Friday 18 July 2014

ကဗျာချစ်သူများအသင်း အာဇာနည်နေ့တွင် ဝန်ကြီးများရုံးဟောင်းရှေ့၌ ကဗျာရွတ်မည်

Photo: ကဗျာချစ်သူများအသင်း အာဇာနည်နေ့တွင် ဝန်ကြီးများရုံးဟောင်းရှေ့၌ ကဗျာရွတ်မည်
Friday, July 18, 2014

အာဇာနည်နေ့တွင် ကဗျာချစ်သူများအသင်း (PLA)က အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် မဟာဗန္ဓုလလမ်းရှိ ဝန်ကြီးများရုံးဟောင်းရှေ့တွင် အမှတ်တရကဗျာရွတ်၍ ဂုဏ်ပြု ကြမည်ဖြစ်ကြောင်း သိရသည်။

‘‘အာဇာနည်နေ့ရောက် တိုင်း လူတိုင်းက အာဇာနည်တွေ ကျဆုံးခဲ့တဲ့ ဝန်ကြီးများရုံးဟောင်း ကို အမေ့ခံသက်သက်ဖြစ်နေလို့ ရယ်၊ ဝန်ကြီးများရုံးဟောင်းနေရာ မှာ အာဇာနည်တွေရဲ့ စိတ်ဝိညာဉ် တွေရှိနေမယ်လို့ယူဆလို့ အဲဒီမှာ ဂါရဝပြုပြီးတော့ အမှတ်တရ ကဗျာတွေရွတ်ဆိုကြမှာပါ’’ဟု ကဗျာချစ်သူများအသင်း (PLA) တည်ထောင်သူတစ်ဦးဖြစ်သည့် ကဗျာဆရာမောင်ဆောင်းခက ပြောသည်။

ကဗျာချစ်သူများအသင်း (PLA)က အာဇာနည်ခေါင်းဆောင် များအတွက် ရေးဖွဲ့ထားသည့် ကဗျာများကို ရွတ်ဆိုခြင်း၊ ကဗျာ ပန်းဖလက်များဝေငှခြင်း၊ လွမ်း သူ့ပန်းခွေချခြင်း၊ လာရောက် ကြည့်ရှုသူ၊ လမ်းတွင် ဖြတ်သန်း သွားလာနေသူများကို နှင်းဆီပန်း ပေး၍ ၎င်းတို့ကိုယ်တိုင်ပါဝင်ဂါရဝပြုစေခြင်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့်၁၀နာရီ၃၇မိနစ်တွင် ဥဩဆွဲ၍အလေးပြုခြင်းတို့ကို ပြုလုပ်သွား မည်ဖြစ်သည်။

‘‘ဝန်ကြီးများရုံးဟောင်းက အာဇာနည်နေ့အတွက် အဓိက မေ့လို့မရတဲ့နေရာမျိုး ဖြစ်နေ တယ်။ အာဇာနည်နေ့မှာ အဲဒီလို နေရာရှေ့မှာ ကဗျာရွတ်ပြီးတော့ အာဇာနည်တွေကို ဂုဏ်ပြုပေး ချင်လို့ပါ’’ဟု ကဗျာချစ်သူများ အသင်း (PLA)မှ ရခိုင်ပြည်နယ် တာဝန်ခံဘုဏ်းခရိုးရာက ပြော ကြားသည်။

အာဇာနည်နေ့တွင် ဝန်ကြီး များရုံးဟောင်းရှေ့သို့ ကဗျာချစ် သူများအသင်း (PLA)မှ အဖွဲ့ဝင် ၃၀ နီးပါးက ကဗျာ ၁၅ ပုဒ်ခန့်ကို ရွတ်ဆိုဂုဏ်ပြုကြမည်ဖြစ်ပြီး ယမန်နှစ် အာဇာနည်နေ့တွင် လည်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်၍ ကဗျာရွတ်ဆိုဂုဏ် ပြုခဲ့ကြကြောင်း သိရသည်။

