Friday 18 July 2014

မလေးရှားနယ်စပ်ရှိ အလုပ်သမား ၂၆ ဦး လုပ်ခမရ၍ သစ်ရွက်ပြုတ်စားနေကြရ သည်ဟုဆို

မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ကြားရှိ ပန်းရန်လုပ်ငန်းခွင် တစ်ခုသို့ ရန်ကုန်မြို့ရှိ-------ကုမ္ပဏီမှ ပို့ဆောင်ထားသော MoU အလုပ်သမား ၂၆ ဦးမှာ စားစရာမရှိ ၍ ဘောစကိုင်းရွက်များကို ပြုတ်စား နေရသည်ဟု အလုပ်သမားများက ဟြေဆိုကြောင်း ဇူလိုင် ၁၆ ရက် ညပိုင်းက ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (Myanmar Association Thiland) မှ ဆက်သွယ်ဟြေကြားချက်အရ သိရ သည်။

ထိုင်းနိုင်ငံနယ်စပ်အပိုင် စတွန်မြို့နယ် ပန်းရန်ဆိုက်တစ်ခုမှ MoU အလုပ်သမား ၂၆ဦး တို့အား လုပ်အားခ တစ်လစာ ထုတ်မပေး သဖြင့် အနီးအနားတွင်ရှိသော ကန် စွန်းရွက်နှင့် သင်္ဘောသီးတို့ကို ခူးစား ခဲ့ကြရကြောင်း၊ ကန်စွန်းရွက်နှင့် သင်္ဘောသီးများလည်း ကုန်သွား ပြီးနောက် ဘောစကိုင်းရွက်များကို ပြုတ်စားနေရကြောင်း မြန်မာအလုပ် သမားတစ်ဦးက ဟြေခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ကို ရန်ကုန်က --- ကုမ္ပဏီက ပို့တာပါ။ အဲဒီ ထိုင်းနယ်စပ် စတွန်မြို့နယ်ကနေ မလေးရှားကို ကားစီးသွားရင် တစ်နာရီကျော် ဆိုရင် ရောက်တဲ့နေရာမှာ လက်ရှိ ကျွန်တော်တို့ ဒုက္ခရောက်နေကြတာပါ။ တစ်နှစ်အတွင်းမှာ ကျွန်တော် တို့ဆီက ထိုင်းဘတ် ၁၉၁၅၂ ဘတ် ဖြတ်ထားပြီးပါပြီ။ ပတ်စ်ပို့ကိုလည်း ထိုင်းနိုင်ငံကို ရောက်ကတည်းက မကိုင်ဖူးဘူး။ လုပ်အားခရှင်းမပေးတာ တစ်လကျော်လာပြီ။ ကျွန်တော်တို့မှာ စားစရာမရှိလို့ အနီးအနားမှာ စားလို့ ရတဲ့အသီးအရွက်တွေ အကုန်ခူးစား နေကြတာ။ မြက်ပဲကျန်တော့တယ်၊ သောက်ရေဆိုတာလည်း ပိုက်လုံးက လာတဲ့ရေတွေကိုပဲ သောက်နေရတာ'' ဟု မြန်မာအလုပ်သမားတစ်ဦးက MAT အဖွဲ့သို့ တိုင်တန်းခဲ့သည်။

ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်ရှိ မြန်မာအလုပ်သမား သံအရာရှိက အဆိုပါ----ကုမ္ပဏီအား အကြောင်းကြားထားပြီဖြစ်ကြောင်း ဟြေကြားသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ ဒါရိုက်တာ ဦးကျော် သောင်းက '' MoU နဲ့ တင်သွင်းတဲ့ ကုမ္ပဏီတွေ အတော်များများ စည်းကမ်းပျက်တာတွေ၊ လူကုန်ကူးသလို ဖြစ်တဲ့ ပြဿနာတွေ နေ့တိုင်း ရှင်း မကုန်ပါဘူး။ သတ်မှတ်တဲ့ စည်းကမ်း ချက်နဲ့ညီအောင်လုပ်နေတဲ့ ကုမ္ပဏီ က အလွန်နည်းပါတယ်။ ဒီကုမ္ပဏီက မြန်မာနိုင်ငံမှာ အလုပ်သမားတစ်ဦးစီ ဆီက ငွေကျပ် ၃၅ဝဝဝဝ ယူထား လိုက်တဲ့အပြင် ထိုင်းဘတ်ကလည်း ၂ဝဝဝဝ နီးပါး ဖြတ်တောက်ကြ တယ်၊ အဆိုးဆုံးကတော့ မြန်မာ အစိုးရက အလုပ်သမားတင်သွင်းဖို့ လုံးဝတားမြစ်ထားတဲ့ မလေးရှား နယ်စပ်ကိုပို့တာပါပဲ''ဟု ဟြေကြားသည်။

အဆိုပါ------- ကုမ္ပဏီသည် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၆ ရက်က မြဝတီမြို့ ကျောက်လုံးကြီးစခန်းတွင် စာချုပ်ချုပ်ဆို၍ အလုပ်သမား ၄၂ ဦးကို မလေးရှားနယ်စပ်သို့ ပို့ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ အတူတူလာ သည့် အခြားအလုပ်သမား ၁၆ ဦးကို မည်သည့်နေရာသို့ ပို့ဆောင်ထား သည်ကို မသိရသေးကြောင်း အလုပ် သမားတစ်ဦးက ဟြေသည်။

ထိုင်းနှင့် မြန်မာတို့ ၂ဝဝ၉ ခုနှစ် က စတင်အကောင်အထည်ဖော်သည့် MoU အလုပ်သမား တင်သွင်းသည့် စည်းကမ်းချက်တွင် အလုပ်သမားတစ်ဦးစီထံမှ မြန်မာနိုင်ငံတွင် ငွေကျပ် ၁ဝဝဝဝဝ နှင့် ထိုင်းနိုင်ငံဘက် တွင် ဘတ်ငွေ ၁ဝဝဝဝ သာ ဖြတ်ရ မည်ဟု သတ်မှတ်ထားသည်။ ထို့ အပြင် မိမိတို့တင်ပို့ထားသည့် အလုပ်သမားများ မည်သည့်နေရာတွင် ရှိသည်ကို ပို့ဆောင်သည့် အေဂျင်စီက သိရှိရမည်ဟုလည်း ပါရှိသည်။

Myanmaalinn

No comments:

Post a Comment