Wednesday 20 May 2015

စာရေးဆရာထင်လင်းဦးအမှု ဇွန်လ ၂ရက်တွင် အမိန့်ချမည်

စာရေးဆရာထင်လင်းဦးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ − မျိုးမင်းဦး) 
မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှစံပြကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၄ ဒီဇင်ဘာ ၂၃ရက်က ကျင်းပသော ဆရာတော်ဦးဝိစာရ နေ့အထိမ်းအမှတ်စာပေဟော ပြောပွဲ၌ အမျိုးဘာသာသာသနာအား စော်ကားပြောဆို သည်ဟု  စွပ်စွဲခံရသော စာရေးဆရာထင်လင်းဦးကို လာမည့်ဇွန်လ ၂ရက် တွင် ချောင်းဦးမြို့နယ် တရားရုံးက အမိန့်ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စာရေးဆရာထင်လင်းဦး၏ (၁၉)ကြိမ်မြောက်ရုံးထုတ်စစ် ဆေးခြင်းကို မေလ ၁၉ရက်က ပြုလုပ်ခဲ့ပြီး တစ်နာရီကြာ နှစ်ဖက်အပြီးသတ်လျှောက်လဲ ချက်များကိုချောင်းဦးမြို့နယ်တရားရုံးတွင် ကြားနာခဲ့သည်။

‘‘နောက်တစ်ပတ်ရုံးချိန်းက ဇွန်လ ၂ရက်နေ့ပါ။ နောက်ဆုံးအ မိန့်ချမှာဖြစ်ပါတယ်။ ဒီနေ့ရုံးထုတ် စစ်ဆေးချိန်မှာ နှစ်ဖက်အပြီး သတ်လျှောက်လဲတာ ဖြစ်ပါတယ်။ စွဲဆိုထားတဲ့ ၂၉၅(က)၊ ၂၉၈အမှုနဲ့ ပတ် သက်ပြီး စာရေး ဆရာထင်လင်းဦးအနေနဲ့ တမင် မသမာသောကြံရွယ်ချက်နဲ့လုပ်ခဲ့ တာမဟုတ်ဘူး ဆိုတာ ပေါ်လွင်ပါ တယ်’’ဟု စာရေးဆရာထင်လင်း ဦး၏ အကျိုးဆောင်ရှေ့နေဦးသိန်း သန်းဦးကပြောသည်။

စာရေးဆရာထင်လင်းဦး ကိုသာသနာတော်ညှိုးနွမ်းစေမှု  ပုဒ်မ ၂၉၅(က)၊ အခြားသူများကိုးကွယ် ယုံကြည် ရာ ဘာသာကိုပုတ် ခတ်ပြောဆိုမှု ၂၉၈တို့ဖြင့် ချောင်း ဦးမြို့နယ်တရားရုံးက မတ်လ၁၇ ရက်တွင် စွဲချက် အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါအမှုကို ချောင်းဦး မြို့နယ် တရားရုံးတွင် ၂၀၁၄ ဒီ ဇင်ဘာ ၁၇ရက်က တရားသူကြီး ဦးဆန်းတင့် ခုံရုံးတွင် ပြစ်မှုကြီးအ မှတ် ၃၄၆/၂၀၁၄ဖြင့် လက်ခံစစ် ဆေးခဲ့ပြီး ယခုနှစ်မတ်လ ၂၄ရက် ၌ ချောင်းဦးမြို့ နယ် တရားသူကြီးဦးလင်းမင်းထွန်းခုံရုံးတွင်  ပြောင်းလဲ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းအမှုကို တရားလို အဖြစ် ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူးဦးဦး ထွန်းခိုင် က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို တရားလိုဦးဦး ထွန်းခိုင်နှင့်အတူ တရားလိုပြ သက်သေများအဖြစ် သုံးပန်လှစံ ပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ သုံးပန်လှစံပြကျေးရွာဒေသခံများဖြစ်သော ဦးဝင်းနိုင်၊ ဒေါ်သန်းမှီ၊ ကိုနေအောင်၊ ကိုပြည့်ဖြိုးဝေ၊ ကိုအောင်နေမျိုးတို့က လိုက်ပါဆောင်ရွက်ခဲ့သည်။ စွပ်စွဲခံရသူ စာရေးဆရာ ထင်လင်းဦး၏ သက်သေများအဖြစ် မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယ၀ံသာဘိဝံသနှင့် သန်လျင်မြို့မှ ဦးတင်မောင်ဦးတို့က လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။

7Day DAILY 

No comments:

Post a Comment