Friday 18 July 2014

တောင်သမန်အင်းတွင် ငှက် ၄၄ မျိုး အကာအကွယ်ပေးရန် သတိပေးကြေညာ

မန္တလေး၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်း သိမ်းရေး ဥပဒေပုဒ်မ၃၇(က)အရ အမရပူရ တောင်သမန်အင်း၌ လုံးဝကာကွယ် ထားသည့်ငှက်၄၄မျိုးကို သတ်ဖြတ် ခြင်း၊ သယ်ဆောင်ရောင်းချခြင်းမပြု ရန် သစ်တောဦးစီးဌာနမှ သတိပေး တားမြစ်ချက်များ ထုတ်ပြန် ထား ကြောင်း သိရသည်။

ကျေးငှက်အမျိုးအစားအလိုက် ကာကွယ်ရာတွင် ဒေါင်းအမျိုးမျိုး နှင့် ရစ်အမျိုးမျိုး၊ စင်ရော်ငှက်မျိုးများ နှင့် မြစ်တွေး မျိုးများ၊ အောင်လောင် အမျိုးမျိုးနှင့် အောက်ချင်းအမျိုးမျိုး၊ သိန်းစွန်၊ လင်းယုန်၊ လင်းတအမျိုးမျိုးနှင့် တင်ကျီး၊ သစ်တောက်ငှက်၊ မင်းန်ဒရင်းဘဲ၊ ခြေစိမ်းရေညှောင့် စသော ငှက်များစွာပါဝင်သည်။

''တောင်သမန်မှာ ဆောင်းခိုငှက်တွေလာတယ်။ ပလိပ်အင်း လောက်တော့ ငှက်အမျိုးအစားမများ ပါဘူး။ ဒီမှာက လူနဲ့နီးတော့ တင် ကျီး၊ မင်းန်ဒရင်းဘဲ၊ ခရုစုတ်ငှက်၊ စွေ့၊ တောငန်းလောက်ပဲ လာတာ ပါ။ တောင် သမန် လာတဲ့ ဆောင်းခို ငှက်တွေကိုလဲ အနီးအနားကလူတွေ အလွယ်တကူ ပစ်ခတ်သတ်ဖြတ်မှု မရှိအောင် ကာကွယ်တဲ့သဘောနဲ့ အသိပေး ဆိုင်းဘုတ်တွေ စိုက်ထူထား တာလို့ထင်ပါတယ်''ဟု တောင် သ မန်ရောက် ငှက်အသင်းဝင်တစ်ဦး က ပြောသည်။

တောင်သမန်အင်းမှာ မိုးတွင်း ကာလ၌ ကန်ရေအပြည့်ရှိသော်လည်း နွေနှင့်ဆောင်းတွင် ရေနည်းပါးမှု ရှိသည်။ အထူးသဖြင့် မတ်လမှမေလ အထိ အင်းအတွင်း ရေအနည်းဆုံး အချိန်ဖြစ်ရာ ကျေးငှက်တိရစ္ဆာန် များမှာ အခါရာသီလိုက်၍ အနည်း အများ နေထိုင်ကျက်စားမှုရှိကြောင်း သိရသည်။

Yangon Media Group 

No comments:

Post a Comment