Wednesday 20 May 2015

လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ မြန်မာအစိုးရ ကြေညာချက်ထုတ်

လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ မြန်မာအစိုးရ အနေဖြင့် နိုင်ငံတကာ နည်းတူ စိုးရိမ်ကြောင်း၊ လူမှောင်ခိုကူးမှုနှင့် တရားမ၀င်ရွေ့ပြောင်းမှုများ မိမိရေပိုင်နက်အတွင်း ဖြတ်သန်းမှုမရှိစေရေး၊ ပင်လယ် အတွင်း ဒုက္ခ ရောက် သူများကို တွေ့ရှိပါက ကူညီကယ်ဆယ်နိုင်ရန် မြန်မာ့တပ်မတော် (လေ)နှင့် (ရေ)
ပူးပေါင်းကာ ပုံမှန်ကင်းလှည့်ရှာဖွေနေကြောင်း၊ ပင်လယ်ရေကြောင်းဖြင့် ရခိုင်ပြည်နယ်မှ တရားမဝင် ရွှေ့ပြောင်းသွားလာမှုများ မရှိစေရေး ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေကြောင်း၊ လူမှောင်ခိုကူးမှုကြောင့် အတိဒုက္ခရောက်သူများကို လူသားချင်းစာန ထောက်ထားမှုရှုထောင့်မှ နိုင်ငံတကာနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ယမန်နေ့ညက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဧရာဝတီ

No comments:

Post a Comment