Tuesday 29 April 2014

မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲအား EU ရုံးခန်းတွင် ယနေ့ပြုလုပ်မည်

မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ဥရောပသမဂ္ဂရုံး၌ ယနေ့ ဧပြီ ၂၉ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ နှစ်နာရီကြာ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ထိုဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ (FPPS) တို့ကို ဖိတ်ကြားထားသည်။ ထိုဆွေး နွေးပွဲသို့ဗ AAPP မှ ဦးဘိုကြ ည်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်တို့ကို တက်ရောက်ရန်အတွက် ဥရောပသမဂ္ဂ ရုံးမှ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု ဦးဘိုကြည်က ပြောကြားသည်။ ဆွေးနွေးပွဲတွင် EU အဖွဲ့၏ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက လာရောက်ဆွေးနွေး မည်ဖြစ်ကြော င်း သိရှိရပါသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသားများ ဆုံးရှုံးခံနေရသည့် လူ့အခွင့်အရေးအခြေအနေများကို တင်ပြဆွေးနွေးသွားမည်ဟုလည်း ဦးဘိုကြည် က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment