Friday 18 July 2014

ပျက်ကျတဲ့ မလေးရှားလေယာဉ် MH17 ပေါ်မှာ ဒတ်ခ်ျခရီးသည် အများစုပါသွား

 အမ်စတာဒမ်ကနေ ကွာလာလမ်ပူကို ပျံသန်းရင်း ယူကရိန်း နိုင်ငံတွင်းမှာ ပျက်ကျခဲ့တဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ပေါ်မှာ ဒတ်ခ်ျခရီးသည် ၁၅၀ ကျော် ပါဝင်တယ်လို့ အမ်စတာဒမ်မှာရှိတဲ့ Schiphol လေဆိပ် အာဏာပိုင်တွေက ပြောပါတယ်။


အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၂၈၀ နဲ့ လေယာဉ်ဝန်ထမ်း ၁၅ ဦးပါဝင်ပြီး အသက်ရှင်ကျန်ရစ်သူတော့ မတွေ့ရပါဘူး။

လေယာဉ်ဝန်ထမ်း ၁၅ ဦးစလုံးက မလေးရှားနိုင်ငံသားတွေ ဖြစ်ပါတယ်။

အခုချိန်ထိ သိရသလောက် နယ်သာလန်နိုင်ငံသားတွေအပြင် သြစတြေးလျ နိုင်ငံသား ၂၀ ကျော်၊ မလေးရှားနိုင်ငံသား ၂၀ ကျော်၊ အင်ဒိုနီးရှား ၁၁ ဦး၊ ယူကေက ၆ ဦး၊ ဂျာမနီက ၄ ဦး၊ ဘယ်လ်ဂျီယံက ၄ ဦး၊ ဖိလစ်ပိုင်က ၃ ဦး နဲ့ ကနေဒါက ၁ ဦး ဖြစ်ပြီး နောက်ထပ် ကျန်တဲ့သူတွေကို ဆက်လက် စုံစမ်းဆဲလို့ Schiphol လေဆိပ် အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောရာမှာ လေယာဉ်ဟာ ပစ်ချခံခဲ့ရတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ယုံကြည်ထားကြောင်း၊ ဒါပေမယ့် မလေးရှားအနေနဲ့တော့ လေယာဉ်ဘာကြောင့် ပျက်ကျလဲဆိုတာ မတည်မပြုနိုင် သေးကြောင်း ပြောပါတယ်။

BBC Burmese 

No comments:

Post a Comment