Friday 18 July 2014

အများပြည်သူသို့ အသိပေးပန်ကြားခြင်း

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အား လိုင်းများကြံ့ခိုင်မှုရှိစေရန်၊ ဓာတ် လိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ် အားပြတ်တောက်မှုများလျော့နည်းစေရန်အတွက် ဓာတ်အား လိုင်း များနှင့် မလွတ်သော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အား ပေးရေးအဖွဲ့မှ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင် ရွက် လျက်ရှိ ပါသည်။

၂။ သို့ဖြစ်ပါ၍ ၁၉-၇-၂၀၁၄ ရက်နေ့တွင် ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံ (တောင်)၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ ရွှေပြည်သာမြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် ၀၉း၀၀ နာရီမှ ၁၂း၀၀နာရီအတွင်းလည်းကောင်း၊ ၁၃း၀၀ နာရီမှ ၁၅း၀၀ နာရီအတွင်း အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှု များရှိမည်ဖြစ်ပါသည်။

၃။ ၂၀-၇-၂၀၁၄ ရက်နေ့တွင် ရွှေပေါက်ကံ၊ ပုဇွန်တောင်၊ မင်္ဂလာ တောင်ညွန့်၊ ဗိုလ်တထောင်၊ ဒဂုံ (ဆိပ်ကမ်း)၊ ဆိပ်ကမ်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ လသာ၊ ခရမ်း၊ ကျောက်တန်း၊ ဆိပ်ကြီး ခနောင်တို၊ သန်လျင်၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တိုက်ကြီး၊ ထောက်ကြန့်၊ မှော်ဘီမြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့်စက်မှုဇုန် အချို့တွင် ၀၉း၀၀နာရီမှ ၁၃း၀၀ နာရီအတွင်းလည်းကောင်း၊ ၁၃း၀၀ နာရီမှ ၁၆း၀၀ နာရီအတွင်း အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။

၎။ ယင်းသို့ ဓာတ်အားဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်ရခြင်း သည် ဓာတ်အားဖြန့်ဖြူးမှုစနစ်အတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှကင်းဝေးစေရန်၊ ဓာတ် အားပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ပုံမှန်မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်သည့် လုပ် ငန်းဖြစ်၍ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဓာတ်အားပြတ်တောက်မှုကြောင့် လူမှုရေးအခက်အခဲများ ပေါ်ပေါက်နိုင် မှုအပေါ် နားလည်ခွင့်လွှတ်ပါရန် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့မှ အများပြည်သူ သို့ အသိပေးပန်ကြားအပ်ပါသည်။

(ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့)

MOI Webportal Myanmar 

No comments:

Post a Comment