Wednesday 20 May 2015

တရုတ်နိုင်ငံဘက်ခြမ်းကို လက်နက်ကြီးကျည်ကျတာဟာ MNDAA ရဲ့ လက်ချက်ပါ

ကိုးကန့်ဒေသကို MNDAA အဖွဲ့ တိုက်ခိုက်လာမှုကြောင့် အစိုးရတပ်များအနေနဲ့ လိုက်လံရှင်းလင်းရင်း တရုတ်နိုင်ငံဘက်ခြမ်းကို လက်နက်ကြီး ကျခဲ့ဖူးပါတယ်။ အဲဒီအကြိမ်မှာတုန်းက အစိုးရတပ်တွေ ပစ် လိုက်တဲ့ကျည်ဆိုပြီး တရုတ်ကိုတောင်းပန်တယ်၊ ပြီးတော့လျော်ကြေးပေးခဲ့ရပါတယ်။ ဒါဟာ အစိုးရတပ် ဘက်က ကိုယ်လုပ်ရင် ကိုယ်ခံရဲတယ်ဆိုတဲ့ သတ္တိကို ပြသလိုက်တာပါ။ ဒါပေမယ့် မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ တရုတ်နိုင်ငံဘက်ခြမ်းကို ကျခဲ့တဲ့လက်နက်ကျည်တွေကတော့ အစိုးရတပ်တွေရဲ့ လက်ချက်မဟုတ်ဘူးလို့ ကာချုပ်ကိုယ်တိုင် တရုတ်သံအမတ်ကြီးကို ရှင်းပြခဲ့တာ တွေ့ရပါတယ်။

အစိုးရတပ်တွေအနေနဲ့ကလည်း တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်မှာ စိုးရိမ်တာရယ်၊ အရင်တစ်ကြိမ် ကလည်း ကျခဲ့ဖူးလေတော့ ဆင်ဆင်ခြင်ခြင် လုပ်မှာ သေချာပါတယ်။ အခုတစ်ကြိမ်ကျတဲ့ လက်နက်ကြီး ကျည်တွေဟာ အစိုးရတပ်တွေ ပစ်တာ မဟုတ်နိုင်ဘူးလို့ စစ်ရေးလေ့လာစောင့်ကြည့်သူ ပညာရှင်အချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

“ တရုတ်သံအမတ်ကြီးကို ကာချုပ်ကိုယ်တိုင် ရှင်းပြတာ သဘာဝကျပါတယ်၊ မြေအနေအထားကိုပဲ ကြည့် လေ၊ အစိုးရတပ်တွေက ပွိုင့်-၂၂၀၂ ကို တိုက်နေတဲ့ အရပ်မျက်နှာနဲ့ အခုကျည်ကျပါတယ်ဆိုတဲ့ နမ်စန်မြို့ က နောက်ကျောခိုင်း အနေအထားပါ၊ အဲဒီမြို့ကို ပစ်တဲ့ လက်နက်ကြီးတွေရဲ့ လမ်းကြောင်း အနေအထား အရ အစိုးရတပ်တွေ မဖြစ်နိုင်ပါဘူး” ဟု စစ်ရေးသုံးသပ်သူ ပညာရှင်တစ်ဦးက ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်ခြမ်း နမ်စန်မြို့အတွင်းသို့ နှစ်ရက်ဆက်တိုက် ကျရောက် ပေါက်ကွဲခဲ့သော အမြောက်ကျည်များသည် အစိုးရတပ်များမှ ပစ်ခတ်ခြင်း မဟုတ်ပါက MNDAA အဖွဲ့ရဲ့ လက်ချက်သာ ဖြစ်နိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်၏ ရှင်းလင်းချက်ကို ကိုးကားပြီး အလွတ်သတင်း ထောက် တစ်ဦးက ဆိုပါတယ်။

“ မေလ ၁၄ ရက်နေ့ညက MNDAA အဖွဲ့ နေရာယူထားတဲ့ ပွိုင့်-၂၀၇၁ တောင်ကုန်းကနေ တရုတ်နိုင်ငံ ဘက်ကို လက်နက်ကြီး ပစ်ခတ်သံနဲ့ မီးအလင်းတန်းတွေကို အစိုးရတပ်တွေက မြင်ခဲ့တယ်လို့ ပြောတယ်။ အဲဒီ မျက်မြင်တွေ့ရှိချက်ကို လင်ချန်းစစ်ဒေသဆက်ဆံရေး အရာရှိဆီကို အစိုးရတပ်ဘက်က အချိန်နဲ့ တစ်ပြေးညီ ဆက်သွယ်ခဲ့တယ်လို့ သိရတယ်၊ အဖြေကရှင်းနေတာပဲလေ၊ ဒါဟာ MNDAA အဖွဲ့ရဲ့ လက်ချက်ပါ ” ဟု ယင်းက ဆက်လက်ပြောကြားသွားပါတယ်။

