Wednesday 20 May 2015

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

ကန်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး အန်ထော်နီဘလင်ကင်း 
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကင်း သည် လာမည့်မေလ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

အမေရိကန်သံရုံး(ရန်ကုန်)၏ ထုတ်ပြန်ချက်အရ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန် ထော်နီဘလင်ကင်းသည် ၎င်း၏ နှစ်ရက်ကြာခရီးစဉ်အတွင်း မြန်မာအစိုးရအဆင့်မြင့်အရာရှိများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ အရှေ့တောင်အာရှရှေ့ဆောင်လူငယ်ခေါင်းဆောင်အဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်း များမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံ မည်ဖြစ်သည်။

မစ္စတာ ဘလင်ကင်းသည် ၎င်း၏ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာသုံးနိုင်ငံခရီးစဉ်ကို မေလ ၁၆ ရက် မှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ကာ မေလ ၂၃ ရက်တွင် ၀ါရှင် တန်ဒီစီသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ မြန် မာခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲကို မေလ ၂၂ ရက် ညနေတွင် ပြုလုပ်ရန်ရှိသည်။

7Day DAILY 

No comments:

Post a Comment