Friday 18 July 2014

ဥရောပအကောင်းဆုံးဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်း ထုတ်ပြန် ၊ သြဂုတ်(၁၄)တွင် (၃)ဦးရွေးချယ်ပြီး သြဂုတ်(၂၈)တွင်ဆုချီးမြှင့်မည်

Photo: ဥရောပအကောင်းဆုံးဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်း ထုတ်ပြန် ၊ သြဂုတ်(၁၄)တွင် (၃)ဦးရွေးချယ်ပြီး သြဂုတ်(၂၈)တွင်ဆုချီးမြှင့်မည်
Friday, July 18, 2014

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ၂၀၁၃-၁၄ ရာသီအတွက် ဥရောပအကောင်းဆုံးဘောလုံးသမားဆုချီးမြှင့်ရန် ဆန်ခါတင်(၁၀)ဦးစာရင်းကို ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ အဆိုပါ ဆန်ခါတင်(၁၀)ဦးမှာ ပဏာမ(၃၅)ဦးစာရင်းမှ ဆန္ဒမဲအများဆုံးရရှိခဲ့သူများဖြစ်ပြီး UEFA ၏အဖွဲ့ဝင်(၅၃)နိုင်ငံမှ အားကစားဂျာနယ်လစ်များက မဲပေးရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိထွက်ပေါ်လာသည့် ဆန်ခါတင်(၁၀)ဦးကိုလည်း ယင်းဂျာနယ်လစ်များကပင် ထပ်မံ၍မဲပေးရွေးချယ်ရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ကစားသမား(၃) ဦးကို သြဂုတ်လ(၁၄)ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။ ထို့နောက် အဆိုပါ (၃) ဦးထဲမှ အကောင်းဆုံး ဘောလုံးသမားရွေးချယ်ရာတွင်မူ ဂျာနယ်လစ်များက တစ်ပြိုင်နက်တိုက်ရိုက်မဲပေးသည့်ပုံစံဖြင့် ရွေးချယ်မည်ဖြစ်သည်။ နောက်ဆုံးအဆင့်တိုက်ရိုက်ရွေးချယ်မှုကို ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် မဲခွဲပွဲကျင်းပမည့် သြဂုတ်လ(၂၈) ရက်နေ့တွင် မိုနာကို၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကိုပါ တစ်ဆက်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဆန်ခါတင်(၁၀)ဦးစာရင်းတွင် ပါဝင်လာသူများမှာ ဒီယေဂိုကော်စတာ၊ ဒီမာရီယာ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဖိလစ်လမ်း၊ မက်ဆီ၊ သောမတ်စ်မူလာ၊ နူအာ၊ ရော်ဘင်၊ စီရော်နယ်လ်ဒိုနှင့် လူးဝစ်ဆွာရက်ဇ်တို့ဖြစ်ပြီး ယခင်ဆုရရှိဖူးသူများထဲမှ မက်ဆီတစ်ဦးသာ ပြန်လည်ပါဝင်လာခဲ့သည်။ ယခု ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို ၂၀၁၀-၁၁ ရာသီတွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မက်ဆီ၊ အင်နီယေစတာနှင့် ရီဘာရီတို့ ရရှိခဲ့သည်။ ယခုနှစ်အတွက် စီရော်နယ်လ်ဒို ရေပန်းစားနေကြောင်း သိရှိရသည်။
ဆန်ခါတင်(၁၀)ဦးစာရင်း
ဒီယေဂိုကော်စတာ(စပိန်၊ အက်သလက်တီကို)
ဒီမာရီယာ(အာဂျင်တီးနား၊ ရီးယဲလ်)
ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ကိုလံဘီယာ၊ မိုနာကို)
ဖိလစ်လမ်း(ဂျာမနီ၊ ဘေယန်မြူးနစ်)
မက်ဆီ(အာဂျင်တီးနား၊ ဘာစီလိုနာ)
သောမတ်စ်မူလာ(ဂျာမနီ၊ ဘေယန်မြူးနစ်)
နူအာ(ဂျာမနီ၊ ဘေယန်မြူးနစ်)
ရော်ဘင်(နယ်သာလန်၊ ဘေယန်မြူးနစ်)
စီရော်နယ်လ်ဒို(ပေါ်တူဂီ၊ ရီးယဲလ်)
လူးဝစ်ဆွာရက်ဇ်(ဥရုဂွေး၊ လီဗာပူးလ်)

