Wednesday 20 May 2015

ဂျပန် မင်းသားကပြောတာ ငါတို့က ရှားပါးပန်ဒါတွေ ဖြစ်ကုန်ပါပြီတဲ့

အသက် ၃၅ နှစ်ပဲ ရှိသေးတဲ့ အပြာကား(Adult Video) တွေ ရိုက်တဲ့ နံမည်ကြီး ဂျပန်မင်းသား “Shimiken” (Ken Shimizu) က မကြာသေးခင်က AFP သတင်းဌာနကို ရင်ဖွင့်ခဲ့တာကတော့“ ငါတို့ဟာ မျိုးတုံးတော့မယ့် မျိုးစိတ်တွေ ဖြစ်နေပြီ”လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။


ဂျပန်နိုင်ငံက ထုတ်တဲ့ အပြာကား (AV) စီးပွားရေးလုပ်ငန်းဟာ US ဒေါ်လာ ၂၀ ဘီလီယံ ရှိပါတယ်။ လက်ရှိအချိန်မှာတော့ သရုပ်ဆောင် မင်းသားက ၇၀ လောက်သာ ရှိပြီး မင်းသမီးက ၁၀၀၀၀ လောက်ရှိတဲ့ အတွက် ဒီလောက်ကြီး ကျယ်တဲ့ စီးပွားရေး လုပ်ငန်းကြီးဟာ မင်းသားရှားပါး တဲ့ ပြဿနာနဲ့ ကြုံနေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း “ငါတို့ဟာ ပန်ဒါဝက်ဝံတွေလို ဖြစ်ကုန်ပြီ” လို့ Shimiken ကသည်းတွားပြော ဆိုလိုက်ခြင်းဖြစ်ပါတယ်။ 

လိင်အစွမ်းထက်ဆေး (Viagra) မသုံးစွဲဘူးလို့ ပြောတဲ့ မင်းသား “Shimiken” ဟာ သူ့ရဲ့ ခန္တာကိုယ်ကို သန်မာတောင့် တင်းအောင် အမြဲလေ့ကျင့်သလို၊ အဟာရဖြစ်စေတဲ့ အစားအသောက်တွေ စားပြီး မြွေ ကနေ ထုတ်တဲ့ အဆီကို သောက်ကာ သူ့ရဲ့ ယောက်ျားပီသ အင်အားတိုးဖို့ လုပ်ဆောင်တယ်လို့ AFP သတင်းထောက်ကို ရိုးရိုးသားသား ဖွင့်ဟပြောပါတယ်။

“Shimiken” နဲ့ တွဲရိုက်ဖူးတဲ့ ဂျပန်ရဲ့ ထိပ်တန်း AV Queen ဖြစ်တဲ့ Anri Okita ကတော့ သူ့ရဲ့ တွဲဖက်ဟာ သန်မာ တယ်၊ တကယ့်ကို genius ဖြစ်တယ်။ ဒီလိုအလုပ်မျိုးက Superman လို လုပ်နိုင်မှ ဖြစ်တယ်။ ဂျပန်နိုင်ငံဟာ သူတို့လို မင်းသားတွေအတွက် ဂုဏ်ယူရမယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒါမျိုး တွေကို ရှာဖို့ တွေ့ဖို့ ခက်နေပြီလို့ ဝန်ခံသွားပါတယ်။ 

“Shimiken” Shimizu ကတော့ တနေ့ကို ကျနော်ဟာ သုံးယောက်လောက်နဲ့ အိပ်ရပါတယ်။ အဲဒီအခါ ကျရင်လည်း ၂ နာရီလောက်ကြာပါတယ်။ ဒါဟာ ကျနော့်အတွက်တော့ အိပ်မက်ထဲက အလုပ်တခုပါပဲ။ ဒီအလုပ်ကို လုပ်ခဲ့တာ ၁၇ နှစ် ရှိပါပြီလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဂျပန်မှာတော့ ယောက်ျားတွေဟာ sex ကိုအရင်လို သိပ်စိတ်မ ဝင်စားတော့ဘူး။ အရင်ကလိုလဲ Proactive မဖြစ်တော့ဘူး။ သူတို့ရဲ့ စိတ်ဓာတ်တွေက ပိုပြီးအားနည်းသွားတယ်။ AV Queen တဦးဖြစ်တဲ့ Yuko Shiraki က ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

The Japan Times
ဧရာဝတီ

No comments:

Post a Comment