Wednesday 20 May 2015

လှေပေါ်က ရွှေ့ပြောင်းအခြေချသူများ ပြဿနာ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ တွေ့ဆုံမည်

အရှေ့တောင်အာရှပင်လယ်အတွင်း လှေများဖြင့် နိုင်ငံရွှေ့ပြောင်းအခြေချသူများ ပြဿနာကို မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားကာ ဆွေးနွေးသွားမည် ဖြစ်သည်။

အဆိုပါ သုံးနိုင်ငံက မြန်မာနိုင်ငံမှ ရိုဟင်ဂျာဟုဆိုသူများနှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းအခြေချသူများ လှေများဖြင့် လူအပြည့် အသိပ်လိုက်ပါကာ ပင်လယ်ကိုဖြတ်လျက် ဝင်ရောက်လာခြင်းကို ကြုံတွေ့နေ ရသည်။ ထိုင်းနိုင်ငံက လူမှောင်ခိုမှုများကို နှိမ်နင်းလျက်ရှိပြီးနောက်တွင် ယင်းသို့ ရွှေ့ပြောင်းလှေများမှ လူများက ကမ်းခြေသို့ ကိုယ်တိုင်ကူးခတခြင်းနှင့် ပင်လယ်အတွင်း ကယ်ဆယ်ခံရခြင်းတို့ကြောင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများသို့ ရောက်ရှိသွားသည်မှာ ဦးရေ ၃၀၀၀ နီးပါးရှိနေပြီဖြစ်သည်။

အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက ရိုဟင်ဂျာဆိုသူများကို ယင်းသို့ နိုင်ငံ မှ ရွှေ့ပြောင်းအောင်လုပ်ဆောင်နေသည်ဟု ပြစ်တင်ခြင်းများခံရပြီး ထိုအရေးကြောင့် ယခုသုံးနိုင်ငံ ဆွေးနွေးရန် ဖြစ်လာခြင်းဖြစ်သည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖတ်ရှ်အမန်၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရီတနိုမာဆူဒီနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီး တာနာဆစ်ပတ်တီမာပရာဂွန် တို့က ယနေ့ ၉ နာရီတွင် ကူလာလမ်ပူ၌ စတင်တွေ့ဆုံ မည် ဖြစ်ကြောင်း မလေးရှားအစိုးရကပြောသည်။

REF : CNA
Mizzima - News in Burmese​ 

No comments:

Post a Comment