Friday 18 July 2014

KIA ငွေတောင်း၊ လူဖမ်းပြန်ပြီ

Photo: KIA ငွေတောင်း၊ လူဖမ်းပြန်ပြီ
Friday, July 18, 2014 

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၌ နေထိုင်သော ဒေသခံများအား ဇူလိုင် ၁၆ ရက်နေ့တွင်ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ငွေတောင်းလူဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဆယ်ဇင်းကျေးရွာ၊ မှော်ကုဋေရပ်ကွက်နေ အုပ်ချုပ်ရေးမှူးနေအိမ်သို့ ဇူလိုင် ၁၆ ရက်ည ၁၁ နာရီခန့်တွင် KIA အဖွဲ့တစ်ဖွဲ့ ၀င်ရောက်လာပြီး ငွေ ၅ သိန်းတောင်းခံကြောင်း သိရသည်။

``ငွေ ၅ သိန်း တောင်းတယ်၊ ငွေ ၁ သိန်းပဲရှိတာမို့ တောင်းပန်ပြီး ပေးလိုက် ရတယ်၊ အုပ်ချုပ်ရေးမှူးကလည်း သေနတ်တွေကိုင်ထားတဲ့ ကချင်စစ်သားတွေ ကို ကြောက်နေတာ၊ နောက်ထပ်လာပြီးယူမယ်၊ ငွေအဆင်သင့် လုပ်ထားဆိုပြီး ပြောသွားတယ်ကြားတယ်´´ ဟု အုပ်ချုပ်ရေး မှူးနှင့် ဆွေးမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ဝေကန်မှော်ရပ်ကွက်သို့ ည ၁၂ နာရီချိန်ခန့်တွင် ရောက်ရှိလာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား ငွေမပေးသောကြောင့် ကြိုးတုပ်ဖမ်းဆီးသွားကြောင်း သိရသည်။

``ငွေတောင်းတာမပေးတော့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ အတွင်းရေးမှူးကို ဟိုအဖွဲ့နဲ့ဆက်သွယ်တယ်၊ ဒီအဖွဲ့နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားတာ´´ ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
KIA အဖွဲ့မှ ဖမ်းဆီးသွားသူနှစ်ဦးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်(၄၈)နှစ်၊ ဗမာ/ဗုဒ္ဓနှင့် အတွင်းရေးမှူး ဦးမောင်ကြီး(၄၅)နှစ်၊ ဗမာ၊ဗုဒ္ဓတို့ ဖြစ်ကြောင်း သိရသည်။

အလားတူ မဘိမ်းမြို့နယ်၊ တုံကွာကျေးရွာနေ ဒေါ်ရွှေ၏နေအိမ်၌ အတင်းဝင်ရောက်နေထိုင်သော KIA အဖွဲ့ သည် မိုးလှိုင်ကျေးရွာနေ အမျိုးသမီး(၄)ဦးအား ငွေတောင်းရာ မပေးသဖြင့် ရိုက်နှက်ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

``သူတို့ကို မူးယစ်ဆေးဝါးရောင်းတယ်ဆိုပြီး အိမ်ပေါ်တွေကို တက်ရှာတယ်၊ ဘာမှမတွေ့တော့ ဘယ်မှာ ၀ှက်ထား လဲဆိုပြီး ရိုက်ပုတ်မေးတယ်၊ အသားအနာမခံချင်ရင် တစ်ယောက် ၅ သိန်းပေးဆိုပြီး တောင်း တယ်၊ ငွေမပေးနိုင်လို့ ဖမ်းသွားတာ´´ဟု ဆွေးမျိုးတော်စပ်သူ တစ်ဦးက ပြောကြားသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော အမျိုးသမီး(၄)ဦးမှာ မအေး၊ မလွမ်း၊ မခင်နှင်းဆီးနှင့် မနှင်းနန္ဒာဌေးတို့ ဖြစ်ကြသည်။

``လူဖမ်းသွားပြီး ငွေနဲ့ လာရွေး ခိုင်းမှာလေ၊ ကလေးအငယ်ရှိတဲ့ မိခင်တွေလည်း ပါသွားတော့၊ ငွေရှာပြီး လိုက်ရွေးရမှာပေါ့၊ KIA အဖွဲ့က အခုတလော လူဖမ်းပြီးငွေတောင်းတာတွေ လုပ်လာတာဆက်တိုက်ပဲ၊ ကချင်ပြည်နယ် မှာ ပြန်ပေးဆွဲစားနေတဲ့ ပြန်ပေးအဖွဲ့လို့ ပြောရမှာပေါ့၊ နောက်ပိုင်း ဓားပြတိုက်စားမယ်နဲ့ တူပါတယ်´´ ဟု မိုးလှိုင်ရွာသားတစ်ဦး က ပြောကြားသွားသည်။

