Wednesday 20 May 2015

ပြည်တွင်းကားဈေး ကျပ်သုံးသိန်းမှ ငါးသိန်းအထိ ဈေးမြင့်တက်

ကားတင်သွင်းခွင့် မူဝါဒပြောင်းလဲချိန်မှစ၍ ကားများပြားလာရာ ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်း မှုများဖြစ်ပေါ်နေသည်။(ဓာတ်ပုံ - နစ်ကီ)
စလစ်ဈေးမြင့်ပြီး ရှားပါးလာခြင်းနှင့်အတူ ငွေလဲနှုန်းမြင့်လာခြင်း၊ ကားပါကင်ထောက်ခံချက် ပြင်ပဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ပြည်တွင်း ကားဈေးကွက်တွင် ရက်ပိုင်းအတွင်း ဈေးမြင့်တက်နေကြောင်း သတင်းရရှိသည်။

စလစ်ဖြင့် တင်သွင်းသည့် အင်ဂျင်ပါဝါကြီးသော ကားများတွင် တစ်စီးလျှင် ကျပ်သုံးသိန်းမှ ငါးသိန်းအထိ ဈေးမြင့်သွားသည်ဟု ဆိုသည်။

‘‘ကားဈေးနှုန်းက ငွေလဲနှုန်းနဲ့ လိုက်တွက်ပြီး ရောင်းပေးနေရတော့ ဈေးကတော့ နည်းနည်း တက်သွား တယ်။ ဝယ်တဲ့သူတွေ ခုသာ ခံသာရှိအောင်လို့ အဆင် ပြေသလို ရောင်းပေးနေရတယ်’’ ဟု ဒေါင်ဖန်းကား အရောင်းပြခန်း တာဝန်ခံ ကိုတင်ထွဋ်က ပြောသည်။

ထို့ပြင် ကညနနှင့်အကောက်ခွန်ဦးစီးဌာနတို့တွင် ကားတင်သွင်းလာပါက ပေးဆောင်ရသည့်အခွန်မှာ နိုင်ငံခြားငွေဖြစ်သောကြောင့် ဈေးနှုန်းအနည်း ငယ်တက်သွားသည်ဟု ကိုတင် ထွဋ်က ပြောသည်။

အင်ဂျင်ပါဝါမြင့်ကားများ ဖြစ်သည့် ကလူးဂါး၊ ဆာ့ဖ်၊ ပစ်ကပ်၊ ဒဗယ်ကပ်ကားများမှာ ပြင်ပတွင် စလစ်ရှား ပါးပြီး ဈေးမြင့်နေသောကြောင့် တင်သွင်းသူနည်းပါးလာပြီး ဈေးမြင့်လာသည်ဟု လှိုင်ယာဉ်ရောင်း ဝယ်ရေး စခန်းမှ ဝါရင့်ကားဝယ်ရောင်း တစ်ဦးကပြောသည်။

ကျောင်းဖွင့်ရာသီနီးကပ် လာပြီဖြစ်၍ လိုက်ထရပ်နှင့် အင်ဂျင်ပါဝါနိမ့် ကားများဖြစ်သည့် ဆွစ်ဖ်၊ ဗစ်ဇ်၊ ပတ်ဆို အစရှိသည့် ကားငယ်လေးများ  အရောင်း အဝယ်အနည်းငယ်လိုက်သော်လည်း ဈေးမှာ မူလထက် ကျပ် သုံးသိန်းကျော် မြင့်တက်သွားသည်ဟု သိရသည်။

သီရိမင်္ဂလာယာဉ်ရောင်း ဝယ်ရေးစခန်းတွင်မူ စလစ်ဖြင့် တင်သွင်းလာသည့် ကားများ၏ဈေးနှုန်း အဓိက မြင့်တက်နေပြီး ပြင်ပတွင်   စလစ်ရှားပါးလာ ကြောင်း ကားဝယ်ရောင်းအသင်း မှ ဦးမြတ်မိုးက ပြောသည်။

ကားပါကင်ထောက်ခံချက် ပါရှိမှသာ တင်သွင်းခွင့်ရမည့် အင်ဂျင်ပါဝါနိမ့်ကားများမှာ တင်သွင်းသူ နည်းပါး လာသောကြောင့် ပြည်တွင်း၌ ရှိနေသည့်ကားများသာ အရောင်းအဝယ်ဖြစ်ပြီး ဈေးကိုပိုယူရောင်းချနေရ ကြောင်း ဦးမြတ် မိုးက ဆိုသည်။

ကားပါကင် ထောက်ခံချက်အတွက် အများစုက အလွယ်တကူပြင်ပတွင် ပြန်လည်ဝယ်ယူရာ၌  ကျပ် ခြောက်သိန်းမှ  ခုနစ်သိန်းအထိ ပေါက်ဈေးရှိနေသောကြောင့် ကား၏တန်ဖိုးမှာ ထပ်မံမြင့်တက်ခဲ့ရသည် ဟု  ကားအရောင်းအဝယ် ပြုလုပ်သူများက ဆိုသည်။

7Day DAILY 

No comments:

Post a Comment