Friday 18 July 2014

ဟောင်ကောင်အရေးနှင့် ပတ်သက်ပြီး ဗြိတိန်ကို သတိပေးခဲ့သည့် တရုတ်နိုင်ငံ

Photo: ဟောင်ကောင်အရေးနှင့် ပတ်သက်ပြီး ဗြိတိန်ကို သတိပေးခဲ့သည့် တရုတ်နိုင်ငံ
Friday, July 18, 2014 

တရုတ်အစိုးရက ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး ဗြိတိန်က ၀င်ရောက်စွက်ဖက်နေ တယ်လို့စွပ်စွဲခဲ့ပါတယ်။  ဗြိတိန်လက်ထောက်ဝန်ကြီးချုပ်
"နစ်ခ်ကလက်"ဟာ ဟောင်ကောင်ဒီမိုကရေစီလိုလားသူ ခေါင်းဆောင်နှစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီးနောက် လန်ဒန်မြို့ အစိုးရဟာ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက် နေတယ်လို့  တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။  
 
အင်္ဂါနေ့မှာ ဟောင်ကောင် အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံခဲ့တဲ့အတွက် ဗြိတိန်ကို ကန့်ကွက်ကြောင်း အစိုးရပိုင်ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ (၁၉၉၇)ခုနှစ်မှာ ဗြိတိန်က ဟောင်ကောင်ကို တရုတ်နိုင်ငံ ဆီပြန်လည် လွှဲပြောင်း ပေးခဲ့တာပါ။
 
ဟောင်ကောင်ဒီမိုကရက်တစ် ခေါင်းဆောင်တွေဟာ ပိုပြီး လွတ်လပ်ဖို့ကို တောင်းဆိုနေတာဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရပုဂ်္ဂိုလ် ကတော့ ဗြိတိန်ရဲ့ လုပ်ရပ်ဟာ တရုတ်နိုင်ငံပြည်တွင်းရေးကို စွက်ဖက်မှုဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ လက်ရှိအကြီး အကဲဟာ ဘေကျင်းမြို့အစိုးရလိုလားသူကော်မတီက ရွေးကောက်တင်မြှောက်ထားတာဖြစ်ပြီး (၂၀၁၇)ခုနှစ်မှာ အသစ်ပြန်လည်ရွေးချယ်မှာဖြစ်ပါတယ်။  ဇူလိုင်(၁)ရက်နေ့က ဒီမိုကရေစီ လိုလားသူများက ဆန္ဒပြခဲ့ပြီး (၁၉၉၇)ခုနှစ်မှာ ပြန်လည်လွှဲပြောင်း ပေးခံခဲ့ရပြီးတဲ့နောက် အကြီးမားဆုံးဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။

MRTV-4
တရုတ်အစိုးရက ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး ဗြိတိန်က ၀င်ရောက်စွက်ဖက်နေ တယ်လို့စွပ်စွဲခဲ့ ပါတယ်။  ဗြိတိန်လက်ထောက်ဝန်ကြီးချုပ် "နစ်ခ်ကလက်"ဟာ ဟောင်ကောင်ဒီမိုကရေစီလိုလားသူ ခေါင်းေ ဆာ င်နှစ် ဦး နဲ့ တွေ့ဆုံခဲ့ပြီးနောက် လန်ဒန်မြို့ အစိုးရဟာ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက် နေ တယ် လို့  တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။  

 အင်္ဂါနေ့မှာ ဟောင်ကောင် အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံခဲ့တဲ့ အတွက် ဗြိတိန်ကို ကန့်ကွက်ကြောင်း အစိုးရပိုင်ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ (၁၉၉၇)ခုနှစ်မှာ ဗြိတိန်က ဟောင်ကောင်ကို တရုတ်နိုင်ငံ ဆီပြန်လည် လွှဲပြောင်း ပေးခဲ့တာပါ။

ဟောင်ကောင်ဒီမိုကရက်တစ် ခေါင်းဆောင်တွေဟာ ပိုပြီး လွတ်လပ်ဖို့ကို တောင်းဆိုနေတာဖြစ်ပြီး တရုတ်နိုင် ငံခြားရေး ၀န်ကြီးရဲ့ ပြောခွင့်ရပုဂ်္ဂိုလ် ကတော့ ဗြိတိန်ရဲ့ လုပ်ရပ်ဟာ တရုတ်နိုင်ငံပြည်တွင်းရေး ကို စွက်ဖက်မှုဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ လက်ရှိ အကြီး အကဲဟာ ဘေကျင်းမြို့အစိုးရလိုလားသူကော်မတီက ရွေးကောက်တင်မြှောက်ထား တာဖြစ်ပြီး (၂၀၁၇)ခုနှစ်မှာ အသစ်ပြန်လည်ရွေးချယ်မှာဖြစ်ပါတယ်။  ဇူလိုင်(၁)ရက်နေ့က ဒီမိုကရေစီ လို လား သူများက ဆန္ဒပြခဲ့ပြီး (၁၉၉၇)ခုနှစ်မှာ ပြန်လည်လွှဲပြောင်း ပေးခံခဲ့ရပြီးတဲ့နောက် အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။

MRTV-4 

No comments:

Post a Comment