Friday 18 July 2014

ကျောင်းထိုင်ဘုန်းကြီးတစ်ပါး မိမိကိုယ်ကို ကြိုဆွဲချ၍ အဆုံးစီရင်

စစ်ကိုင်း တိုင်း ဒေသ ကြီး၊ ရွှေဘို ခရိုင်၊ ရေဦး မြို့နယ်၊ အောင်ကဲဇင့် ကျေးရွာ အုပ်စု၊ ဇီးကုန်း ကျေးရွာ တွင် ဇူလိုင် ၁၅ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်အချိန်က ကျောင်းထိုင် ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို ကြိုး ဆွဲချ၍ အဆုံးစီရင် သွားခဲ့ကြောင်း ထောက်ကြံ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဇော်ဆိုသူမှ တင်းတိန်ရံ နယ် မြေရဲစ ခန်းမှူး ရဲအုပ် ဌေးဝင်းထံ ဖုန်းဖြင့် ဆက်သွယ်၍ အကြောင်းကြား ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် တင်းတိန်ရံ နယ်မြေ ရဲစခန်းမှူး ရဲအုပ် ဌေးဝင်းနှင့်အဖွဲ့သည် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး မိမိ ကိုယ်ကို ကြိုဆွဲချ၍ အဆုံးစီရင်မှု ဖြစ်ပွားရာ အရပ်သို့ သွားရောက်ခဲ့ကြသည်။

 ၎င်းတို့၏ သွားရောက်စစ်ဆေး ချက်များအရ မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့သည့် ဆရာတော်မှာ ရေပြာကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဥူးစန္ဒာသီရိ သာသနာ့ဝင် မှတ်ပုံတင်အမှတ် ၀၀၀၃၈၃ သက်တော်(၅၈)နှစ်၊ သိက္ခာတော်(၃၈) ၀ါဖြစ်ကြောင်း သိရသည်။

 ဆရာတော်မှာ အဆိုပါ ကျောင်းတိုက်၏ အနောက်တောင်ဘက် အရပ်တွင်ရှိ သော ဇရပ်အဆောင် ထုပ်တန်းတွင် အလျား(၁၁)တောင်ရှိ အဖြူရောင်ချည်ကြိုး တစ်ချောင်းအား အသုံးပြု ကာ မိမိကိုယ်ကိုကြိုဆွဲချ ၍ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။

 ဆရာတော်၏ ကိုယ်ခန္ဒာပေါ်တွင် ပြင်ပဒဏ်ရာ၊ ဒဏ်ချက် တစ်စုံတစ်ရာမှ စစ်ဆေးတွေ့ရှိရခြင်း မရှိကြောင်း အမှုစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင်များက မှတ်ချက် ပြု ထားသည်။

ထို့နောက် ဆရာတော်အား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် တင်းတိန်ရံ နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/ ၂၀၁၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

သတင်း၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween

No comments:

Post a Comment