Wednesday 20 May 2015

အကြွေးလာတောင်းသည့် လူ ၁၅ ဦးခန့် ရပ်ကွက်အတွင်း ဓားဖြင့် ၀င်ရမ်းသည့်ကိစ္စ သက်ဆိုင်ရာရဲစခန်း မသိရှိခဲ့ဟုဆို

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အုန်းပင်စုအပိုင်တွင် မေလ ၁၅ ရက် ညနေက မြို့ခံသူဌေး တစ်ဦးထံ အကြွေးတောင်းရန် လူ၁၅ ဦးခန့်က ဓားများဖြင့် ရပ်ကွက်တွင်း ၀င်ရောက်ရမ်းကားခဲ့ပြီး ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ တွံတေး ရဲစခန်းက မသိရှိခဲ့ကြောင်း တာဝန်ကျရဲ အရာရှိက ပြောသည်။

လူမိုက်များ ဓားကိုင်ကာ ခြိမ်းခြောက်ခဲ့သည့် အုန်းပင်စုအပိုင်သည် တွံတေးမြို့မရဲစခန်းနှင့် လမ်းအနည်း ငယ်မျှသာ ကွာဝေးသော်လည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာအချို့ကဖော်ပြပြီးမှသာသိရှိခဲ့သည်။

‘‘ဒီနေ့အထိတော့ ဒီကိစ္စတွေ နဲ့ ပတ်သက်လို့လာပြီး တိုင်ထား တာလည်း မရှိပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဂျာနယ်တချို့မှာ ရေးတာတွေတော့တွေ့တယ်။ အခုဒီကိစ္စကိုလည်း လိုက်ပြီး စုံစမ်းနေပါတယ်’’ ဟု ၎င်းက ပြော သည်။ မြို့ခံသူဌေးတစ်ဦးထံတွင် အကြွေးတောင်းရာ မရရှိသောကြောင့် အကြွေးတောင်းသူက လူမိုက်များငှားပြီး အကြွေးတောင်း ခြင်းဖြစ်သည်ဟု အုန်းပင်စုအပိုင်၌ နေထိုင်သူမျက်မြင်အမျိုးသား တစ်ဦးက ပြောသည်။

‘‘သူတို့တွေက နဂိုကတည်းက ရန်ငြိုးရန်စတွေရှိတယ်လို့ကြားတယ်။ စီးပွားရေး သမားတွေဆိုတော့ ငွေကြေးကိစ္စတွေကြောင့် ထင်ပါတယ်။ ရပ်ကွက်ထဲက လူတွေကိုတော့ ခြိမ်းခြောက်တာတွေတော့ ရှိတယ်။ လူတွေက

လည်း ကြောက်တော့ ဘယ်သူမှဝင်မပြောရဲဘူး’’ဟု ရပ်ကွက်နေအမည်မဖော်လိုသူ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါလူမိုက်များမှာ ဆိုင် ကယ် ၁၀ စီးခန့်နှင့် ဓားများ ကိုယ် စီ ကိုင်ဆောင်ကာ ရပ်ကွက်အ တွင်း နေထိုင်သူများအား ကိုယ်နှင့် မဆိုင်လျှင် ကိုယ့်အိမ်ထဲမှာသာ နေထိုင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ သည်ဟု ရပ်ကွက်နေ ပြည်သူ အချို့ကပြောသည်။

‘‘ဒီလိုခေတ်မှာ ဒါမျိုးတွေလုပ်တာမသိဘူးဆိုတော့ ဘာပြောရမလဲ။ ဒီလူတွေကလည်းမတွေ့မချင်း နောက် တစ်ခါ လာမယ်ပြော သွားသေးတယ်။ ပြည်သူလူထု လုံခြုံရေးအတွက် ဘယ်သူ တွေကို ကျွန်တော်တို့တွေ အားကိုးရမလဲ’’ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။

အထက်ပါဖြစ်ပွားပုံကို သိရှိ နိုင်ရန် 7 Day Daily က အုန်းပင်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖုန်းမှာ ဆက်ပိတ် ထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တွံတေးမြို့မရဲစခန်းက မသိရှိ ကြောင်း ဖြေကြားခဲ့သော်လည်း ဖြစ်ပွားခဲ့ ပြီးနောက်ရက်များတွင် အကြွေးတောင်းခံရသည့် နေအိမ်အနီးလက်နက်ကိုင်ဆောင်ထားသည့် ရဲဝန် ထမ်းများ သုံးရက်ခန့် လုံခြုံရေးရယူခဲ့ကြောင်း၊ ထိုနေ့ကဓားကိုင် သောင်းကျန်သူများမှာ ဆိုင်ကယ်များနှင့် မြို့ထဲတွင် လှည့်လည်သွားလာခဲ့ကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment