Friday 18 July 2014

၂ဝ၁၅ တွင် ရန်ကုန်နှင့်မန္တလေး၌ ကုန်းတွင်းဆိပ်(Dry Port) များ စတင်တည်ဆောက်မည်

ရန်ကုန်၊ မြန်မာနိုင်ငံအတွင်း ကုန်စည် သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက် စေရန် ၂ဝ၁၅ ခုနှစ် ဇွန်လ တွင် စတင် ကာ ကုန်းတွင်းဆိပ်များ စတင်တည် ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးရထား ဝန်ကြီး ဌာနမှ ဒုတိယအထွေ ထွေမန်နေဂျာ(ကုန်စည်) သူရဦးအောင် မျိုးမြင့်က ပြောသည်။

ကုန်းတွင်းဆိပ်များအား ရန်ကုန် တိုင်းတွင် ရွာသာကြီးဘူတာ၌ ဆောက် လုပ်မည်ဖြစ်ကာ မန္တလေးတိုင်း တွင် မြစ်ငယ်ဘူတာ၌ ဆောက်လုပ်မည် ဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင် ရွက် ရမည်ဖြစ်သည်။

ကုန်းတွင်းဆိပ်ဆိုသည်မှာ ပြည် တွင်းစက်ရုံမှ ထုတ်လုပ်သည်ဖြစ်ဖြစ် နိုင်ငံခြားမှ တင်သွင်းသည်ဖြစ်ဖြစ် ရရှိ လာသည့်ကုန်ပစ္စည်းများအား ရထား ပေါ် တင်ချပြု လုပ်ပြီး လိုရာသို့ ယူ ဆောင်သွားနိုင်ရန် ထားရှိသည့်နေ ရာတစ်ခုဖြစ်သည်။

''ကုန်းတွင်းဆိပ်ဆိုတာ လိုအပ်ပါတယ်။ အရင်တုန်းက သင်္ဘောပေါ် က ချရင်ပဲဖြစ်ဖြစ်၊ စက်ရုံက သယ်ရင် ပဲဖြစ်ဖြစ် ကားပဲသုံးနေရတာ။ ကား က ငွေကြေးကုန်ကျမှုတွေနဲ့ အချိန် တွေ ပိုကုန်ကျပါတယ်။ ရထားကတော့ အဲဒီကုန်ကျမယ့် ကုန်ကျစရိတ်တွေကို လျှော့ချပေးပါတယ်''ဟု ဦးသူရဦး အောင်မျိုးမြင့်က ပြောသည်။

ကုန်းတွင်းဆိပ်များအား နိုင်ငံ တကာ၌ တွင်ကျယ်စွာအသုံးပြုနေ ကာ ကုန်သွယ်ရေးတွင် အချက်အချာ ကျ သည့် မြန်မာနိုင်ငံတစ်ခုသာ ဤ စနစ်အားအသုံးမပြုကြောင်း သိရသည်။

ရွာသာကြီးနှင့် မြစ်ငယ်ဘူတာ တွင် ကုန်းတွင်းဆိပ်များဆောက်လုပ် ရခြင်းမှာ ကုန်သွယ်ရေးတွင် အချက် အချာ ကျသည့်လမ်းမကြီးများ၊ သင်္ဘော ဆိပ်များနှင့် နီးကာကုန်းတွင်းဆိပ် ဆောက်ရန် မြေနေရာ လုံလောက်သော ကြောင့်ဟု သိရသည်။

ယင်းကုန်းတွင်းဆိပ်များ ဆောက် လုပ်ရန် နိုင်ငံပိုင်သတင်းစာများတွင် တင်ဒါများခေါ်ယူမည်ဖြစ်ကာ အမှန် တကယ် စိတ်ဝင်စားပြီး ပြုလုပ်မည့် သူများသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group 

No comments:

Post a Comment