Wednesday 20 May 2015

ခြောက်ပွင့်ဆိုင် ထပ်တွေ့ဖို့ အစိုးရ လေးဖင့်နေဟု ဒေါ် အောင်ဆန်းစုကြည် ဝေဖန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်သည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲနှင့် ပတ်သက်၍ အစိုးရအနေနှင့် စိတ်ပါဝင်စားမှုမရှိကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။

ဖြစ်လာနိုင်ခြေရှိသော နိုင်ငံရေးအကျပ်အတည်းများကို ရှောင်လွှဲနိုင်ရန်အတွက် အဆုံး အဖြတ်ပေး နိုင်သော နိုင်ငံရေး အင်အားစုခေါင်းဆောင်များ တွေ့ ဆုံဆွေးနွေးရန်အတွက် ခြောက်ပွင့် ဆိုင် ဆွေးနွေးပွဲ ကို ပြုလုပ်ရန် လွှတ်တော်၏ တိုက်တွန်းမှုကြောင့်သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင် မြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်မှ တိုင်းရင်း သားကိုယ်စားလှယ် ဒေါက်တာ အေးမောင်တို့သည် ၂ဝ၁၅ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့တွင် ပထမဦး ဆုံး အကြိမ်အဖြစ် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုကို စတင်ခဲ့သည်။

ထိုကဲ့သို့ ပထမဦးဆုံး တွေ့ဆုံပြီး နောက်ပိုင်းတွင်လည်း အဆိုပါ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို နောက်ထပ် တစ်ကြိမ် ထပ်မံပြုလုပ် သွားမည်ဖြစ်ကြောင်း ခြောက်ပွင့် ဆိုင် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာ အေးမောင်ကပြောကြား ခဲ့သော်လည်း ယခုအချိန်အထိ အစိုးရဘက်က ကမ်းလှမ်းလာမှု မရှိသေးကြောင်း လွှတ်တော်အ သိုင်းအဝိုင်းထံမှ သိရသည်။

ယခုကဲ့သို့ အရေးပါသော တွေ့ဆုံမှုမျိုး နှောင့်နှေးနေရခြင်းအပေါ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က''ခြောက် ပွင့်ဆိုင်နဲ့ ပတ်သက်ပြီး သူတို့ဘက် က (အစိုးရက) တက်တက်ကြွကြွ လှုပ်ရှားနေတာတွေ့လို့လား''ဟု မေလ ၁၉ ရက်နေ့ကဝေဖန်ပြော ကြားခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် မြန်မာ့နိုင်ငံရေး အခြေအနေများကို ပထမအကြိမ် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့ကြသည်ဟုသိရသည်။ သို့ရာတွင် ဆွေးနွေးပွဲမှမည်သည့်သဘော တူညီမှု မျှမရဘဲ နိုင်ငံ တကာက မြန်မာအစိုးရသည် တိုင်းပြည်၏ နိုင်ငံရေးပြဿနာ များကို ဖြေရှင်းရန် ကြိုးစားနေ သည်ဟု ထင်မြင်စေရန်အတွက် ဟန်ပြလုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟူသော ဝေဖန်မှုများ ထွက်ပေါ် လာခဲ့သည်။

စိုင်းလမင်း၊ ဇေဝေယံ
Popular Myanmar News Journal

No comments:

Post a Comment