Wednesday 20 May 2015

စတုတ္ထနှင့်အဋ္ဌမတန်းဘာသာစုံကျရှုံးသူများ ကုစားပြန်ဖြေသော်လည်း အောင်မြင်နိုင်ခြေနည်းပါး

အခြေခံပညာအောင်စာရင်း ထုတ်ပြန်ခဲ့စဉ်က ကြည့်ရှုနေသူများ (ဓာတ်ပုံ − နစ်ကီ) 
စတုတ္ထတန်းနှင့်အဋ္ဌမ တန်းအစိုးရစစ် ကုစားစာမေးပွဲ တွင်ကျရှုံးဘာသာရပ်အနည်းငယ်ကို ပြန်လည်ဖြေဆို ရသူများအောင် မြင်နိုင်မှုများပြီး ဘာသာစုံပြန်လည်ဖြေဆိုရသူများမှာ အောင်နိုင်ခြေနည်းပါးနိုင်ကြောင်း အခြေ ခံပညာဦးစီးဌာနမှ သတင်းရရှိသည်။

အဆိုပါကု စားစာမေးပွဲ အောင်စာရင်းကို မေလ ၂၅ ရက်တွင် သက်ဆိုင်ရာစာစစ်ဌာနများနှင့် မြို့နယ် ပညာရေးမှူးရုံးများ၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြော သည်။

‘‘ကုစားစာမေးပွဲမှာဝင်ဖြေ တဲ့ကျောင်းသားအရေအတွက်တော့ မသိရသေးဘူး။ ကုစားဖြေဆိုတဲ့ ဘာသာမှာ ဒီအဆင့်ရတယ်ဆိုရင် အဲဒီအတန်းမှာပဲ တစ်နှစ်ပြန်တက်ရမှာပါ။ ကလေးကျောင်းထွက် နှုန်းနည်းစေဖို့ အတွက် သုံးဘာသာလောက်ပဲ ကျတယ်ဆိုရင် အတန်းတင်ပေးမယ်။ ဘာသာစုံကျတဲ့ကလေးကတော့ တစ်နှစ်ပတ်လုံး ပြန်ကုစားမှရတော့မယ်’’ ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြော သည်။

မတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် စတုတ္ထတန်းနှင့်အဋ္ဌမတန်း အတန်းတင်အစိုးရစစ်စာမေးပွဲ အောင် စာရင်း၌ ၃၉ မှတ်အောက် ဖြင့် ဒီအဆင့်ရရှိကာ ကျရှုံးခဲ့သော ဘာသာရပ်အလိုက် ကုစားစာမေးပွဲကို မေလ ၁၄ မှ ၁၆ ရက်အထိ တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အောင်စာရင်းအဆင့် (Grade) များကို သတ်မှတ်ရာတွင် ဖြေဆိုရသည့် ဘာသာရပ် အလိုက် ရမှတ် ၁၀၀ မှ ၈၀ မှတ်ကို အေအဆင့် (GradeA)၊ ရမှတ် ၇၉ မှ ၆၀ မှတ် ကို ဘီအဆင့်(Grade B) ၊ ရမှတ် ၆၉ မှ ၄၀ မှတ်ကို စီအဆင့် (Grade C) နှင့် ရမှတ် ၃၉ မှတ် အောက်ကို ဒီအဆင့် (Grade D) ကျရှုံးအဖြစ် သတ်မှတ်၍ အောင် စာရင်း ထုတ်ပြန်ပေးမည်ဖြစ် သည်။

ကျရှုံးခဲ့သော ကျောင်းသားများ ပြန်လည်ကုစားဖြေဆိုရမည့် စာမေးပွဲတွင် သက်ဆိုင်ရာဒေသ၏ ပညာရေး အဆင့်နှင့်လိုက်လျော ညီထွေမှုရှိသည့်မေးခွန်း၊ အမှတ်ပေးစည်းမျဉ်းများနှင့် စစ်ဆေးခဲ့ကြောင်း အဆိုပါ အဆင့်မြင့်အရာ ရှိက ဆက်လက်ပြောကြားသည်။

‘‘မေးခွန်းက လွယ်တယ်။နမူ နာမေးခွန်းရယ်၊ အရင်မေးထား တဲ့ မေးခွန်းကိုပဲ ပြန်မေးတာဆို တော့ အကုန် ဖြေနိုင်ခဲ့တယ်’’ဟု ကုစားစာမေးပွဲတွင် ပါဝင်ဖြေဆိုခဲ့သည့် ဗဟန်းမြို့နယ်မှ အဋ္ဌမတန်းကျောင်းသား မောင်ကောင်း စံကပြောသည်။

အဆိုပါပြန်လည်ကုစားစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် စတုတ္ထတန်းကျောင်းသား နှစ်သိန်း တစ်သောင်းကျော်နှင့် အဋ္ဌမတန်းကျောင်းသား နှစ်သိန်းငါးသောင်းကျော် ပြန်လည်ဖြေဆိုရမည် ဖြစ် သော်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့ ကြီးများရှိ ကျောင်းသား၊ ကျောင်းသူများသာ စိတ်ဝင် တစားပါဝင် ဖြေဆိုခဲ့ကြပြီး ဝေးလံသည့်မြို့ များနှင့် ကျေးလက်ဒေသအများ စုတွင် လာရောက်ဖြေဆိုသည့် ကျောင်းသား နည်းပါးခဲ့ ကြောင်း အဆိုပါဒေသများရှိ အခြေခံပညာ ကျောင်းမှ ဆရာများကဆိုသည်။

အစိုးရစစ်စာမေးပွဲစနစ်ဖြင့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင်  စတင်ဖြေဆိုခဲ့ရသည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စတုတ္ထတန်းအောင်စာရင်း အောင်ချက် ၇၅ ဒသမ၈၆ ရာခိုင်နှုန်းကျော်နှင့် အဋ္ဌမတန်း  အောင်စာရင်းအောင်ချက် ၅၄ ဒ သမ ၁၁ ရာခိုင်နှုန်းရှိကြောင်း အ ခြေခံပညာဦးစီးဌာနမှ သိရသည်။

7Day DAILY 

No comments:

Post a Comment