Friday 18 July 2014

ညမထွက်ရအမိန့် ပြန်ရုပ်သိမ်းရန် ၀န်ကြီးချုပ်ကို မေတ္တာရပ်ခံမည်

မန္တလေးမြို့တွင် လတ်တလော ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို တဖြည်း ဖြည်းပြန် လည်ဖြေေ လျှာ့ေ ပး ရန် တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်း ရေးကော်မတီက မေတ္တာရပ်ခံစာ တစ်စောင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် ဇူလိုင် ၂ ရက်ကစတင်ဖြစ်ပွားခဲ့သည့် လူ မျိုးရေး၊ ဘာသာရေးပဋိပက္ခများ ကြောင့် မြို့နယ် ခုနစ်မြို့နယ်၌ည ၉ နာရီမှ နံနက် ၅ နာရီအထိ မထွက်ရသည့်အမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ မန္တလေးမြို့၏ စီးပွားရေးအပြင် ပညာရေး၊ လူမှု ရေး၊ ကုန်သွယ်ရေးလုပ်ငန်းများ ကို သက်ရောက်ခဲ့သဖြင့် အခြေ အနေ ပြန်လည်တည်ငြိမ်လာ သည့် အချိန်တွင် အမိန့်အား ပြန် လည်လျှော့ချသတ်မှတ်ပေးရန် ၀န်ကြီးချုပ်ထံ ပန်ကြား လွှာ တစ် စောင်ကို ယခုလ ၁၈ရက်တွင် တင် ပြသွားမည်ဖြစ်ကြောင်း မန္တလေး မြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော် မတီမှ ပြန်ကြားရေးတာဝန်ရှိသူ ဦးမင်းထက်ငြိမ်းချမ်းက ပြော သည်။

‘‘လုံးဝ မရုပ်သိမ်းရင် တောင် ည ၉ နာရီ၊ မနက် ၅ နာရီကနေ ၁၀ နာရီမှ ၄ နာရီ၊ ၁၁ နာရီက ၃ နာရီဆိုပြီး နည်းနည်း ချင်း ဖြေလျှော့ပေးဖို့ ၀န်ကြီးချုပ် ဆီကို ပန်ကြားလွှာတင်မှာ’’ဟု ဦးမင်းထက်ငြိမ်းချမ်းက ထည့် သွင်းပြော သည်။

ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ကြောင့် မန္တလေးမြို့တွင် အ ရောင်းအ၀ယ်လုပ်ငန်းများ အ ခက်အခဲဖြစ်ရသည့် အပြင် မြို့ နေလက်လုပ် လက်စားများအ တွက်လည်း ညမထွက်ရအမိန့် ကြောင့် စားဝတ်နေရေး အခက်တွေ့နေ ရသည်ဟု မြို့ခံများကပြောသည်။

မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီကို ယခု လ ၄ ရက်မှစတင်၍ မြို့ခံလူမှု ရေးအသင်းအဖွဲ့ များမှ တာဝန်ရှိ သူများနှင့် ဖွဲ့စည်းခဲ့သည်။

7Day Daily

No comments:

Post a Comment