Friday 18 July 2014

ဗိုလ်ချုပ်မှတ်တမ်းဗီဒီယိုကို အမျိုးသားလွှတ်တော်ခေတ္တနားချိန်တွင် ပြသမည်

ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော်အစည်း အဝေး ခေတ္တရပ်နားချိန်တွင် ဗိုလ် ချုပ်အောင်ဆန်းမှတ်တမ်း ဗီဒီယို ကို ပြသမည်ဖြစ်ပြီး ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ် သက်သည့် အထိမ်းအမှတ်များ ကို ပြုလုပ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘၁၅ မိနစ်စာလောက်ပဲရှိတဲ့ ဗီဒီယိုကလစ်ပါ။ ဘာကြောင့်လဲ ဆိုတာတော့မပြောတတ်ပါဘူး။ ဒါပေမဲ့ အာဇာနည်နေ့ကလည်း နီးနေပြီလေ’’ဟု အမျိုးသားလွှတ် တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလ ၁၇ ရက်တွင်ပြုလုပ် သော အမျိုးသားလွှတ်တော် အစည်းအဝေး၌လည်း အစည်း အဝေးခေတ္တ ရပ်နား ချိန်တွင် ဗိုလ် ချုပ်အောင်ဆန်းပြောကြားသည့် တိုင်းပြည်ထူထောင်ရေးနှင့်ပတ် သက်သော မိန့်ခွန်းကောက်နုတ် ချက်များကို ဖွင့်လှစ်ခဲ့သည်။

‘‘လွှတ်တော်ခဏနားတဲ့ အချိန်မှာ ဗိုလ်ချုပ်မိန့်ခွန်းတွေဖွင့် ပြတယ်။ ဓာတ်ပုံတချို့ကိုလည်း သီချင်းနဲ့တွဲထား တဲ့ ဗီဒီယိုလည်း ဖွင့်ပြတယ်။ အာဇာနည်နေ့ အထိမ်းအမှတ်နဲ့လုပ်တာဖြစ်နိုင် ပါတယ်။ ဒီလိုအထိမ်းအမှတ် အနေနဲ့ လုပ်ပေးတာ ကြိုဆိုရ မယ့်ကိစ္စဖြစ်ပါတယ်’’ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဗိုလ်ချုပ်အောင် ဆန်းနှင့်ပတ်သက်သည့် အထိမ်း အမှတ်များကိုပြုလုပ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး အမျိုး သားလွှတ်တော်တွင် ယခင်နှစ် များက ယခုကဲ့သို့ ပြုလုပ်လေ့မရှိ ကြောင်း လွှတ်တော် ကိုယ်စား လှယ်အချို့က ပြောသည်။

အမျိုးသားလွှတ်တော်တွင် ထိုကဲ့သို့ အစီအစဉ်များပြုလုပ် ရန် စီစဉ်ထားသော်လည်း ပြည် သူ့လွှတ်တော်တွင် ထိုကဲ့သို့ပြု လုပ်မည်ဟု မကြားမိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။

‘‘ဒီလိုမိန့်ခွန်းတွေဖွင့်ပြတယ် ဆိုတာ ဥက္ကဋ္ဌကြီးရဲ့ အစီအမံဖြစ် ပါတယ်။ ဒီလိုဖွင့်ပြခြင်းအားဖြင့် သူ့စိတ် ထဲမှာ ဗိုလ်ချုပ်နဲ့ပတ် သက်လို့ ဘယ်လိုသဘောထားရှိ တယ်ဆိုတာ ထင်ဟပ်စေပါ တယ်။ အာဇာ နည်နေ့ရောက်ဖို့ နှစ်ရက်လောက်အလိုမှာ ဒီလို လုပ်ပေးတယ်ဆိုတာ အင်မတန် ကိုဝမ်းသာစရာကောင်း ပါတယ်’’ ဟု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြော သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်အတွက် အစားထိုးမရ သည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး တပ် မတော်ဖခင်ကြီးလည်းဖြစ်ကာ မိမိအနေဖြင့် အစဉ်အမြဲအလေး ထားသည့်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ် ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြည် တွင်းသတင်းဌာနတစ်ခု၏ အင် တာဗျူးတစ်ခုတွင် ဖြေကြားထား သည်။

7Day Daily

No comments:

Post a Comment