Friday 18 July 2014

ပဏာမအပစ်ရပ် သဘောတူညီချက် အများဆန္ဒဖြင့် အတည်ပြုချက်ရယူမည်

ကချင်ပြည်နယ်လိုင်ဇာတွင် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာကျင်းပ မည့်တတိယအကြိမ် တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးအစည်း အဝေးတွင်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးအတွက် ပဏာမ အပစ်ရပ်သဘောတူညီထားမှုများ ကိုအများ သဘောဆန္ဒဖြင့်အတည်ပြုချက်ရယူသွားမည်ဟု တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်ဦးနိုင်ဟံသာက ပြောကြားသည်။

''ဒီပွဲမှာ ကျွန်တော်တို့ကအစိုးရနဲ့ ဆွေးနွေးထားတဲ့အချက်တွေကို ချပြမယ်။ ဒါတွေကို တိုင်းရင်းသား ခေါင်းဆောင်တွေသဘောတူ၊ မတူပေါ့။ ရှစ်ဖွဲ့ကသဘောတူပြီး တစ်ဖွဲ့ကသဘောမတူရင် အဲဒီတစ်ဖွဲ့ ကို ထပ် ဆွေးနွေးမယ်။ အတည်ပြုချက်ယူ တာကတော့ အများသဘောတူပုံစံနဲ့သွားမယ်''ဟု ဦးနိုင်ဟံသာက ဆို သည်။

လိုင်ဇာထိပ်သီးအစည်းအဝေးတွင် အစိုးရနှင့် အပစ်ရပ်ပဏာမ သဘောတူညီချက်များ အပါအဝင် အစိုးရ၏ နိုင်ငံလုံး၏ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူကြမ်းပါ အချက် ပေါင်း ၁၂၁ ချက်တွင် ဆွေးနွေးရန်ကျန်ရှိသည့် ၃၁ ချက်ကိုလည်း ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ အစိုးရနှင့် ထပ်မံတွေ့ဆုံဆွေးနွေး ရန်မှာလည်း လိုင်ဇာအစည်းအဝေးပြီးဆုံးမှသာ အဆုံးအဖြတ်ပေးနိုင် မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောသည်။

''၃၁ ချက်ဆိုတာက သူတို့ သတ်မှတ်ချက်ပေါ့။ ကျွန်တော်တို့ အတွက်အဓိကအချက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်၊ တပ်နေရာချထားမူ၊ အမျိုးသားတန်းတူရေးပဲ''ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် ယခုနှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် တွေ့ဆုံနိုင်ရန် အစိုးရဘက်က အဆိုပြုထားသော် လည်း NCCT အဖွဲ့ဝင်များ ထပ်မံဆွေးနွေးရန်လိုအပ်နေသဖြင့် တွေ့ ဆုံနိုင် မည် မဟုတ်ကြောင်း NCCT အဖွဲ့မှ သိရသည်။

ပထမအကြိမ် တိုင်းရင်းသား ခေါင်းဆောင်ထိပ်သီးအစည်းအဝေး ကို ၂ဝ၁၃ ခုနှစ်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာတွင်ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် ယခုနှစ်ဇန်နဝါရီလတွင် ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်တည်ရှိရာ လောခီးလာတွင် ကျင်းပခဲ့ရာ တိုင်းရင်းသား လက်နက် ကိုင် ၁၈ဖွဲ့ တက်ရောက်ခဲ့ကြသည်။

လိုင်ဇာတွင် ကျင်းပမည့်တတိယအကြိမ်ညီလာခံသို့ မည်သည့်အဖွဲ့ များတက်ရောက်မည်ကို မသိရှိရ သေးပေ။

BM (MMK)
Democracytoday

No comments:

Post a Comment