အလားတူ မေလ ၁၄ ရက် ညပိုင်း ဘီပီ - ၁၁၃ နှင့် ဘီပီ - ၁၁၅ ဘက်တို့တွင် တရုတ်နိုင်ငံဘက်ခြမ်း၌ အမြောက်ကျည် ၄၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲတဲ့ ဖြစ်စဉ်မှာလည်း အဲဒီအချိန်မှာ အစိုးရတပ်များ အနေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရှင်းလင်းချက်မှာ ထည့်သွင်း ပြောကြားသွားပါတယ်။

အဆိုပါ ကျည်ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ MNDAA မှ ပြောခွင့်ရပုဂ္ဂိုလ် ထွန်းမြတ်လင်း က သူတို့ ကိုးကန့်တပ်ဖွဲ့က ပစ်တဲ့ လက်နက်ကျည်မဟုတ်ဘူး ဆိုပြီး ငြင်းဆိုလိုက်တာ တွေ့ရပါတယ်။ “ ကျနော် တို့က နယ်စပ်မျဉ်းကို ကျောပေးပြီးတော့ ရှေ့ကလာတဲ့ ရန်သူကို ခုခံနေရပါတယ်၊ အဲဒီတော့ ကျနော်တို့ ပစ်တဲ့ လက်နက်တွေအားလုံး သေနတ်တို့ RPG တို့က နယ်စပ်ရဲ့ အနောက်ဘက်ခြမ်းကိုပဲ ရောက်ပါ့မယ်။ ဆိုတော့ မြန်မာ့တပ်မတော်ကနေ ပစ်တဲ့ဟာပဲ ဒီတရုတ်ထဲကို ၀င်ဖို့ဟာရှိတယ်။ နောက်ပြီးတော့ ကျနော်ကြားတာ သူတို့ရဲ့ အဲဒီလက်နက်က ၁၀၅ မမ ဆိုတာ ရှိပါတယ်တဲ့၊ ကျနော်တို့ ဆီမှာ အဲလို လက်နက်မရှိပါဘူး ” ဆိုပြီး ထွန်းမြတ်လင်းက VOA ကို ဖြေကြားထားတာ ရှိပါတယ်။

MNDAA အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ထွန်းမြတ်လင်းဟာ ကိုးကန့်တိုက်ပွဲကာလ တစ်လျှောက်လုံး မဟုတ် မမှန် သတင်းတွေကိုသာ ပြောနေတဲ့ လူဖြစ်ပါတယ်။ အစိုးရတပ်တွေက သူတို့ စခန်းကုန်းတွေကို တစ်ကုန်း ပြီးတစ်ကုန်း သိမ်းနေတာတောင် အသိမ်းမခံရဘူးဆိုပြီး ငြင်းတယ်။ ခွေးပြေးဝက်ပြေး ထွက်ပြေးနေရတာကို ဆုတ်ခွာနေတာပါဆိုပြီး ညာတယ်။ တရုတ်နယ်စပ်ထိ ရအောင်ပြေးပြီး အစိုးရတပ်တွေ မပစ်နိုင်အောင် ကလိန် ကကျစ်လုပ်တယ်။ ကျည်ကျော်ကျတော့ အစိုးရတပ်တွေ ပစ်တာပါဆိုပြီး မီဒီယာကို ဖြီးတယ်။ ရှင်းရှင်း ပြောရရင် ရှေ့တန်းစစ်မြေပြင်ကို ကိုယ်တိုင်မရောက်ဖူးဘဲ ပုန်းလျှိုးကွယ်လျှိုး ထင်ရာပြောနေတဲ့ ထွန်းမြတ်လင်းကို မိန်းမထမီသာ ၀တ်ပေးထားဖို့ ကောင်းတော့တယ်။

“ ထွန်းမြတ်လင်းက မိန်းမကျင့် မိန်းမဥာဏ်နဲ့ ကြံစည်နေတဲ့ကောင်ပါ။ သူကသာ ရှေ့မှာ မဟုတ်မမှန်တွေ လျှောက်ပြောနေ၊ နောက်ကွယ်က စစ်သားတွေကတော့ အတုံးအရုန်း သေကုန်ပြီ၊ ပြေးတဲ့ကောင်က ပြေးပြီ၊ အစိုးရတပ်တွေ တရစပ်တိုက်တာကို မခံနိုင်တော့ ယောက်ျားပီပီသသ မတိုက်ရဲဘူး၊ တရုတ်ဘက်ကို သူတို့ အဖွဲ့က လက်နက်ကြီးနဲ့ လှမ်းပစ်ပြီး အစိုးရတပ်ကို လွှဲချတာ၊ ဒီလုပ်ရပ်က ကလေးကလားဆန်ပါတယ်ဗျာ၊ သတ္တိရှိရင် ယောကျာ်းတွေလို ရင်ဆိုင်တိုက်ပေါ့၊ အလကား သတ္တိကြောင်တဲ့ အဖွဲ့ ” ဟု လောက်ကိုင် ဒေသခံတစ်ဦးက ပြောကြားသွားပါတယ်။

ဇင်သန့်
နေ့စဉ်သတင်း

No comments:

Post a Comment