7Day Daily
 
ကဗျာချစ်သူများအသင်းဝင်များ ၂၀၁၃ခုနှစ် အာဇာနည်နေ့က ၀န်ကြီးများ ရုံးဟောင်းရှေ့ တွင် ကဗျာရွတ်နေစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
ကဗျာချစ်သူများအသင်းဝင်များ ၂၀၁၃ခုနှစ် အာဇာနည်နေ့က ၀န်ကြီးများရုံးဟောင်းရှေ့တွင် ကဗျာရွတ်နေ စဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
အာဇာနည်နေ့တွင် ကဗျာချစ်သူများအသင်း (PLA)က အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် မဟာဗန္ဓုလလမ်းရှိ ဝန်ကြီးများရုံးဟောင်းရှေ့တွင် အမှတ်တရကဗျာရွတ်၍ ဂုဏ်ပြု ကြမည်ဖြစ်ကြောင်း သိရ သည်။
‘‘အာဇာနည်နေ့ရောက် တိုင်း လူတိုင်းက အာဇာနည်တွေ ကျဆုံးခဲ့တဲ့ ဝန်ကြီးများရုံးဟောင်း ကို အမေ့ခံ သက်သက်ဖြစ်နေလို့ ရယ်၊ ဝန်ကြီးများရုံးဟောင်းနေရာ မှာ အာဇာနည်တွေရဲ့ စိတ်ဝိညာဉ် တွေရှိနေမယ် လို့ ယူဆလို့ အဲဒီမှာ ဂါရဝပြုပြီးတော့ အမှတ်တရ ကဗျာတွေရွတ်ဆိုကြမှာပါ’’ဟု ကဗျာချစ်သူများအသင်း (PLA) တည်ထောင်သူတစ်ဦးဖြစ်သည့် ကဗျာဆရာမောင်ဆောင်းခက ပြောသည်။

ကဗျာချစ်သူများအသင်း (PLA)က အာဇာနည်ခေါင်းဆောင် များအတွက် ရေးဖွဲ့ထားသည့် ကဗျာများကို ရွတ်ဆိုခြင်း၊ ကဗျာ ပန်းဖလက်များဝေငှခြင်း၊ လွမ်း သူ့ပန်းခွေချခြင်း၊ လာရောက် ကြည့်ရှုသူ၊ လမ်းတွင် ဖြတ်သန်း သွားလာနေသူများကို နှင်းဆီပန်း ပေး၍ ၎င်းတို့ကိုယ်တိုင်ပါဝင်ဂါရဝပြုစေခြင်းနှင့် အာဇာ နည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့်၁၀နာရီ၃၇မိနစ်တွင် ဥဩဆွဲ၍အလေးပြုခြင်းတို့ကို ပြုလုပ်သွား မည်ဖြစ် သည်။

‘‘ဝန်ကြီးများရုံးဟောင်းက အာဇာနည်နေ့အတွက် အဓိက မေ့လို့မရတဲ့နေရာမျိုး ဖြစ်နေ တယ်။ အာဇာ နည်နေ့ မှာ အဲဒီလို နေရာရှေ့မှာ ကဗျာရွတ်ပြီးတော့ အာဇာနည်တွေကို ဂုဏ်ပြုပေး ချင်လို့ပါ’’ဟု ကဗျာချစ်သူ များ အသင်း (PLA)မှ ရခိုင်ပြည်နယ် တာဝန်ခံဘုဏ်းခရိုးရာက ပြော ကြားသည်။

အာဇာနည်နေ့တွင် ဝန်ကြီး များရုံးဟောင်းရှေ့သို့ ကဗျာချစ် သူများအသင်း (PLA)မှ အဖွဲ့ဝင် ၃၀ နီးပါးက ကဗျာ ၁၅ ပုဒ်ခန့်ကို ရွတ်ဆိုဂုဏ်ပြုကြမည်ဖြစ်ပြီး ယမန်နှစ် အာဇာနည်နေ့တွင် လည်း ပထမဆုံး အကြိမ်အဖြစ် သွားရောက်၍ ကဗျာရွတ်ဆိုဂုဏ် ပြုခဲ့ကြကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment