Friday 18 July 2014

လေယာဉ်ပစ်ချခံရမှုကြောင့် မလေးရှားလေကြောင်းလိုင်း၏ ရှယ်ယာ ၁၈ ရာခိုင်နှုန်းခန့် ထိုးကျ

Photo: လေယာဉ်ပစ်ချခံရမှုကြောင့် မလေးရှားလေကြောင်းလိုင်း၏ ရှယ်ယာ ၁၈ ရာခိုင်နှုန်းခန့် ထိုးကျ
Friday, July 18, 2014 

ပဋိပက္ခ ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံ ဝေဟင်တွင် မလေးရှား လေကြာင်းလိုင်းမှ MH 17 ခရိးသည်တင်လေယာဉ် ဇူလိုင် ၁၇ ကပျက်ကျခဲ့မှုနှင့် ဆက်စပ်ပြီး မလေးရှားလေကြောင်းလိုင်း၏ ရှယ်ယာမှာ ၁၈ ရာခိုင်နှုန်းခန့် ထိုးကျသွားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

၁၇ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ရှယ်ယာတစ်ခုလျှင် ရင်းဂစ် သုည ဒသမ ၁၈၅ ဖြစ်ကြောင်း ကွာလာလမ်ပူ စတော့အိပ်ချိန်းက ပြောသည်။

အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းလာသည့် MH 17 လေယာဉ်မှာ ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်း အရှေ့ပိုင်းတွင် ပျက်ကျခဲ့ကာ လေယာဉ်ပေါ် လိုက်ပါလာသူ ၂၉၈ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းလေယာဉ် ပျက်ကျမှုသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောသည်။

မလေးရှားလေကြောင်းလိုင်း အနေဖြင့် မတ် ၈ ရက်နေ့က လူ ၂၃၉ ဦး လိုက်ပါပြီး ပျောက်ဆုံးခဲ့သည့် MH 370 လေယာဉ်ကိစ္စကိုပင် မဖြေရှင်းနိုင်သေးချိန်တွင် ယခုနောက်ထပ် MH 17 လေယာဉ်ပျက်ကျမှုကြောင့် အဆိုပါ လေကြောင်းလိုင်း၏ ပုံရိပ်မှာ ပိုမိုဆိုးရွားသွားကြောင်း ရင်းနှီးမြှပ်နှံမှု သုတေသီ မိုရှင်အဇစ်က ပြောကြားခဲ့သည်။

“လေကြောင်းသမိုင်းမှာ ဘယ်လေကြောင်းလိုင်းမှ လေးလလောက်အတွင်း ဒီလိုကပ်ဆိုး နှစ်ကြိမ် မဖြစ်ခဲ့ဖူးဘူး” ဟု ၎င်းကပြောသည်။

Ref: AFP

မလေးရှားလေကြောင်းလိုင်းမှ MH 17 လေယာဉ်ပျက်ကျမှုနှင့် ဆက်စပ်ပြီး Tokyo Stock Exchange တွင် ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းက စတော့ဈေးနှုန်းများ ပြောင်းလဲသွားမှုကို တွေ့ရစဉ်

ပဋိပက္ခ ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံ ဝေဟင်တွင် မလေးရှား လေကြာင်းလိုင်းမှ MH 17 ခရိးသည် တင်လေယာဉ် ဇူလိုင် ၁၇ ကပျက်ကျခဲ့မှုနှင့် ဆက်စပ်ပြီး မလေးရှားလေကြောင်းလိုင်း၏ ရှယ်ယာမှာ ၁၈ ရာခိုင်နှုန်းခန့် ထိုးကျသွားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

၁၇ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ရှယ်ယာတစ်ခုလျှင် ရင်းဂစ် သုည ဒသမ ၁၈၅ ဖြစ်ကြောင်း ကွာလာလမ်ပူ စတော့အိပ်ချိန်းက ပြောသည်။

အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းလာသည့် MH 17 လေယာဉ်မှာ ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်း အရှေ့ပိုင်းတွင် ပျက်ကျခဲ့ကာ လေယာဉ်ပေါ် လိုက်ပါလာသူ ၂၉၈ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းလေယာဉ် ပျက်ကျမှုသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောသည်။

မလေးရှားလေကြောင်းလိုင်း အနေဖြင့် မတ် ၈ ရက်နေ့က လူ ၂၃၉ ဦး လိုက်ပါပြီး ပျောက်ဆုံးခဲ့သည့် MH 370 လေယာဉ်ကိစ္စကိုပင် မဖြေရှင်းနိုင်သေးချိန်တွင် ယခုနောက်ထပ် MH 17 လေယာဉ်ပျက်ကျမှုကြောင့် အဆိုပါ လေကြောင်းလိုင်း၏ ပုံရိပ်မှာ ပိုမိုဆိုးရွားသွားကြောင်း ရင်းနှီးမြှပ်နှံမှု သုတေသီ မိုရှင်အဇစ်က ပြောကြားခဲ့သည်။

“လေကြောင်းသမိုင်းမှာ ဘယ်လေကြောင်းလိုင်းမှ လေးလလောက်အတွင်း ဒီလိုကပ်ဆိုး နှစ်ကြိမ် မဖြစ်ခဲ့ဖူး ဘူး” ဟု ၎င်းကပြောသည်။

Ref: AFP

No comments:

Post a Comment