Wednesday 20 May 2015

သမ္မတအိုဘားမား တွစ်တာ စသုံးပြီ

အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ လူမှုကွန်ယက်စာမျက်နှာ တွစ်တာကို ၂၀၁၅ခုနှစ်၊ မေ ၁၉ ရက် မှာ စတင် အသုံးပြုလိုက်ပါပြီ။

သမ္မတအိုဘားမားက "Hello, Twitter! It's Barack. Really! Six years in, they're finally giving me my own account." ဆိုပြီး သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ပထမဆုံး ပို့စ်အဖြစ် ရေးသားထားတာပါ။

အိုဘားမားက တွစ်တာ စတင်သုံးတဲ့ နေ့မှာ သူ့ရဲ့ ဇနီး Michelle Obama ၊ White House၊ George Bush၊ Bill Clinton၊ အမေရိကန်နိုင်ငံ၏ အစိုးရအဖွဲ့အရာရှိများနှင့် အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်းများ၏ တွစ်တာအကောင့်များ စုစုပေါင်း ၆၅ဦးကို Follow လုပ်ထားတာကို တွေ့ရပြီး သူ့ကို Follow လုပ်သူ တစ်သိန်းရှစ်သောင်းကျော် ရှိပါတယ်။

Mizzima - News in Burmese​ 

No comments:

Post a Comment