(ပြီးခဲ့သည့်ရာသီက ဥရောပအကောင်းဆုံးဆုကို ရီဘာရီ ရရှိခဲ့စဉ် (Photo: AFP))
Eleven Media Group
(ပြီးခဲ့သည့်ရာသီက ဥရောပအကောင်းဆုံးဆုကို ရီဘာရီ ရရှိခဲ့စဉ် (Photo: AFP))
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ၂၀၁၃-၁၄ ရာသီအတွက် ဥရောပအကောင်းဆုံးဘောလုံး သမားဆုချီးမြှင့်ရန် ဆန်ခါတင်(၁၀)ဦးစာရင်းကို ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ အဆိုပါ ဆန်ခါတင်(၁၀)ဦးမှာ ပဏာမ(၃၅)ဦးစာရင်းမှ ဆန္ဒမဲအများဆုံးရရှိခဲ့သူများဖြစ်ပြီး UEFA ၏အဖွဲ့ဝင်(၅၃)နိုင်ငံမှ အားကစားဂျာနယ်လစ်များက မဲပေးရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိထွက်ပေါ်လာသည့် ဆန်ခါတင်(၁၀)ဦးကိုလည်း ယင်းဂျာနယ်လစ်များကပင် ထပ်မံ၍မဲပေးရွေးချယ် ရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ကစားသမား(၃) ဦးကို သြဂုတ်လ(၁၄)ရက်နေ့တွင် ကြေညာသွား မည်ဖြစ်သည်။ ထို့နောက် အဆိုပါ (၃) ဦးထဲမှ အကောင်းဆုံး ဘောလုံးသမားရွေးချယ်ရာတွင်မူ ဂျာနယ်လစ်များက တစ်ပြိုင်နက်တိုက်ရိုက်မဲပေးသည့်ပုံစံဖြင့် ရွေးချယ်မည်ဖြစ်သည်။ နောက်ဆုံးအဆင့် တိုက်ရိုက်ရွေးချယ်မှုကို ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် မဲခွဲပွဲကျင်းပမည့် သြဂုတ်လ(၂၈) ရက်နေ့တွင် မိုနာကို၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကိုပါ တစ်ဆက်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။

ဆန်ခါတင်(၁၀)ဦးစာရင်းတွင် ပါဝင်လာသူများမှာ ဒီယေဂိုကော်စတာ၊ ဒီမာရီယာ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဖိလစ် လမ်း၊ မက်ဆီ၊ သောမတ်စ်မူလာ၊ နူအာ၊ ရော်ဘင်၊ စီရော်နယ်လ်ဒိုနှင့် လူးဝစ်ဆွာရက်ဇ်တို့ဖြစ်ပြီး ယခင်ဆု ရရှိဖူးသူများထဲမှ မက်ဆီတစ်ဦးသာ ပြန်လည်ပါဝင်လာခဲ့သည်။ ယခု ဥရောပအကောင်းဆုံးဘောလုံး သမားဆုကို ၂၀၁၀-၁၁ ရာသီတွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မက်ဆီ၊ အင်နီယေစတာနှင့် ရီဘာရီတို့ ရရှိခဲ့သည်။ ယခုနှစ်အတွက် စီရော်နယ်လ်ဒို ရေပန်းစားနေကြောင်း သိရှိရသည်။

ဆန်ခါတင်(၁၀)ဦးစာရင်း
ဒီယေဂိုကော်စတာ(စပိန်၊ အက်သလက်တီကို)
ဒီမာရီယာ(အာဂျင်တီးနား၊ ရီးယဲလ်)
ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ကိုလံဘီယာ၊ မိုနာကို)
ဖိလစ်လမ်း(ဂျာမနီ၊ ဘေယန်မြူးနစ်)
မက်ဆီ(အာဂျင်တီးနား၊ ဘာစီလိုနာ)
သောမတ်စ်မူလာ(ဂျာမနီ၊ ဘေယန်မြူးနစ်)
နူအာ(ဂျာမနီ၊ ဘေယန်မြူးနစ်)
ရော်ဘင်(နယ်သာလန်၊ ဘေယန်မြူးနစ်)
စီရော်နယ်လ်ဒို(ပေါ်တူဂီ၊ ရီးယဲလ်)
လူးဝစ်ဆွာရက်ဇ်(ဥရုဂွေး၊ လီဗာပူးလ်)

Eleven Media Group

No comments:

Post a Comment