ဇော်မိုင်
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၌ နေထိုင်သော ဒေသခံများအား ဇူလိုင် ၁၆ ရက်နေ့တွင်ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ငွေတောင်းလူဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိ ရ သည်။
ဆယ်ဇင်းကျေးရွာ၊ မှော်ကုဋေရပ်ကွက်နေ အုပ်ချုပ်ရေးမှူးနေအိမ်သို့ ဇူလိုင် ၁၆ ရက်ည ၁၁ နာရီခန့်တွင် KIA အဖွဲ့တစ်ဖွဲ့ ၀င်ရောက်လာပြီး ငွေ ၅ သိန်းတောင်းခံကြောင်း သိရသည်။

``ငွေ ၅ သိန်း တောင်းတယ်၊ ငွေ ၁ သိန်းပဲရှိတာမို့ တောင်းပန်ပြီး ပေးလိုက် ရတယ်၊ အုပ်ချုပ်ရေးမှူး ကလည်း သေနတ်တွေကိုင်ထားတဲ့ ကချင်စစ်သားတွေ ကို ကြောက်နေတာ၊ နောက်ထပ်လာပြီးယူမယ်၊ ငွေအဆင်သင့် လုပ်ထားဆိုပြီး ပြောသွားတယ်ကြားတယ်´´ ဟု အုပ်ချုပ်ရေး မှူးနှင့် ဆွေးမျိုးတော်စပ်သူ တစ် ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ဝေကန်မှော်ရပ်ကွက်သို့ ည ၁၂ နာရီချိန်ခန့်တွင် ရောက်ရှိလာပြီး ရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့် အတွင်းရေးမှူးအား ငွေမပေးသောကြောင့် ကြိုးတုပ်ဖမ်းဆီးသွားကြောင်း သိရသည်။

``ငွေတောင်းတာမပေးတော့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ အတွင်းရေးမှူးကို ဟိုအဖွဲ့နဲ့ဆက်သွယ်တယ်၊ ဒီအဖွဲ့နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားတာ´´ ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
KIA အ ဖွဲ့မှ ဖမ်းဆီးသွားသူနှစ်ဦးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်(၄၈)နှစ်၊ ဗမာ/ဗုဒ္ဓနှင့် အတွင်းရေး မှူး ဦးမောင်ကြီး(၄၅)နှစ်၊ ဗမာ၊ဗုဒ္ဓတို့ ဖြစ်ကြောင်း သိရသည်။

အလားတူ မဘိမ်းမြို့နယ်၊ တုံကွာကျေးရွာနေ ဒေါ်ရွှေ၏နေအိမ်၌ အတင်းဝင်ရောက်နေထိုင်သော KIA အဖွဲ့ သည် မိုးလှိုင်ကျေးရွာနေ အမျိုးသမီး(၄)ဦးအား ငွေတောင်းရာ မပေးသဖြင့် ရိုက်နှက်ပြီး ဖမ်းဆီး သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

``သူတို့ကို မူးယစ်ဆေးဝါးရောင်းတယ်ဆိုပြီး အိမ်ပေါ်တွေကို တက်ရှာတယ်၊ ဘာမှမတွေ့တော့ ဘယ်မှာ ၀ှက်ထား လဲဆိုပြီး ရိုက်ပုတ်မေးတယ်၊ အသားအနာမခံချင်ရင် တစ်ယောက် ၅ သိန်းပေးဆိုပြီး တောင်း တယ်၊ ငွေမပေးနိုင်လို့ ဖမ်းသွားတာ´´ဟု ဆွေးမျိုးတော်စပ်သူ တစ်ဦးက ပြောကြားသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော အမျိုးသမီး(၄)ဦးမှာ မအေး၊ မလွမ်း၊ မခင်နှင်းဆီးနှင့် မနှင်းနန္ဒာဌေးတို့ ဖြစ်ကြ သည်။

``လူဖမ်းသွားပြီး ငွေနဲ့ လာရွေး ခိုင်းမှာလေ၊ ကလေးအငယ်ရှိတဲ့ မိခင်တွေလည်း ပါသွားတော့၊ ငွေရှာပြီး လိုက်ရွေးရမှာပေါ့၊ KIA အဖွဲ့က အခုတလော လူဖမ်းပြီးငွေတောင်းတာတွေ လုပ်လာတာဆက်တိုက်ပဲ၊ ကချင်ပြည်နယ် မှာ ပြန်ပေးဆွဲစားနေတဲ့ ပြန်ပေးအဖွဲ့လို့ ပြောရမှာပေါ့၊ နောက်ပိုင်း ဓားပြတိုက်စားမယ်နဲ့ တူပါတယ်´´ ဟု မိုးလှိုင်ရွာသားတစ်ဦး က ပြောကြားသွားသည်။

ဇော်မိုင် 

No comments:

Post a Comment