Friday 18 July 2014

စမတ်ဖုန်းတွေနဲ့ မြန်မာလူငယ်တွေ အမှောင်ခေတ်ကို ကျောခိုင်းပြီ

စမတ်ဖုန်းတွေ မပေါ်ခင်ကမြန်မာပြည်မှာ စမ်းတဝါးဝါးနဲ့နေထိုင်ခဲ့ရတဲ့ ကာလတွေကို အမှောင်ခေတ်လို့ ဖုန်းသုံးသူတွေက တင်စားကြပါတယ်။ ဖုန်းဆင်းကတ်တွေနဲ့ စမတ်ဖုန်းတွေ လူတိုင်းကိုင်ဆောင်လာကြတဲ့ အချိန်ကတော့ ဖုန်းကနေ အင်တာနက်သုံးစွဲမှု မြင့်တက်လာချိန်ပါ။ စမတ်ဖုန်းတွေဟာ လူငယ်တွေရဲ့ နေ ထိုင် မှု ပုံစံကို ဘယ်လိုပြောင်းလဲလိုက်သလဲ။

ပြီးခဲ့တဲ့ ၃နှစ်လောက်စပြီး စမတ်ဖုန်းစသုံးခဲ့တဲ့ ကိုကျော်စိုးသူက လက်ရှိမှာ LG G Pro Lite ဟန်းဆက်ကို သုံးနေသူပါ။ အရင်ကတော့ သတင်းတွေကို ဝယ်ဖတ်နေရပြီး အခုတော့ ဖုန်းတစ်လုံးလက်ထဲမှာရှိရင် ကမ္ဘာကြီးနဲ့ ဆက်သွယ်မိသွားသလိုခံစားရတယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းပေါ်ကနေ လူမှုကွန်ရက်တွေ သုံးပြီး မိတ်ဆွေတွေနဲ့ ချိတ်ဆက်မှုအဆင်ပြေသွားပေမယ့် ဘေးနားကလူတွေကို မေ့သွားကြပြီး ဖုန်းပဲ အချိန် ကုန် သူတွေရှိတယ်လို့ ပြောပါတယ်။

မျက်နှာပြင်ကြီးကြီးနဲ့ဖုန်းတွေကို သဘောကျတဲ့ တိမ်ပုဝါတစ်ယောက် လက်ရှိသုံးနေတဲ့ဖုန်းက Samsung Galaxy Mega 5 ပါ။ အခုတော့ စမတ်ဖုန်းတွေရှိလို့ အရေးကြီးတဲ့အချက်အလက်ကို ဖုန်းထဲမှတ်လို့ရလို့ စမတ်ဖုန်းသာ မရှိခဲ့ရင် သွားလေရာ စာအုပ်ကြီးတွေ ကိုင်သွားရမှာပေါ့လို့ သူကပြောပါတယ်။ ဖုန်းပေါ်ကနေ Data Connection သုံးနိုင်လို့ အင်တာနက်ဆိုင်လည်း ပြေးစရာမလိုဘူးလို့ ဆိုပါတယ်။ မိန်းကလေးဖြစ်လို့ ဖုန်းဝယ်ရင်တော့ ကင်မရာကောင်းမကောင်းပဲ သူကြည့်ပါသတဲ့။

စမတ်ဖုန်းတွေနဲ့အတူ လူမှုကွန်ရက်တွေ ကျယ်ပြန်လာလို့ သူငယ်ချင်းသစ်တွေလည်း တိုးလာသလို သတင်းတွေ ကိုလည်း အချိန်နဲ့တပြေးညီရနေတာကြောင့် ဖုန်းပြောခသက်သာပြီး အင်တာနက်လိုင်းတွေ ပိုကောင်းလာဖို့ ဆန္ဒရှိသူက ကိုအောင်မြင့်မြတ်ပါ။ သူက ဖုန်းဝယ်တဲ့အခါ Internal Storage များတာနဲ့ ကင်မရာကောင်းတာ ရွေးချယ်ပြီး Android ဖုန်းတွေပဲ သုံးပါတယ်။

အမှောင်ခေတ်ထဲမှာ နေသားတကျရှိခဲ့ပေမယ့် မြန်မာလူငယ်တွေရဲ့ လူနေမှုဘဝပုံစံတွေကတော့ ကမ္ဘာ ဆန် လာတာမို့ သူတို့ရဲ့ဘဝတွေက ပိုပြီး လွတ်လပ်ပေါ့ပါး၊ ချိတ်ဆက်မှုအားကောင်းနေတာကတော့ သေ ချာ ပါတယ်။

Kamayut Media 
http://www.youtube.com/watch?v=qHlp3heWzTI&hd=1

No comments:

Post a Comment