက်မြောက်သည့် နေ့တွင် ယာဉ်အစီးရေပေါင်း ၃ဝဝနီးပါးအထိအရေးယူနိုင်ခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှဒုရဲမှူးကြီးလင်းထွဋ်က ဒီမိုကရေ စီတူဒေးသို့ ပြောကြားခဲ့သည်။

''စီမံချက်ချပြီးစတင်ဆောင် ရွက်တဲ့အချိန်ကစပြီးတစ်နေ့ကို အစီးရေ၄ဝကျော်လောက်စည်း ကမ်းမဲ့ ယာဉ်တွေ ကို ဖမ်းမိပါတယ်၊ ယာဉ်မောင်းတွေအနေနဲ့က ဒီစီမံချက် ကိုလက်ခံတဲ့သူရှိသလို ငြင်းဆန်တဲ့သူ တွေလဲရှိတယ်''ဟု ၄င်းကဆိုသည်။

၁၉၆၄ခုနှစ်တွင် စတင်တည်ရှိ ခဲ့သည့် စည်းကမ်းချက် ၁၄ ချက်ပါ ရှိသည့် မော်တော်ယာဉ် ဥပဒေအား ဇူလိုင် ၁၁ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ စီမံချက်ချဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ၄င်းဥပဒေ ထဲတွင် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း များအားချိုးဖောက်ပါက ဖမ်းဆီးမည် ဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်များ အနေဖြင့် ၆လမှ ၄နှစ်အထိချမှတ်ထားခြင်း ဖြစ်သည်။

သတ်မှတ်ထားသည့် ယာဉ်စည်း ကမ်း ၁၄ ချက်မှချိုးဖောက်သည့်မည်သည့်ယာဉ်မဆို မော်တော်ယာဉ် ဥပဒေဖြင့် လိုင်စင်ပိတ်သိမ်းသည်အထိ ထိရောက်စွာအရေးယူ ဆောင်ရွက်ခြင်း ဖြစ်ပြီး ယာဉ်စည်းကမ်း ချိုးဖောက်၍ လိုင်စင်ပိတ်သိမ်းအရေးယူထားသည့် ယာဉ်အစီးရေသည် ဇူလိုင်၁၁ရက်မှ စတင်ကာ ဇူလိုင် ၁၇ ရက်အထိ ၃ဝဝ နီးပါးအထိအရေးယူနိုင်ခဲ့ပြီး၎င်းအစီးရေထဲတွင် အိမ်စီးကိုယ်ပိုင်ကားများ နှင့် အငှား ယာဉ် များ အများဆုံးပါဝင် ကြောင်းဒုရဲမှူးကြီးလင်းထွဋ်ကဆိုသည်။

''စည်းကမ်းရှိစေချင်လို့ ခုလိုလုပ်တာမှန်ပေမယ့်ဒါက ကျွန်တော်တို့ အတွက် တော်တော်တင်းကျပ်လွန်းအား ကြီးတယ်။ ဒီလိုအရေးယူလိုက်လို့ရန် ကုန်မှာ မထသအပါ အခြားယာဉ်လိုင်း တွေကို အားထားစီးနင်း အသုံးပြုနေ ရတဲ့ ခရီးသွားပြည်သူ ခြောက်သိန်း လောက်ကို ဝန်ဆောင်မှုပေးနေတဲ့ခရီး သည်ပို့ဆောင်ရေး လုပ်ငန်းကြီးတစ် ခုလုံးကို သွယ်ဝိုက်သောနည်းနဲ့ထိခိုက်လာနိုင်မယ်''ဟု၃၉ ယာဉ်လိုင်း ပိုင်ရှင် ဦးတင်မောင်ထွဋ်ကဆိုသည်။

စည်းကမ်းပျက်ယာဉ်များဖမ်းဆီး အရေးယူရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် ကညနအဖွဲ့များ၊ မထသ အဖွဲ့ ၉ဖွဲ့ဖြင့် မိုဘိုင်းစနစ်ဖြင့်လှည့် လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

စည်းကမ်းပျက်ယာဉ်မောင်းများ လိုင်စင်ပိတ်သိမ်း အရေးယူ ဆောင်ရွက်ချက်များတွင်၊ ယာဉ်မောင်းလိုင် စင်အပါအဝင် ယာဉ်များပါ သိမ်းဆည်း ရခြင်းသည် မော်တော်ယာဉ် ဥပဒေတွင် ပါရှိသည့်အတိုင်း သတ် မှတ် ထား သည့် လိုင်စင်မရှိခြင်း၊ ဝှီးတက်မရှိခြင်း စသည့် အချက်များကြောင့်ဖြစ်ကြောင်း ဒုရဲမှူးကြီး လင်းထွဋ် က ဆိုသည်။

''တချို့ယာဉ်တွေကျတော့၊လိုင်စင်လဲမပါဘူး၊ ဝှီးတက်လဲမပါဘူး၊ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုလဲ ချိုးဖောက်ထားတယ်။ လူဝစ်သောက်၊ လိုင်စင်ဝစ်သောက်ပေါ့။ အဲ့ဒီအခါကျ ရင်တော့ လိုင်စင်ကိုတော့ ပိတ်သိမ်းပြီးတော့ ယာဉ်ကိုခေတ္တထိန်းသိမ်း ထားတဲ့သဘောပါ''၄င်းကဆိုသည်။

ယာဉ်စည်းကမ်းချိုးဖောက်၍ လိုင်စင်ပိတ်သိမ်းအရေးယူထား သည့် ယာဉ်အစီးရေ ၃ဝဝနီးပါးသည် လမ်းပြောင်းပြန်မောင်းခြင်း၊ ယာဉ် နှစ်ထပ်ရပ်ခြင်း၊ ကွေ့ကြောအား တဲ့ ဖြတ်ခြင်း၊ မီးနီဖြတ်မောင်းခြင်း စသည့်အချက်များအား အများဆုံးကျူး လွန်ခဲ့သောကြောင့် ဖမ်းဆီးအရေးယူ ခဲ့ကြောင်း ၄င်းကပြောသည်။

NMK
Yangon Media Group 

No comments:

Post a Comment