Friday 18 July 2014

ခရီးသည်တင်ယာဉ်ကြီးများ CNG ၄၈၀ ကီလိုဂရမ်အိုး ပြောင်းလဲတပ်ဆင်ခွင့်ပြု

Photo: ခရီးသည်တင်ယာဉ်ကြီးများ CNG ၄၈၀ ကီလိုဂရမ်အိုး ပြောင်းလဲတပ်ဆင်ခွင့်ပြု
Friday, July 18, 2014

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော CNG ၂၀၀-၂၅၀ ကီလိုဂရမ်အိုးများ တပ်ဆင်ထားသော ခရီးသည်တင် ယာဉ်ကြီးများကို ဇူလိုင်လ ၁၅ ရက်မှစ၍ ခရီးစဉ် အကွာအဝေးပေါ် မူတည်၍ CNG ၄၈၀ ကီလိုဂရမ် အိုးများကို တပ်ဆင်ခွင့် ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီ (မ.ထ.သ-ဗဟို) ထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့က စီအန်ဂျီ တပ်ဆင်ခွင့် ပြုလိုက်သည့် ယာဉ်လိုင်းများမှ မော်တော်ယာဉ် အရေအတွက်မှာ ၃၅ စီး ဖြစ်ပြီး လက်ရှိ ပြေးဆွဲနေသော Original CNG 200-250 ကီလိုဂရမ်အိုးများ တပ်ဆင်ထားသော ယာဉ်ကြီးများ ဖြစ်ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

“ကျွန်တော်တို့ကို တင်ပြထားတဲ့ ကားတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး ဝန်ကြီးချုပ်ကိုယ်တိုင် စွမ်းအင်နဲ့ ညှိနှိုင်းပြီး ချပေးလိုက်တာ။ ဒီအတိုင်းဆိုရင် ယာဉ်ကြီးအားလုံး CNG ၄၈၀ ချပေးမယ့်သဘော ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီး အစိုးရထံ CNG တင်ပြ တောင်းခံရာတွင် မ.ထ.သ (ဗဟို) က ၈၆၄ စီး တင်ပြခဲ့ရာ ၇၇၂ စီး စီအန်ဂျီ တပ်ဆင်ခွင့်ရခဲ့ပြီး ၉၂ စီး ကျန်ရှိနေသေးကြောင်း မ.ထ.သ (ဗဟို) က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

“၆၀၀ လောက်နဲ့ မောင်းတဲ့ကားတွေကို ၂၀၀ လောက်ပဲ ချပေးတော့ အဆင်မပြေလို့ မဆွဲနိုင်တာတွေ ရှိတယ်။ ဘတ်စ်ကားတွေကို CNG လုံလုံလောက်လောက် ချပေးလိုက်တယ် ဆိုရင်တော့ သယ်ယူပို့ဆောင်ရေးမှာ ဘတ်စ်ကားတွေ များလာမှာပေါ့။ ခရီးသည်တွေလည်း အဆင်ပြေသွားတာပေါ့။ ယာဉ်ပိုင်ရှင်တစ်ယောက် အနေနဲ့လည်း ဒီလိုမျိုး လုပ်ပေးလိုက်တာကို ကြိုဆိုပါတယ်” ဟု ၄၈ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ဆိုသည်။

မ.ထ.သ (ဗဟို) ကြီးကြပ်မှု အောက်ရှိ ယာဉ်လိုင်းများတွင် ယာဉ်အစီးရေ ခြောက်ထောင်ကျော်အနက် မေလအထိ စီးရေ ငါးထောင်ကျော် CNG ခွင့်ပြုပြီး ဖြစ်ကြောင်း မ.ထ.သ (ဗဟို) ထံမှ သိရသည်။ 

The Voice Weekly
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော CNG ၂၀၀-၂၅၀ ကီလိုဂရမ်အိုးများ တပ်ဆင်ထားသော ခရီးသည်တင် ယာဉ်ကြီးများကို ဇူလိုင်လ ၁၅ ရက်မှစ၍ ခရီးစဉ် အကွာအဝေးပေါ် မူတည်၍ CNG ၄၈၀ ကီလိုဂရမ် အိုးများ ကို တပ်ဆင်ခွင့် ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ကော်မတီ (မ.ထ.သ-ဗဟို) ထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့က စီအန်ဂျီ တပ်ဆင်ခွင့် ပြုလိုက်သည့် ယာဉ်လိုင်းများမှ မော်တော်ယာဉ် အရေ အတွက် မှာ ၃၅ စီး ဖြစ်ပြီး လက်ရှိ ပြေးဆွဲနေသော Original CNG 200-250 ကီလိုဂရမ်အိုးများ တပ်ဆင် ထားသော ယာဉ်ကြီးများ ဖြစ်ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

“ကျွန်တော်တို့ကို တင်ပြထားတဲ့ ကားတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး ဝန်ကြီးချုပ်ကိုယ်တိုင် စွမ်းအင်နဲ့ ညှိနှိုင်းပြီး ချပေးလိုက်တာ။ ဒီအတိုင်းဆိုရင် ယာဉ်ကြီးအားလုံး CNG ၄၈၀ ချပေးမယ့်သဘော ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီး အစိုးရထံ CNG တင်ပြ တောင်းခံရာတွင် မ.ထ.သ (ဗဟို) က ၈၆၄ စီး တင်ပြခဲ့ရာ ၇၇၂ စီး စီအန်ဂျီ တပ်ဆင်ခွင့်ရခဲ့ပြီး ၉၂ စီး ကျန်ရှိနေသေးကြောင်း မ.ထ.သ (ဗဟို) က ထုတ်ပြန်ထားသော စာရင်း များ အရ သိရသည်။

“၆၀၀ လောက်နဲ့ မောင်းတဲ့ကားတွေကို ၂၀၀ လောက်ပဲ ချပေးတော့ အဆင်မပြေလို့ မဆွဲနိုင်တာတွေ ရှိတယ်။ ဘတ်စ်ကားတွေကို CNG လုံလုံလောက်လောက် ချပေးလိုက်တယ် ဆိုရင်တော့ သယ်ယူ ပို့ဆောင်ရေး မှာ ဘတ်စ်ကားတွေ များလာမှာပေါ့။ ခရီးသည်တွေလည်း အဆင်ပြေသွားတာပေါ့။ ယာဉ်ပိုင် ရှင် တစ်ယောက် အနေနဲ့လည်း ဒီလိုမျိုး လုပ်ပေးလိုက်တာကို ကြိုဆိုပါတယ်” ဟု ၄၈ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ဆိုသည်။

မ.ထ.သ (ဗဟို) ကြီးကြပ်မှု အောက်ရှိ ယာဉ်လိုင်းများတွင် ယာဉ်အစီးရေ ခြောက်ထောင်ကျော်အနက် မေလအထိ စီးရေ ငါးထောင်ကျော် CNG ခွင့်ပြုပြီး ဖြစ်ကြောင်း မ.ထ.သ (ဗဟို) ထံမှ သိရသည်။ 

The Voice Weekly 

No comments:

Post a Comment